နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးတွေနဲ့ နော်ဝေကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် ရောက်သွားတဲ့ အင်္ဂလန် | ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အင်္ဂလန် အသင်း ဟာ နောက်တစ်ကြိမ် နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ပြောင်မြောက်တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။

ဒီပွဲမှာ အင်္ဂလန်ကို ကယ်တင်ခဲ့သူ ကတော့ ထုံးစံအတိုင်း ကွင်းလယ်လူ ဘယ်လင်ဟမ်ပါပဲ။ သူဟာ နော်ဝေ အတွက် အန်ဒရီယာ့စ် ရှဲလ်ဒီရပ်ပ် သွင်းခဲ့တဲ့ ဦးဆောင်ဂိုးကို ပထမပိုင်းမှာတင် ချေပပေးခဲ့သလို၊ အချိန်ပို ရောက်လို့ ၉၃ မိနစ်မှာပဲ အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဒါကြောင့် အင်္ဂလန်ဟာ အတ္တလန္တာမှာ ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အာဂျင်တီးနား အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် ထိန်းကစားခဲ့ကြပြီး ဟယ်ရီကိန်းရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။ အဲဒီနောက် ဂျွန် စတုန်းစ်ရဲ့ ပေါ့ဆတဲ့ ပေးပို့မှုကြောင့် အာလင်း ဟာလန်း ရှေ့ ဘောလုံးကျသွားလို့ အင်္ဂလန်တို့ စိုးရိမ်ခဲ့ရသေးပေမယ့် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်က အချိန်မီ ထွက်ရှင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်ရဲ့ အမှားက နော်ဝေကို အရှိန်တက်သွားစေခဲ့ပြီး ပွဲမိနစ် ၃၆ မှာ ရှဲလ်ဒီရပ်ပ်က ဘယ်တောင်ပံ ကနေ ဖြတ်တင်သလိုလိုနဲ့ ကန်လိုက်ရာ ကနေ ဘောလုံးက တိုင်အတွင်း ဘက်ကို ထိပြီး ဂိုးထဲ ဝင်သွားခဲ့ပါတယ်။

အင်္ဂလန်တို့ ဂိုးပေးလိုက်ရပြီးနောက် ဘယ်လင်ဟမ်က အသင်းကို ပြန်ဆွဲတင်ခဲ့ပါတယ်။ ပထမပိုင်း အချိန်ပို ၂ မိနစ်မှာ ဘယ်လင်ဟမ်က နော်ဝေ နောက်ခံလူ တော်ဂျွန် ဟက်ဂန်ကို ကျော်ဖြတ်ပြီး ဂိုးရဲ့ အောက်ခြေ ညာဘက်ထောင့်ထဲကို အပိုင်ကန်သွင်းကာ ချေပဂိုး ယူပေးခဲ့ပါတယ်။ အဲဒီနောက် ၂ မိနစ် အကြာမှာပဲ ဟယ်ရီကိန်းက နီလန်းကို ကျော်ပြီး လှလှပပ ဂိုးသွင်းခဲ့သေးပေမယ့် VAR ပြန်ကြည့်ရာမှာ လူကျွံနေလို့ ဂိုးအဖြစ် မရခဲ့ပါဘူး။

ဒုတိယပိုင်း မှာတော့ ဟာလန်းရဲ့ ခေါင်းတိုက်ချက်ကို ပစ်ခ်ဖို့ဒ် ပုတ်ထုတ်ခဲ့ရပြီး အဲဒီက ရရှိတဲ့ ထောင့်ကန်ဘော ကနေ နော်ဝေတို့ ဂိုးထပ်သွင်းခဲ့ပါသေးတယ်။ ပတ်ထရစ် ဘာ့ဂျ်ရဲ့ ကန်ချက် လျှံထွက်လာတာကို ဟက်ဂန်က ဂိုးထဲ ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် VAR ပြန်ကြည့်တဲ့ အခါ ဘောလုံးမလာခင် ဟာလန်းက အင်္ဂလန် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို တွန်းခဲ့တာ တွေ့ရလို့ ဖောက်ဖျက်ကျူးလွန်မှုအဖြစ် သတ်မှတ်ပြီး ဂိုးအဖြစ် ခွင့်မပြုခဲ့ပါဘူး။ နော်ဝေတို့ ထောင့်ကန်ဘောတွေ ကနေ ဆက်တိုက် ခြိမ်းခြောက်နိုင်ခဲ့ပြီး ခရစ္စတိုဖာ အာဂျာရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားတန်း ထိသွားခဲ့ပါသေးတယ်။

အချိန်ပို မှာတော့ အင်္ဂလန်တို့ ပွဲကို မြန်မြန်ဆန်ဆန် စတင်ခဲ့ပြီး မော်ဂန် ရော်ဂျာစ်ရဲ့ အဝေး ကန်ချက်ကို နော်ဝေ ဂိုးသမား ဖမ်းချက်မမိဘဲ လျှံထွက်လာရာမှာ ဘယ်လင်ဟမ်က အမြန်ဆုံး ပြေးပိတ်ပြီး ပွဲချိန် ၉၃ မိနစ် မှာ အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အင်္ဂလန် ပင်နယ်တီရမလို ဖြစ်ခဲ့ပေမယ့် ပြန်လည် ပယ်ဖျက်ခဲ့ရသလို၊ နော်ဝေ နည်းပြက အချိန်ပို ပထမပိုင်းအပြီးမှာ ဟာလန်းကို လူစားလဲပစ်ခဲ့လို့ မိုင်ယာမီကွင်းကြီး တစ်ခုလုံး အံ့အားသင့်သွားခဲ့ရပါတယ်။ အင်္ဂလန်တို့ ဂိုးရဖို့ ဆက်ကြိုးစားခဲ့ပြီး ဆာကာရဲ့ အပိုင်ကန်ချက်ကို နော်ဝေ ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ အင်္ဂလန်တို့ ဒီရလဒ်နဲ့တင် ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့ပါတယ်။

 

မိုင်ယာမီမှာ ခြေစွမ်းပြခဲ့တဲ့ ဘယ်လင်ဟမ်

သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပင်နယ်တီ မပါဝင်ဘဲ သွင်းဂိုး ၆ ဂိုးအထိ ရှိလာခဲ့ပြီး ဒါဟာ ၁၉၈၆ တုန်းက ဂယ်ရီ လိုင်နီကာ တင်ထားတဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါပြီ။
ခြေစွမ်းမကောင်းပေမယ့်လည်း ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားတဲ့ ဘယ်လင်ဟမ်

ဒီပွဲဟာ ပထမပိုင်း မိနစ် ၂၉ ရောက်မှ ဟာရီကိန်းရဲ့ ပထမဆုံး ကန်ချက် ထွက်ပေါ်ခဲ့တာဖြစ်လို့ ယခုနှစ် ကမ္ဘာ့ဖလားမှာ ပထမဆုံး ဂိုးကန်ချက် ထွက်ပေါ်ဖို့ အကြာဆုံးပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လင်ဟမ် အတွက်တော့ ဒီပွဲဟာ မှတ်တမ်းကောင်းတွေ ထပ်တိုးခဲ့တဲ့ ပွဲပါ။ သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပင်နယ်တီ မပါဝင်ဘဲ သွင်းဂိုး ၆ ဂိုးအထိ ရှိလာခဲ့ပြီး ဒါဟာ ၁၉၈ ၆ တုန်းက ဂယ်ရီ လိုင်နီကာ တင်ထားတဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါပြီ။ လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အဓိက ပြိုင်ပွဲကြီးတွေမှာ ဂိုးပါဝင် ပတ်သက်မှု အများဆုံး စံချိန် မှာလည်း ဘယ်လင်ဟမ် (၉ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီး၊ စုစုပေါင်း ၁၂ ဂိုး) ဟာ ဟယ်ရီကိန်း (၂၅ ဂိုး) နဲ့ ဒေးဗစ် ဘက်ခမ်း (၁၄ ဂိုး) တို့ပြီးရင် တတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ၁၉၈၆ က မာရာဒိုနာ နောက်ပိုင်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ၂ ပွဲ ဆက်တိုက် ၂ ဂိုးနဲ့ အထက် သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့သလို၊ ၁၉၅၈ က ပီလီ (အသက် ၁၇ နှစ်) ပြီးရင် အသက် ၂၃ နှစ် ၁၂ ရက်နဲ့ ဒီလိုစံချိန်မျိုး လုပ်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ အင်္ဂလန်အသင်းရဲ့ ကစားပုံဟာ အားရစရာ သိပ်မရှိဘဲ ဒုတိယပိုင်း ၄၅ မိနစ် အတွင်း ဂိုးမျှော်မှန်းချက် (xG) ၀.၀၉ သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ နော်ဝေ တိုက်စစ်မှူး ဟာလန်းကို ၂၀၂၄ အောက်တိုဘာ (လွန်ခဲ့တဲ့ ၆၃၆ ရက်) နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ ဂိုးမသွင်းနိုင်အောင် ပိတ်ဆို့နိုင်ခဲ့တဲ့ အချက် ကတော့ ချီးကျူးစရာပါ။

နောက်ဆုံး အနေနဲ့ အင်္ဂလန် အသင်းရဲ့ မှတ်တမ်းကောင်းတွေ ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်ဟာ အင်္ဂလန် ကစားသမားတွေထဲမှာ ကမ္ဘာ့ဖလား ပွဲစဉ် အများဆုံး (၁၈ ပွဲ) ကစားသမား ဖြစ်လာခဲ့သလို၊ ဟယ်ရီကိန်း ကလည်း လက်ရွေးစင် အသင်း အတွက် ၁၂၀ ပွဲမြောက် ကစားပေးခဲ့လို့ ဝိန်း ရွန်နီနဲ့ တူညီသွားပြီး ပီတာ ရှီလ်တန် (၁၂၅ ပွဲ) ပြီးရင် ဒုတိယမြောက် ပွဲအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်