အာဂျင်တီးနား – အီဂျစ်
လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား အသင်းနဲ့ အီဂျစ် အသင်း တို့ဟာ Mercedes-Benz Stadiumမှာ ၁၆ သင်း အဆင့် ပွဲစဉ် အဖြစ် ထိပ်တိုက် ရင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဒါဟာ လီယွန်နယ် မက်ဆီနဲ့ မိုဟာမက် ဆာလာ တို့လို စူပါစတား နှစ်ဦးရဲ့ အားပြိုင်ပွဲ ဆိုရင်လည်း မမှားပါဘူး။
လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းဟာ ၃၂ သင်း အဆင့်တုန်းက ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံး အကြိမ် လာရောက် ယှဉ်ပြိုင်တဲ့ ကိပ်ဗာဒီ အသင်းကို အသည်းအသန် ကစားခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ အီဂျစ် အသင်း ကတော့ သြစတြေးလျ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကျော်ဖြတ်ကာ ဒီအဆင့်ကို တက်လှမ်းလာခဲ့တာပါ။
အာဂျင်တီးနား
တကယ်တော့ အာဂျင်တီးနားဟာ ကိပ်ဗာဒီကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာပါ။ ဇွဲကောင်းတဲ့ ကိပ်ဗာဒီ အသင်းဟာ နှစ်ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားပြီး အာဂျင်တီးနားကို အချိန်ပိုအထိ ဆွဲခေါ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အာဂျင်တီးနားတို့ ပြိုင်ဘက်ရဲ့ အမှားကြောင့် သက်သာရာရခဲ့ပြီး ပွဲချိန် ၁၁၁ မိနစ်မှာ ကိတ်ဗာဒီ နောက်ခံလူ ဒီယွန်နီ ဘော့ဂျက်စ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိမှုကြောင့် နည်းပြ စကာလိုနီရဲ့ အသင်းဟာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းခွင့် ရခဲ့ပါတယ်။ အဲဒီပွဲမှာ ကိတ်ဗာဒီ အသင်းဟာ အာဂျင်တီးနား ဂိုးပေါက်ကို ၁၆ ကြိမ်အထိ ကန်သွင်းပြီး ဒုက္ခပေးနိုင်ခဲ့ပေမယ့် မိနစ် ၁၂၀ ပြည့်တဲ့အခါမှာတော့ အာဂျင်တီးနားရဲ့ အတွေ့အကြုံရင့်ကျက်မှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် မိနစ် ၉၀ ကျော်လို့ အချိန်ပို ကစားရတဲ့ ပွဲစဉ်တွေမှာ အမြဲတမ်း ခြေစွမ်းပြလေ့ရှိပါတယ်။ သူတို့ဟာ အချိန်ပိုကစားခဲ့ရတဲ့ ကမ္ဘာ့ဖလား ၁၂ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရထားပြီး ပင်နယ်တီအဆုံးအဖြတ်မရောက်ခင် ၄ ပွဲနိုင်ကာ ပင်နယ်တီနဲ့ ၆ ပွဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃၂ သင်းအဆင့်ပွဲစဉ်ဟာ အာဂျင်တီးနား ပရိသတ်တွေအတွက် ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပေမယ့် လက်ရှိမှာတော့ အသင်းဟာ ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက် အနိုင်ရထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီနိုင်ပွဲတွေ အားလုံးမှာ အနည်းဆုံး ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပြီး အခုမြောက်အမေရိက ကမ္ဘာ့ဖလား ၄ ပွဲ အတွင်းမှာတင် သွင်းဂိုး ၁၁ ဂိုးအထိ ရှိနေပြီ ဖြစ်ပါတယ်။
တကယ်လို့သာ ချန်ပီယံ အာဂျင်တီးနားတို့ ဒီပွဲမှာ အီဂျစ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန် ဒါမှမဟုတ် ကိုလံဘီယာ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲ အထိ အနိုင်ရထားပြီး ၁၉၉၄ နဲ့ ၂၀၁၈ ပြိုင်ပွဲတွေ မှာပဲ ဒီအဆင့် ကနေ လှည့်ပြန်ခဲ့ရဖူးပါတယ်။
အီဂျစ်
တစ်ဖက် မှာတော့ ရှုံးထွက်အဆင့် အတွေ့အကြုံ နည်းပါးတဲ့ အီဂျစ် အသင်း အတွက် ဒါဟာ နှစ်ပေါင်း ၉၂ နှစ် အတွင်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်အသင်းဟာ အသင်းပေါင်း ၁၆ သင်းပဲ ပါဝင်ပြီး အုပ်စု အဆင့် မရှိဘဲ ရှုံးထွက်စနစ်နဲ့ တိုက်ရိုက် ကစားခဲ့တဲ့ ၁၉၃၄ ကမ္ဘာ့ဖလားတုန်းက ဒီအဆင့်ကို ရောက်ဖူးပေမယ့် အခုတစ်ကြိမ်မှာတော့ အုပ်စုအဆင့်ကို ဖြတ်ကျော်ပြီးမှ သမိုင်းဝင် တက်လှမ်းလာနိုင်ခဲ့တာပါ။
အီဂျစ် အသင်းဟာ ဩစတြေးလျ အသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် အထိ ကစားခဲ့ရပြီး ဆာလာရဲ့ ရဲရဲဝံ့ဝံ့ ကန်သွင်းခဲ့တဲ့ ပါနန်ကာ ပင်နယ်တီ အပါအဝင် ၅ ကြိမ်စလုံး ဂိုးဝင်အောင် ကန်နိုင်ခဲ့ပါတယ်။ ဩစတြေးလျ နောက်ခံလူတွေ ဖြစ်တဲ့ ဟာရီ ဆောက်တာနဲ့ လူကပ်စ် ဟာရင်တန်တို့ ကတော့ ဂိုးဘားပေါ် ကျော်ကန်ခဲ့လို့ အီဂျစ်တို့ နောက်တစ်ဆင့် တက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ပွဲရ အပြီးမှာ ဆာလာရဲ့ ဝမ်းသာမျက်ရည်တွေက အီဂျစ် အသင်း အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိလဲဆိုတာ သက်သေပြနေပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သူတို့ အနေနဲ့ ခံစားချက်တွေကို ဘေးဖယ်ထားပြီး လက်ရှိ ကမ္ဘာ့ ချန်ပီယံနဲ့ မရင်ဆိုင်ခင် အသင်းရဲ့ ခံစစ်ပိုင်းက အားနည်းချက်တွေကို အမြန်ဆုံး ပြင်ဆင်ရတော့မှာပါ။ နည်းပြ ဟော့ဆန် ဟတ်ဆန်ရဲ့ အသင်းဟာ အစောပိုင်းက ၃ ပွဲ ဆက်တိုက် ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံး ၆ ပွဲ ဆက်တိုက် မှာတော့ ပြိုင်ဘက်တွေကို ဂိုးတွေ ပြန်လည် ခွင့်ပြုထားရပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ အာဂျင်တီးနား ဘက်က နီကို ဂွန်ဇာလက်ဇ်နဲ့ မက်ဒီနာတို့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။ အီဂျစ် ဘက်မှာတော့ မိုဟာမက် အက်ဘ်ဒဲလ်မိုနမ်နဲ့ အဘူ အဲလ်ဖို့တာ့ တို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဂျင်တီးနား – အမ်မီ မာတီနက်ဇ်၊ မိုလီနာ၊ ရိုမီယို၊ လီဆန်ဒရို မာတီနက်ဇ်၊ မက်ဒီနာ၊ ဒီပေါလ်၊ ဖာနန်ဒက်ဇ်၊ မက် အယ်လစ္စတာ၊ မက်ဆီ၊ လော်တာရို မာတီနက်ဇ်
အီဂျစ် – ရှိုဘီယာ၊ ဟာနေ၊ ဖာသီ၊ အီဘရာဟင်မ်၊ ရာဘီယာ၊ အက်ရှ်ဝါ၊ လာရှင်း၊ အတီယာ၊ ဆာလာ၊ မာမွတ်ရှ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အီဂျစ် အသင်းဟာ အာဂျင်တီးနား အသင်းနဲ့ သမိုင်းတစ်လျှောက် ၂၀၀၈ ခုနှစ်က ခြေစမ်းပွဲ တစ်ကြိမ်ပဲ ဆုံတွေ့ဖူးပြီး အဲဒီတုန်းက ဆာဂျီယို အဂွဲရိုးနဲ့ နီကိုးလပ်စ် ဘာဒီဆို တို့ရဲ့ ဂိုးတွေကြောင့် အာဂျင်တီးနားက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲတုန်းက မက်ဆီဟာ ကြွက်သား ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် အခု အသက် ၃၉ နှစ် အရွယ် မှာတော့ ဆာလာနဲ့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲကြီးပွဲကောင်း အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဂျင်တီးနား နိုင်ရင် ၁.၃၇ ဆ၊ အီဂျစ် နိုင်ရင် ၉ ဆ၊ သရေ ဆိုရင်တော့ ၄.၄၈ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း အာဂျင်တီးနား ဘက်ကပဲ အပြတ်အသတ် ကြေးဖွင့်ပေးထားပါတယ်။ သေချာတာက အာဂျင်တီးနား အတွက် အီဂျစ်က ကစားရခက်တဲ့ အသင်း မဟုတ်ပါဘူး။ အီဂျစ်က ဆာလာကို အားကိုးရဦးမှာ ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းအရ အာဂျင်တီးနားနဲ့ အကွာကြီးပါ။ သူတို့ သူတို့တင် ယိုင်နဲ့နဲ့နဲ့ ဒီအဆင့်ကို ရောက်လာတာ ဖြစ်လို့ မျှော်လင့်ချင်စရာ ကောင်းမနေပါဘူး။ အာဂျင်တီးနားတို့ ကာဘို ဗာဒီနဲ့ ပွဲကလိုမျိုး ပြိုင်ဘက်ကို လျှော့မတွက်ဖို့တော့ လိုမှာ ဖြစ်ပြီး ပုံမှန်အတိုင်း ကစားနိုင်ရင်ကို ဂိုးပြတ် အနိုင်ရဖို့ မခက်ပါဘူး။
ခန့်မှန်းရလဒ်
အာဂျင်တီးနား ၃-၁ အီဂျစ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


