နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အင်တာမိုင်ယာမီနဲ့ ကက်စ်မဲရိုးရဲ့ အပြောင်းအရွှေ့ ထင်သလောက် ရိုးရှင်းရဲ့လား | မေဂျာလိဂ်

အမေရိကန် မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီဟာ ဘရာဇီးလ် ကွင်းလယ်လူ ကက်စ်မဲရိုးကို သူတို့ရဲ့ အထူးခြားဆုံး ကစားသမားသစ် အဖြစ် ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နာမည်ကျော် အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ အင်တာမိုင်ယာမီ အသင်းဟာ ဒီဝါရင့် ဘရာဇီးလ် ကွင်းလယ် ကစားသမားကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ကက်စ်မဲရိုးဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီတုန်းက ယူနိုက်တက် အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေက “နောက်ထပ် တစ်နှစ်လောက်တော့ နေပေးပါဦး ကက်ဆီ” လို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် ရိုမာနိုရဲ့ ထုတ်ပြန်ချက်အရ အသက် ၃၄ နှစ် အရွယ် ကွင်းလယ်လူဟာ တောင်ဖလော်ရီဒါမြေမှာ လီယွန်နယ် မက်ဆီတို့ အုပ်စုနဲ့ သွားရောက် ပူးပေါင်းဖို့ နှုတ်ကတိပြု သဘောတူညီခဲ့ပြီးပြီလို့ သိရပါတယ်။

လက်ရှိမှာ ကက်စ်မဲရိုးဟာ ဘရာဇီးလ် အသင်းနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလား ပထမဆုံး နှစ်ပွဲလုံးမှာ ပါဝင် ကစားပေးရင်း အမေရိကန်မြေကို ရောက်ရှိနေတာပါ။ အခုဆိုရင် အင်တာမိုင်ယာမီ ဘက်က တရားဝင် မကြေညာခင် စာချုပ်ပေါ် လက်မှတ် ရေးထိုးဖို့ပဲ လိုတော့တာ ဖြစ်ပေမယ့် အဓိက မေးခွန်းထုတ်စရာ တချို့တော့ ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိ မေဂျာလိဂ် ကလပ်က အသင်းမှာ လစာအများဆုံး ပေးရတဲ့ Designated Player (DP) နေရာ ၃ နေရာလုံး ပြည့်နေပါတယ်။ လက်ရှိ DP ကစားသမား တွေကတော့ မက်ဆီ၊ ဒီပေါလ်နဲ့ ဆောင်းရာသီကမှ ရောက်လာတဲ့ တိုက်စစ်မှူး ဟာမန် ဘာတာရေမီတို့ ဖြစ်ပါတယ်။ ဒါကြောင့် ကက်စ်မဲရိုး အနေနဲ့ အသင်းကို ရောက်လာရင် ယူနိုက်တက် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ် တို့မှာ ရခဲ့တဲ့ လစာထက် အများကြီး လျှော့ယူ ရဖို့ ရှိနေပါတယ်။ အကယ်၍ ဒီနွေရာသီမှာ လက်ရှိ DP သုံးယောက်ထဲက တစ်ယောက်ယောက် အသင်း ကနေ ထွက်ခွာမှသာ သူက လစာ အပြည့် ရမှာပါ။ မေဂျာလိဂ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဘာတာရေမီ အသင်းက ထွက်ခွာသွားနိုင်ချေ ရှိပေမယ့်လည်း လောလောဆယ် မှာတော့ အပြောင်းအလဲ မရှိသေးပါဘူး။

လက်ရှိ မေဂျာလိဂ် ကလပ်က အသင်းမှာ လစာအများဆုံး ပေးရတဲ့ Designated Player (DP) နေရာ ၃ နေရာလုံး ပြည့်နေပါတယ်။
လက်တလော ကမ္ဘာ့ဖလား ကိုပဲ အာရုံစိုက်နေတဲ့ ကက်စ်မဲရိုး

အကယ်၍ DP ကစားသမား သုံးယောက်လုံး အသင်းမှာ ဆက်ရှိနေမယ် ဆိုရင်တော့ မိုင်ယာမီ အသင်း အနေနဲ့ ကက်စ်မဲရိုးရဲ့ လစာကို စာရင်းသွင်းနိုင်ဖို့ နည်းလမ်းသစ် ရှာဖွေရမှာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း လစာလျှော့ယူဖို့ အနစ်နာခံရမှာပါ။ ဒါပေမယ့် ဒါဟာ မေဂျာလိဂ် ကလပ် အတွက်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဒီပေါလ် ရောက်လာချိန်မှာလည်း အသင်းမှာ DP နေရာ မလွတ်တာကြောင့် အစောပိုင်းမှာ အငှားစာချုပ်နဲ့ အရင် ခေါ်ယူပြီး လူစာရင်းထဲ ထည့်သွင်းခဲ့ရဖူးပါတယ်။ အခုလည်း ကက်စ်မဲရိုး အတွက် အလားတူ နည်းလမ်းမျိုးတွေကို အသုံးပြုရဖို့ ရှိပါတယ်။

ဒါ့အပြင် တခြား မေဂျာလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ အဲလ်အေ ဂလက်ဆီ အသင်းက ကက်စ်မဲရိုးကို အမေရိကန်မြေဆီ ခေါ်ယူ ဆွေးနွေးပိုင်ခွင့် (Discovery Rights) ကို ဦးစွာ ပိုင်ဆိုင်ထားတာကြောင့် အင်တာမိုင်ယာမီ အနေနဲ့ အဲလ်အေဂလက်ဆီ အသင်းကို လျော်ကြေးငွေ ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ မေဂျာလိဂ် မှာတော့ လုပ်ရိုးလုပ်စဉ် ကိစ္စ တစ်ခု ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မာကို ရွိုက်စ် အဲလ်အေ ဂလက်ဆီကို ပြောင်းတုန်းကလည်း ချားလော့တ်အက်ဖ်စီ ဆီကနေ ဒီအခွင့်အရေးကို ငွေပေးပြီး ဝယ်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ရှုပ်ထွေးမှုတွေကြောင့် ကက်စ်မဲရိုးရဲ့ အပြောင်းအရွှေ့ဟာ အစပိုင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကစားသမား ကိုယ်တိုင်က မိုင်ယာမီကို လာချင်နေတာရယ်၊ အသင်း ဘက်ကလည်း တခြား နည်းလမ်းတွေနဲ့ ကြိုးစားပေးနေတာရယ်ကြောင့် အခုဆိုရင် ဒီအိပ်မက်က တကယ် ဖြစ်လာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

အကယ်၍ ကက်စ်မဲရိုးသာ မိုင်ယာမီကို တကယ် ရောက်လာခဲ့ရင် သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့ ကျောနံပါတ် ၃ ခုထဲက တစ်ခုကို ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ကျောနံပါတ် ၁၄ ကတော့ ကက်စ်မဲရိုးဟာ ရီးရဲလ်မက်ဒရစ်မှာ ပေါ်တိုကနေ အငှားပြန်လာတဲ့ ၂၀၁၅ ခုနှစ် ကနေ သူအသင်းက ထွက်ခွာသွားတဲ့အထိ ဒီနံပါတ်ကို ဝတ်ဆင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အထိ ရရှိခဲ့ဖူးပါတယ်။ အင်တာမိုင်ယာမီ မှာတော့ ဖာဖာ ပီကော ထွက်သွားကတည်းက ဒီနံပါတ်က လစ်လပ်နေတာ ဖြစ်ပါတယ်။

ကျောနံပါတ် ၁၈ ကတော့ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့တဲ့ ရာသီတွေ အတွင်း သူဝတ်ဆင်ခဲ့တဲ့ နံပါတ် ဖြစ်ပါတယ်။ မိုင်ယာမီ မှာတော့ ဒီနံပါတ်ကို ယော်ဒီ အယ်လ်ဘာ ဝတ်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက အယ်လ်ဘာ ဘောလုံးလောက ကနေ အနားယူသွားကတည်းက အခုထိ ဘယ်သူမှ မဝတ်ရသေးပါဘူး။

ဘရာဇီးလ် လက်ရွေးစင် အသင်း မှာတော့ ကက်စ်မဲရိုးဟာ ၂၀၁၆ ကတည်းက ကျောနံပါတ် ၅ ကိုပဲ တောက်လျှောက် ဝတ်ဆင်လာခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား ၃ ကြိမ် (၂၀၁၈၊ ၂၀၂၂၊ ၂၀၂၆) အထိ ပါဝင်ခဲ့ပါတယ်။ ဒီနံပါတ်ဟာ ကွင်းလယ် အထိုင်နေရာနဲ့ အကိုက်ညီဆုံး နံပါတ် ဖြစ်ပြီး၊ မိုင်ယာမီ မှာတော့ သူဝင်ရောက် အစားထိုးရမယ့် ဆာဂျီယို ဘူးစကတ်စ် ထွက်ခွာသွားပြီးကတည်းက လစ်လပ်နေတဲ့ နံပါတ် တစ်ခုပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်