နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ယူရို သန်း ၂၀၀ တန် ပက်ကေ့ချ်ရဲ့ အိုလီဆေးကို ကမ်းလှမ်းမယ့် ရီးရဲလ်၊ ရက်ရှ်ဖို့ဒ်ကို ချဉ်းကပ်ခဲ့တဲ့ အက်တလက်တီကို | လာလီဂါ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ဆင်နွှဲနေဆဲ ဖြစ်ပေမယ့် စပိန် လာလီဂါ ကလပ်တွေ ကတော့ လာမယ့် နွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းဖို့် အပြင်းအထန် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် လတ်တလော ထွက်ပေါ်လာတဲ့ စိတ်ဝင်စားစရာ သတင်းတွေကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘေယန်မြူးနစ် အသင်းရဲ့ တောင်ပံ ကစားသမား မိုက်ကယ် အိုလီဆေးကို ခေါ်ယူဖို့ အတွက် စုစုပေါင်း တန်ဖိုး ယူရို သန်း ၂၀၀ ဝန်းကျင် ရှိမယ့် ပက်ကေ့ချ် တစ်ခုနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဂျာမန် ချန်ပီယံဆီ အသိပေးသွားမှာပါ။

ဒီအပြောင်းအရွှေ့ အတွက် ရီးရဲလ်မက်ဒရစ်တို့ ဘက်က ပြင်ဆင်ထားတဲ့ ကမ်းလှမ်းမှု နှစ်မျိုး ရှိနေပြီး တော်တော်လေးလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပထမတစ်မျိုး ကတော့ ယူရို သန်း ၁၀၀ အပြင် ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီ ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ ဖြစ်ပြီး၊ ဒုတိယ တစ်မျိုး ကတော့ ယူရို ၁၃ သန်း အပြင် အက်ဒူအာဒို ကာမာဗင်ဂါကို အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့ ဘယ်နည်းလမ်းနဲ့ အရခေါ်ယူမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် ဟိုဆေး မော်ရင်ညိုဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ နောက်တန်းကို အားဖြည့်ဖို့ အတွက် မန်စီးတီးရဲ့ ပေါ်တူဂီ နောက်ခံလူ ရူဘင် ဒီးရာ့စ်ကို ခေါ်ယူနိုင်ဖို့ တိုက်ရိုက် စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ ဒီးရာ့စ်ရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးဟာ ယူရို ၆၅ သန်း (ပေါင် ၅၆ သန်း) ဝန်းကျင် ရှိနေပါတယ်။

ဒါတင်မကသေးဘဲ မော်ရင်ညိုဟာ အင်တာမီလန် အသင်းရဲ့ အီတလီ နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီ ကိုလည်း အရခေါ်ယူဖို့ အသင်းလူကြီးတွေကို တိုက်တွန်းနေပါတယ်။ ဘက်စတိုနီရဲ့ ပြောင်းရွှေ့ကြေး ကတော့ ဒီးရာ့စ်ထက် နည်းနည်း ပိုမြင့်ပြီး ယူရို ၇၀ သန်း ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။

နောက်ထပ် ရီးရဲလ်မက်ဒရစ် သတင်း တစ်ပုဒ် ကတော့ သူတို့ဟာ ကိုမို အသင်းဆီ ကနေ အငှားစာချုပ် သက်တမ်းပြည့်လို့ ပြန်လည် ဝယ်ယူခွင့်ကို အသုံးပြုပြီး ကွင်းလယ်လူ နီကို ပက်ဇ်ကို ပြန်ခေါ်ထားပါတယ်။ ဒါပေမယ့် ရီးရဲလ်ဟာ သူ့ကို အီတလီ ကလပ် ကိုမိုဆီ ဒုတိယအကြိမ် အငှားထပ်ချဖို့ စိတ်မဝင်စားပဲ လာမယ့် နွေရာသီမှာ အပိုင်ရောင်းချသွားဖို့ပဲ ပြင်ဆင်နေတာပါ။ ကိုမို အသင်း အနေနဲ့ နီကို ပက်ဇ်ကို ဆက်လက် ထိန်းသိမ်းချင်တယ် ဆိုရင်တော့ ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး အပြည့်အဝ ပေးချေရမယ်လို့ ရီးရဲလ် ဘက်က သတိပေးထားပါတယ်။

လာလီဂါ မက်ဒရစ် မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် အသင်း ကတော့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဘာစီလိုနာ ကနေ ယူနိုက်တက်ဆီ ပြန်ရောက်နေတဲ့ ရက်ရှ်ဖို့ဒ်

လာလီဂါ မက်ဒရစ် မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် အသင်း ကတော့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ဆိုရင် ရက်ရှ်ဖို့ဒ် အနေနဲ့ သူ့ရဲ့ လက်ရှိ လစာ တောင်းဆိုမှုတွေကို လျှော့ချပေးဖို့ လိုအပ်နေပါတယ်။

ရက်ရှ်ဖို့ဒ် အတွက် ညှိနှိုင်းနေရဆဲ ဖြစ်ပေမယ့် အက်တလက်တီကိုမက်ဒရစ် တို့ဟာ လေဗာကူဆင် အသင်းရဲ့ နာမည်ကျော် ဘယ်နောက်ခံလူ အလက်ဟန်ဒရို ဂရီမဲလ်ဒိုကို ခေါ်ယူဖို့ အတွက်တော့ တော်တော်လေး နီးစပ်နေပါပြီ။ လက်ရှိမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိထားပြီး ဖြစ်လို့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ပဲ လိုပါတော့တယ်။

နောက်ဆုံး သတင်းအနေနဲ့ ဘာစီလိုနာ အသင်းဟာ ရေးဆင်း အသင်းရဲ့ အသက် ၁၉ နှစ် အရွယ် လူငယ် ဘယ်နောက်ခံလူ ဟော့ဟေး ဆာလီနက်စ်ကို ခေါ်ယူဖို့ နီးစပ်နေပါတယ်။

ဆာလီနက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၈ သန်း ပဲ ရှိတာ ဖြစ်ပေမယ့် ဘာစီလိုနာ အသင်းဟာ အဆိုပါ စာချုပ်ဖျက်သိမ်းကြေး အပြည့်အဝ ပေးရမှာကို ရှောင်ရှားချင်နေတာပါ။ ဒါကြောင့် အဲဒီငွေပမာဏ အတိုင်း အပြည့်မပေးရဘဲ ဈေးလျော့ရအောင် အသင်းရဲ့ လူငယ် ကစားသမား တစ်ဦးကို ရေးဆင်း အသင်းဆီ အလဲအထပ် အနေနဲ့ အငှားချပေးဖို့ နည်းလမ်းရှာ ဆွေးနွေးနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်