နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး လူစားဝင် ကစားသမား – မီခဲလ် မာရီနို

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စပိန် အသင်း အတွက် အရေးပါတဲ့ ပွဲသိမ်းဂိုးတွေကို လူစားဝင် မီခဲလ် မာရီနို ကတော့ ပွဲရလဒ်ကို ဘယ်လောက်အထိ အလှည့်အပြောင်းလုပ်နိုင်သလဲဆိုတာ ထပ်ပြီး သက်သေပြထားနိုင်ပြန်ပါပြီ။

ကစားသမား အများစု အတွက်တော့ မိမိနိုင်ငံကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးမယ့် ပွဲသိမ်းဂိုးမျိုး သွင်းယူနိုင်တာဟာ ကစားသမားဘဝရဲ့ အမြင့်မားဆုံး မှတ်တိုင်တစ်ခု ဖြစ်ပါလိမ့်မယ်။ နိုင်ငံ့ သူရဲကောင်း ဖြစ်လာဖို့ လူတိုင်း အိမ်မက်မက်ကြပေမဲ့ တကယ်တမ်း လက်တွေ့လုပ်ပြနိုင်သူ ကတော့ အနည်းငယ်ပဲ ရှိတာပါ။ ဒါပေမယ့် မာရီနို အတွက် ကတော့ ဒီလို ဖိအားများတဲ့ အရေးကြီး အခိုက်အတန့်တွေက အသစ်အဆန်း မဟုတ်တော့ပါဘူး။

ဘယ်လ်ဂျီယံနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်၊ ပွဲချိန် ၈၆ မိနစ် ရောက်တဲ့ အထိ ၁-၁ သရေကျနေချိန်မှာ စပိန်နည်းပြ လူးဝစ် ဒီလာဖွန်တေက အပြောင်းအလဲတစ်ခုခု လုပ်နိုင်ဖို့ မာရီနိုကို လူစားလဲပြီး ကွင်းထဲ ထည့်ခဲ့ပါတယ်။ ကွင်းထဲ ရောက်ပြီး ၁၁၅ စက္ကန့် (၂ မိနစ်တောင် မပြည့်ခင်) မှာတင် မာရီနိုဟာ စပိန် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီမတိုင်ခင် ရှုံးထွက်အဆင့် ပွဲစဉ်တုန်း ကလည်း ပေါ်တူဂီ အသင်းကို ပြိုင်ပွဲကနေ နှုတ်ဆက်စေခဲ့တဲ့ ပွဲချိန် ၉၁ မိနစ်က ပွဲသိမ်းဂိုးကို သွင်းဖို့ သူ လူစားဝင်ပြီး ၅ မိနစ်ကျော်ပဲ အချိန်ယူခဲ့ရတာပါ။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် မာရီနိုကို “အကြပ်အတည်း ရောက်နေချိန်မှာ အားကိုးရသူ” လို့ သတ်မှတ်ရမှာပါ။ သူဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ရှုံးထွက်အဆင့် ပွဲစဉ် နှစ်ပွဲမှာ လူစားဝင် ကစားသမား အဖြစ်နဲ့ အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့သလို၊ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မိနစ် ၈၀ နောက်ပိုင်း ပွဲသိမ်းဂိုး ၂ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး စပိန် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။

အခု ၂၀၂၆ ကမ္ဘာ့ဖလားမှာ မာရီနို သွင်းယူခဲ့တဲ့ ဂိုးတွေဟာ ဂိုးပေါက် ကန်သွင်းခွင့် ၄ ကြိမ် ကနေ ရရှိခဲ့တာ ဖြစ်လို့ ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း ၅၀% အထိ ရှိပြီး အလွန်အမင်း ထိရောက်မှုရှိတာကို ပြသနေပါတယ်။ ဒါ့အပြင် ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံးထိချက် ၃.၅ ကြိမ်မှာ ၁ ဂိုးနှုန်း သွင်းယူနေတာ ဖြစ်လို့ ၂ ဂိုးနဲ့ အထက် သွင်းယူထားတဲ့ ကစားသမားတွေထဲမှာ ၁၁ ကြိမ်မြောက် အကောင်းဆုံးနှုန်းလည်း ဖြစ်ပါတယ်။

သူ့ရဲ့ နိုင်ငံတကာ ပွဲစဉ်တွေမှာ အရေးကြီးတဲ့ နောက်ဆုံး မိနစ် ပွဲသိမ်းဂိုးတွေ သွင်းယူတတ်တဲ့ သမိုင်းကြောင်းက အရင်ကတည်းက ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်တုန်း ကလည်း အိမ်ရှင် ဂျာမနီနဲ့ ပွဲမှာ ပွဲချိန် ၁၁၉ မိနစ် ရောက်မှ ခေါင်းတိုက် အနိုင်ဂိုး သွင်းယူပြီး စပိန်ကို ဆီမီးဖိုင်နယ် ပို့ပေးခဲ့ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ စပိန်ကပဲ ချန်ပီယံ ဖြစ်သွားခဲ့တာပါ။ ဒါတင်မကသေးဘဲ ၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ်တုန်း ကလည်း နယ်သာလန်နဲ့ ပွဲမှာ လူစားဝင်ပြီး မိနစ်ပိုင်း အတွင်း နာကျင် အချိန်ပိုဂိုး သွင်းယူပေးခဲ့လို့ စပိန် အသင်း ၂-၂ သရေ ရလဒ်နဲ့ အသက်ရှူချောင်ခဲ့ရပါသေးတယ်။

ကမ္ဘာ့ဖလားနဲ့ ယူရိုလို နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ လူစားဝင်ကစားသမား အဖြစ် မာရီနို သွင်းယူထားတဲ့ သွင်းဂိုး ၃ ဂိုးဟာ အဲလ်ဗာရို မိုရာတာနဲ့ တူညီနေပြီး စပိန် အသင်း သမိုင်းမှာ သူ့ထက် ပိုသွင်းနိုင်တဲ့သူ မရှိသေးပါဘူး။ ပွဲကစားရတာ အစီအစဉ်အတိုင်း ဖြစ်မလာတဲ့အခါ အားကိုးတကြီးနဲ့ လူစားလဲ အသုံးပြုနိုင်မယ့်၊ ပွဲအလှည့်အပြောင်း လုပ်ပေးနိုင်မယ့် ကစားသမား တစ်ယောက် ရှိနေတာဟာ နည်းပြတိုင်းရဲ့ အိပ်မက်ပါပဲ။ နည်းပြ ဒီလာဖွန်တေက မာရီနိုကို ဘာကြောင့် ဒီလောက်အထိ သဘောကျနေရသလဲ ဆိုတာ ဒါက သက်သေပါပဲ။

ဘယ်လ်ဂျီယံနဲ့ ပွဲအပြီးမှာ နည်းပြက “ မာရီနိုမှာ အရည်အသွေးတွေ အများကြီးရှိပါတယ်။ သူဟာ ဘယ်နိုင်ငံ အသင်း၊ ဘယ်ကလပ်မှာ မဆို ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ကျွန်တော်တို့ အသင်းရဲ့ ကစားကွက် ပုံစံနဲ့တော့ ကွက်တိပါပဲ။ ကျွန်တော်တို့ လိုအပ်တဲ့ အချိန်တိုင်းမှာ သူ အမြဲတမ်း အသင့်ရှိနေပေးတတ်တယ်။ ပွဲအတွင်း တစ်ချိန်တုန်းက သူ့ကို တိုက်စစ်မှူး အဖြစ် သုံးဖို့တောင် စဉ်းစားခဲ့သေးတယ်။ အခြေအနေ အလှည့်အပြောင်း တစ်ခု လုပ်ဖို့ လိုအပ်မယ်လို့ မြင်ခဲ့ပြီး အခုတော့ အရာရာ အဆင်ပြေသွားခဲ့ပါပြီ။ မာရီနိုကို ပွဲထွက်လူစာရင်းမှာ မထည့်တာ မတရားဘူးလို့ ထင်ရပေမယ့် တခြားသူ တစ်ယောက်ယောက်ကို ချန်ထားခဲ့ရင်လည်း မတရားသလို ဖြစ်နေမှာပါ။ ပွဲထွက်ကစားသမား ၁၁ ယောက်ပဲ သုံးလို့ရတာကို ကစားသမားတွေက နားလည်ကြပါတယ်။ ကွင်းထဲ ဝင်သွားတဲ့အချိန်မှာ သူတို့ ဘာလုပ်ရမလဲ ဆိုတာ သေချာသိကြလို့ သူတို့ရဲ့ နည်းပြ ဖြစ်ရတာ ကျွန်တော့် အတွက် ဂုဏ်ယူစရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မာရီနိုရဲ့ ထိရောက်မှုဟာ ကမ္ဘာ့အဆင့် ကစားသမားကြီးတွေနဲ့ ရင်ပေါင်တန်းနေပါတယ်။ သူဟာ မိနစ် ၉၀ ကစားချိန်မှာ သွင်းဂိုး ၁.၃၂ ဂိုးနှုန်း ရရှိထားပြီး ကွာတားဖိုင်နယ် အထိ ရောက်လာတဲ့ ကစားသမားတွေထဲမှာ ပဉ္စမမြောက် အမြင့်ဆုံးနှုန်း ဖြစ်ပါတယ်။ သူ့ထက် သွင်းဂိုးနှုန်း ပိုများတာဆိုလို့ ကီလီယန် ဘာပေး (၁.၃၉)၊ လီယွန်နယ် မက်ဆီ (၁.၃၆)၊ အာလင်း ဟာလန်းနဲ့ ဂျိုဟန် မန်ဇမ်ဘီ (နှစ်ဦးစလုံး ၁.၃၅ ဂိုးနှုန်း) တို့ပဲ ရှိတာကြောင့် အကောင်းဆုံး ကစားသမားတွေရဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။

ဆီမီးဖိုင်နယ်မှာ အင်အားကြီး ပြင်သစ် အသင်းနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့ ယှဉ်ပြိုင်ရတော့မယ့် စပိန် အတွက်တော့ မာရီနိုရဲ့ ဒီလို အရည်အချင်းတွေက ဘယ်အချိန်ထက်မဆို ပိုပြီး အရေးကြီးနေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား နောက်ဆုံး ၂ ပွဲဆက် လူစားဝင်ပြီး ဂိုးသွင်းထားတဲ့ မာရီနို

ဒီလို နေရာစုံ ကစားနိုင်တဲ့ ကွင်းလယ်လူ-တိုက်စစ် ကစားသမား မာရီနိုဟာ နိုင်ငံတကာပွဲတွေ မှာပဲ တောက်ပနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အာဆင်နယ် ပရိသတ်တွေ ကလည်း ကောင်းကောင်းကြီး သိထားကြပါတယ်။

၂၀၂၄ အောက်တိုဘာလက အာဆင်နယ် အသင်း အတွက် ပထမဆုံး ပွဲထွက် ကစားပေးပြီးကတည်းက မာရီနိုဟာ ပြိုင်ပွဲစုံမှာ ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ၄ ဂိုး ကတော့ လူစားဝင် ကစားသမား အဖြစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းမှာ သွင်းဂိုး ၃ ဂိုးထက်မက သွင်းယူထားတဲ့ ကစားသမားတွေထဲမှာ အီသန် နွမ်နရီ (၃၇.၅%) နဲ့ ကိုင် ဟာဗက်ဇ် (၂၉.၄%) တို့ပြီးရင် မာရီနိုက လူစားဝင် သွင်းဂိုးရာခိုင်နှုန်း အများဆုံး ဖြစ်ပါတယ်။

ပြီးတော့ မာရီနို သွင်းတဲ့ဂိုးတွေဟာ အပိုဂိုးတွေ မဟုတ်ဘဲ တကယ့်ကို အဖိုးတန်ဂိုးတွေချည်းပါပဲ။ သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုးထဲက ၁၀ ဂိုးဟာ ပွဲရဲ့ အခြေအနေကို ပြောင်းလဲပေးခဲ့တဲ့ ဂိုးတွေ (ဥပမာ- ရှုံးနေရာကနေ သရေဖြစ်စေတဲ့ ဂိုး သို့မဟုတ် သရေကျနေရာ ကနေ အနိုင်ရစေတဲ့ ဂိုး) ဖြစ်ပါတယ်။ ပွဲရလဒ်ကို မပြောင်းလဲနိုင်ခဲ့တဲ့ တစ်လုံးတည်းသော ဂိုးကတော့ ၂၀၂၅ ဖေဖော်ဝါရီတုန်းက လက်စတာစီးတီးကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာ သွင်းခဲ့တဲ့ ဒုတိယဂိုးပါ။ ဒါပေမယ့် အဲဒီပွဲရဲ့ ပထမဦးဆောင်ဂိုးကို သွင်းပေးခဲ့တာ ကလည်း စူပါ လူစားဝင် မာရီနို ကိုယ်တိုင်ပါပဲ။

တကယ်တော့ နည်းပြ မီခဲလ် အာတေးတားက မာရီနိုကို ဘောလုံးလုယူနိုင်စွမ်း ရှိတဲ့ ကွင်းလယ်လူ တစ်ယောက် အနေနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၃-၂၄ ရာသီက ရီးရဲလ် ဆိုစီဒက် အသင်းမှာ ကစားစဉ်တုန်းက ဥရောပရဲ့ ထိပ်သီး လိဂ်ငါးခုမှာ ပြိုင်ဘက်ဆီက ဘောလုံးလုယူမှု ၃၂၆ ကြိမ် အထိ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့လို့ ဒုတိယနေရာက ဘရူနို ဂီမာရေးစ် (၂၈၆ ကြိမ်) ထက် အကြိမ် ၄၀ အထိ ပိုများပြီး ဥရောပမှာ အများဆုံး ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ကို မပြောင်းခင် အဲဒီရာသီမှာပဲ သူဟာ လေထဲက ဘောလုံးလုယူမှု (Aerial duels) ၂၇၈ ကြိမ်အထိ အောင်မြင်ခဲ့လို့ ဥရောပရဲ့ ထိပ်သီးလိဂ် ၅ ခုထဲက ကွင်းလယ်လူတွေထဲမှာ အများဆုံး ဖြစ်ခဲ့ပြီး ဒုတိယရခဲ့တဲ့ တိုမတ်စ် ဆိုချက် (၁၈၉ ကြိမ်) ထက် အများကြီး သာလွန်ခဲ့ပါတယ်။ ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့ လက်စတာနဲ့ ပွဲစဉ်မှာတင် နည်းပြ အာတေးတားဟာ တိုက်စစ်မှူး ဒဏ်ရာရတဲ့ အကြပ်အတည်းနဲ့ ကြုံခဲ့ရလို့ မာရီနိုကို နံပါတ် ၉ တိုက်စစ်မှူး အဖြစ် အရေးပေါ် ပြောင်းလဲ အသုံးပြုခဲ့ရာ ကနေ အခုလို သမိုင်းသစ်တွေ ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပွဲစဉ်တွေ မှာလည်း မာရီနိုဟာ အာဆင်နယ် အတွက် ရှေ့တန်း တိုက်စစ်မှာ ၇ ကြိမ် ကစားပေးခဲ့ပြီး ၄ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ အဲဒီအထဲမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ပွဲက အကွက်မြင်မြင်နဲ့ ပထမအကြိမ် ထိချက်နဲ့တင် ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးလည်း အပါအဝင် ဖြစ်ပါတယ်။

သူ့ရဲ့ ကွင်းလယ်မှာ ဘောလုံးလုယူနိုင်စွမ်းတဲ့ အရည်အသွေးတွေ အပြင်၊ ပွဲပြီးခါနီး နောက်ဆုံး မိနစ်တွေမှာ ရလဒ်ကို ပြောင်းလဲပေးနိုင်တဲ့ သွင်းဂိုးတွေ သွင်းယူနိုင်စွမ်းကတော့ နည်းပြတွေ အတွက် မျက်ကွယ်ပြုထားဖို့ မဖြစ်နိုင်လောက်အောင် ထူးခြားလွန်းလှပါတယ်။ ခုလို မာရီနိုကို လူစားဝင် တိုက်စစ်မှူး အဖြစ် အားကိုးတကြီး သုံးနိုင်နေတာကြောင့် စပိန် အသင်းဟာ ပွဲတိုင်းမှာ အကောင်းဆုံး ပုံစံ မပြနိုင်ရင်တောင် ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်နေဦးမှာပါ။ ဆီမီးဖိုင်နယ်မှာ အင်အားကြီး ပြင်သစ် အသင်းနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့ ယှဉ်ပြိုင်ရတော့မယ့် စပိန် အတွက်တော့ မာရီနိုရဲ့ ဒီလို အရည်အချင်းတွေက ဘယ်အချိန်ထက်မဆို ပိုပြီး အရေးကြီးနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်