စပိန် – ဘယ်လ်ဂျီယံ
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် သိမ်းပိုက်ဖို့ ပစ်မှတ်ထားနေတဲ့ စပိန် အသင်းဟာ အမြဲတမ်းလိုလို ဗိုလ်လုပွဲနဲ့ လွဲချော်တတ်တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့မှာ ယှဉ်ပြိုင်မယ့် ဒီဥရောပ ထိပ်သီး နှစ်သင်းရဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းဟာ ဆီမီးဖိုင်နယ်မှာ ပြင်သစ် ဒါမှမဟုတ် မော်ရိုကို အသင်းနဲ့ တွေ့ဆုံရမှာပါ။
စပိန်
တောင်အာဖရိကမြေမှာ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၁၆ နှစ် အကြာ မှာတော့ စပိန် အသင်းဟာ ကမ္ဘာ့ချန်ပီယံ အိပ်မက် အတွက် ၃ ပွဲအကွာကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ဒီနွေရာသီမှာ နည်းပြ လူးဝစ် ဒီလာဖွန်တေးရဲ့ စပိန် အသင်းဟာ အုပ်စု (H) မှာ ဗိုလ်စွဲခဲ့သလို၊ ရှုံးထွက် ပထမအဆင့်မှာ ဩစတြီးယားကို
အေးအေးလူလူ ကျော်ဖြတ်ပြီး၊ ၁၆ သင်း အဆင့် မှာတော့ အဆင်မြင့် ပြိုင်ဘက် ပေါ်တူဂီနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် နေးရှင်းလိဂ် ဗိုလ်လုပွဲတုန်းက ပေါ်တူဂီကို ရှုံးနိမ့်ခဲ့ဖူးပေမယ့် အခု အရေးကြီးတဲ့ပွဲ မှာတော့ အာဆင်နယ် ကွင်းလယ်လူ မီခဲလ် မာရီနိုရဲ့ ပွဲချိန် နှောင်းပိုင်း သွင်းဂိုးနဲ့အတူ စပိန် ကပဲ ကပ်နိုင်ပြီး ကွာတားဖိုင်နယ် တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ စပိန် အသင်း အတွက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဖြစ်ပါတယ်။ အရင်က ပထမဆုံး ၄ ကြိမ်စလုံးမှာ ကွာတားဖိုင်နယ် ကနေ လှည့်ပြန်ခဲ့ရဖူးပေမယ့် ၂၀၁၀ ပြည့်နှစ် မှာတော့ ပါရာဂွေးကို ကျော်ဖြတ်ပြီး ချန်ပီယံဖလား ကိုပါ အရယူနိုင်ခဲ့တာပါ။ စပိန်ရဲ့ အဓိက အားသာချက်က ခံစစ်ပိုင်း ကျောက်ဆောင်လို ခိုင်မာနေတာ ဖြစ်ပါတယ်။ သူတို့ဟာ အခုပြိုင်ပွဲမှာ တစ်ဂိုးမှ မပေးရသေးတဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ၆ ပွဲ ဆက်တိုက် ဂိုးမပေးရဘဲ Clean Sheet ရယူနိုင်ခဲ့တဲ့ စံချိန်သစ် ကိုလည်း တင်ထားပါတယ်။ ဒါဟာ ဘောလုံးပွဲ ကစားချိန် နာရီပေါင်း ၁၀ နာရီကျော် အထိ ဂိုးမပေးရဘဲ ထိန်းထားနိုင်ခဲ့တာပါ။ ဒါ့အပြင် နည်းပြ ဒီလာဖွန်တေး လက်အောက်မှာ လက်ရှိ ဥရောပချန်ပီယံ စပိန်အသင်းဟာ အဓိက ရှုံးထွက် ၆ ပွဲစလုံးမှာ အနိုင်ရထားတာကြောင့် သူတို့ကို တားဆီးဖို့ ကတော့ တကယ့်ကို ခက်ခဲပါလိမ့်မယ်။
ဘယ်လ်ဂျီယံ
ဘယ်လ်ဂျီယံ အသင်း ကတော့ အရင်က ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ၃ ကြိမ် ရောက်ဖူးရာမှာ ၂ ကြိမ် အထိ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့ဖူးပါတယ်။ အထူးသဖြင့် အခုပွဲမှာ သူတို့ဟာ ၁၉၈၆ ခုနှစ်တုန်းက စပိန်ကို ကွာတားဖိုင်နယ် မှာပဲ ဖြုတ်ချခဲ့တဲ့ ၎င်းတို့ရဲ့ ရွှေရောင်မျိုးဆက်ဟောင်း စံချိန်ကို ပြန်လည် အတုယူဖို့ ကြိုးစားလာမှာပါ။
ဒီနှစ်ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံဟာ ကစားပုံ သိပ်မကောင်းခဲ့ပေမယ့် အုပ်စု (G) ရဲ့ ပထမနေရာကို ရယူနိုင်ခဲ့ပြီး ၃၂ သင်း အဆင့် မှာတော့ ဆီနီဂေါကို ၃-၂ နဲ့ အသည်းယားစရာ အနိုင်ယူခဲ့တာပါ။ ပင်နယ်တီ အဆုံးအဖြတ် ခံယူရတော့မယ့်ဆဲဆဲမှာ အသင်းခေါင်းဆောင် ယူရီ တေးလီမန့်စ်က ကမ္ဘာ့ဖလားသမိုင်းမှာ အချိန်အနောက်ကျဆုံး သွင်းဂိုးကို သွင်းယူပေးခဲ့လို့ ဆီအက်တဲလ်မြို့မှာ အိမ်ရှင် အမေရိကန် အသင်းနဲ့ ပွဲကြီးပွဲကောင်း ကစားခွင့်ရခဲ့ပါတယ်။

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘယ်လ်ဂျီယံရဲ့ ပြင်သစ် လူမျိုး နည်းပြ ရူဒီ ဂါစီယာဟာ အမေရိကန်နဲ့ ပွဲမှာ ကီဗင် ဒီဘရွန်းနား၊ ဂျရယ်မီ ဒိုကု နဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး ရိုမယ်လူ လူကာကူ တို့ကို အရန်ခုံမှာပဲ ထားခဲ့တဲ့ စွန့်စားမှုကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စွန့်စားမှုက အောင်မြင်ခဲ့ပြီး ၄-၁ ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ နိုင်ပွဲရခဲ့ပါတယ်။ ချားလ်စ် ဒီ ကီတီလဲယာက ၂ ဂိုးသွင်းခဲ့သလို၊ ဟန်းစ် ဗာနာကန်က တတိယဂိုး သွင်းခဲ့တာပါ။ ပွဲနှောင်းပိုင်းမှ လူစားဝင်လာတဲ့ လူကာကူ ကလည်း ၃ ပွဲဆက်တိုက် အရန်ခုကနေ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
ပွဲမတိုင်ခင်တုန်းက ဖိုလာရင် ဘယ်လိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ် ဆိုင်းငံ့မှု ပြဿနာကြောင့် ဂယက်ရိုက်ခဲ့ပေမယ့်၊ နည်းပြ ဂါစီယာရဲ့ အသင်း ကတော့ အိမ်ရှင် အမေရိကန်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးပြီး သူတို့ရဲ့ ပျမ်းမျှတစ်ပွဲ ၂.၅ ဂိုးသွင်းနှုန်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ အသင်း အခုလို ပြန်လည် ဦးမော့လာလိမ့်မယ်လို့ ခန့်မှန်းခဲ့သူ ရှားပါတယ်။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတုန်းက အုပ်စု အဆင့် ကနေ လှည့်ပြန်ခဲ့ရလို့ သူတို့ရဲ့ ‘ရွှေရောင်မျိုးဆက်’ သက်တမ်းကုန်ပြီလို့ အားလုံးက ထင်ခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန် မှာတော့ ဘယ်လ်ဂျီယံဟာ ၁၈ ပွဲ ဆက်တိုက် မရှုံးသေးတဲ့ မှတ်တမ်းကောင်းနဲ့ အတူ ဘောလုံးလောကရဲ့ အမြင့်ဆုံး ဆုဖလားကြီးကို သိမ်းပိုက်ဖို့ မျက်စိကျနေဆဲ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘယ်လ်ဂျီယံ ဘက်က အမာဒူ အိုနာနာ တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
စပိန် – ဆီမွန်၊ ပေါ်ရို၊ ကူဘာဆီ၊ လာပေါ့တ်၊ ကူကာရယ်လာ၊ ရိုဒရီ၊ ပက်ဒရီ၊ ယာမယ်၊ အော်လမို၊ ဘေနာ၊ အိုယာဇာဘယ်
ဘယ်လ်ဂျီယံ – ကော့တွာစ်၊ ကတ်စတန်ဂ်ညီ၊ အန်ဂွိုင်၊ မီချယ်လီ၊ ဒီကူ့ပါး၊ ဗနာကန်၊ တေးလီမန့်စ်၊ လူ့ခ်ဘာကီယို၊ ဒီဘရွန်းနား၊ ထရော့ဆက်ဒီ၊ ဒီ ကီတီလာယာထိပ်တိုက်တွေ့ဆု
မှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
သမိုင်းကြောင်းအရ ကြည့်ရင်လည်း စပိန် ဘက်က အသာစီးရနေပါတယ်။ ယူရို ၁၉၈၀ ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့ပြီး ကတည်းက နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၁ ပွဲမှာ စပိန်က ၉ ပွဲ အထိ နိုင်ထားတာပါ။ ဒါပေမယ့် သူတို့ နောက်ဆုံး တွေ့ခဲ့တာက လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် မှာတော့ တစ်ပွဲစီ အနိုင်ရထားဖူးပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာ စပိန် နိုင်ရင် ၁.၆၆ ဆ၊ ဘယ်လ်ဂျီယံ နိုင်ရင် ၅ ဆ၊ သရေ ဆိုရင်တော့ ၃.၈၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ စပိန် ကတော့ ခြေစွမ်း အကောင်းကြီး မဟုတ်ပေမယ့် တည်တည်ငြိမ်ငြိမ်ပဲ ရှိနေဆဲပါ။ ဒါကို ပြီးခဲ့တဲ့ ပေါ်တူဂီနဲ့ ပွဲမှာ မြင်တွေ့ခဲ့ရပြီးပါပြီ။ ဘယ်လ်ဂျီယံက တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းတက်လာပေမယ့် တည်ငြိမ်မှု မရှိပါဘူး။ နောက်ပြီး ဒီနှစ်သင်းမှာ Talented players တွေ ပိုင်ဆိုင်မှုက အနည်းငယ် ကွာဟချက် ရှိသလို နည်းပြ နှစ်ဦး ကလည်း အနည်းငယ် ကွာဟချက် ရှိနေပါတယ်။ စပိန်ကိုပဲ ယုံကြည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
စပိန် ၁-၀ ဘယ်လ်ဂျီယံ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


