နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ၂၀၂၆ – အုပ်စု (L) အကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းချက်များ

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (L) မှာတော့ အင်္ဂလန်၊ ခရိုအေးရှား၊ ဂါနာနှင့် ပနားမား အသင်း တို့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စု တို့မှာ ကျင်းပမယ့် ဒီပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပေမယ့်လည်း အုပ်စု (L) ပွဲစဉ်တွေ စတင်ဖို့ ကတော့ အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ။

နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန်က ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပေမယ့်လည်း၊ ဖလား ဆွတ်ခူးဖို့ စိတ်ကူးမယဉ်မီ အုပ်စုအဆင့်ကို မဖြစ်မနေ အောင်မြင်စွာ ဖြတ်ကျော်ရပါမယ်။ 

 

အုပ်စု (L) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ်ခန့်မှန်းချက်များ

  • အင်္ဂလန် – ပြိုင်ပွဲတစ်ခုလုံးရှိ အသင်း အားလုံးထဲမှာ အုပ်စု ပထမ ရရှိရန် တတိယမြောက် အခွင့်အရေး အကောင်းဆုံး အသင်း ဖြစ်ပါတယ်။ Opta စူပါကွန်ပျူတာရဲ့ အကြိမ်ပေါင်း ၂၅,၀၀၀ ကြိုတင် တွက်ချက်မှုတွေအရ အင်္ဂလန်က ၆၇.၅% နဲ့ အုပ်စု (L) မှာ ပထမ ရဖို့ ရေပန်းစားနေပါတယ်။
  • ခရိုအေးရှား – ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခြေ ၇၆.၉% အထိ ရှိနေတာကြောင့် အခွင့်အရေး အလွန် ကောင်းမွန်နေပါတယ်။
  • ဂါနာ နှင့် ပနားမား – ဂါနာက ၄၉.၅% နဲ့ ပနားမားက ၄၀.၀% အသီးသီး ရှိကြပြီး အုပ်စုတွင်း အောက်သင်းတွေ အဖြစ် သတ်မှတ်ခံထားရပေမယ့်လည်း မျှော်လင့်ချက် လုံးဝမရှိတာတော့ မဟုတ်ပါဘူး။
 

အသင်းအလိုက် သုံးသပ်ချက်များ

၁။ အင်္ဂလန် 

ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး နိုင်ငံ တစ်ခု ဖြစ်လင့်ကစား အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား မှတ်တမ်း ကတော့ ၁၉၆၆ ခုနှစ် နောက်ပိုင်းမှာ ဂုဏ်ယူစရာ သိပ်မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၆ ခုအတွင်း သူတို့ အနေနဲ့ ကွာတားဖိုင်နယ် အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာက (၂) ကြိမ်သာ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ Opta စူပါကွန်ပျူတာက အင်္ဂလန် အသင်းကို ယခု နွေရာသီမှာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခြေ ၃၀.၄ ရာခိုင်နှုန်းအထိ ပေးထားပါတယ်။ အင်္ဂလန် အသင်းဟာ ၂၀၂၅ ခုနှစ် အတွင်း ကစားခဲ့တဲ့ ပွဲစဉ် (၁၀) ပွဲမှာ (၉) ပွဲအထိ ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပြီး၊ ဒီအထဲမှာ ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ (၈) ပွဲစလုံး ပေးဂိုး မရှိ ပွဲစဉ်တွေ အဖြစ် ဖြတ်ကျော်ခဲ့မှုလည်း ပါဝင်ပါတယ်။

အဲဒီ ပွဲစဉ်တွေမှာ ဟယ်ရီကိန်းက အသင်း အတွက် ၈ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ နှစ်ခုစလုံးကို ခြုံငုံကြည့်ရင်လည်း ကီလီယန် အမ်ဘာပေး (၁၂ ဂိုး) က လွဲလို့ တခြား ဘယ်ကစားသမားကမှ ကိန်းထက် ပိုမသွင်းနိုင်ခဲ့တာ‌ တွေ့ရပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင် ကိန်းဟာ ကမ္ဘာ့ဖလား ပွဲစဉ် ၁၁ ပွဲမှာ ၈ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

 

၂။ ခရိုအေးရှား

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခု အတွင်း ကမ္ဘာ့ဖလား မှတ်တမ်းကို ကြည့်မယ်ဆိုရင် ခရိုအေးရှားက အင်္ဂလန်ထက် သာလွန်နေတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ခရိုအေးရှားရဲ့ မှတ်တမ်းက အလွန်ကောင်းရင်ကောင်း၊ မကောင်းရင် အုပ်စုအဆင့်မှ လှည့်ပြန်ရတဲ့ အစွန်း နှစ်ဖက် အခြေအနေမျိုး ဖြစ်နေတတ်ပါတယ်။

အရင် ပါဝင်ခဲ့တဲ့ (၆) ကြိမ်မှာ သူတို့ဟာ အုပ်စုအဆင့်မှ (၃) ကြိမ်တိုင်တိုင် ထွက်ခွာခဲ့ရသလို၊ အုပ်စုတက်တဲ့ (၃) ကြိမ်စလုံး မှာလည်း အနည်းဆုံး ဆီမီးဖိုင်နယ် အဆင့် အထိ ရောက်ရှိခဲ့ကာ ၂၀၁၈ ခုနှစ်က ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ လက်ရှိအုပ်စု အဆင့်မှာ ထည့်တွက်စရာ မလိုသေးပေမယ့်လည်း၊ ခရိုအေးရှားက ကမ္ဘာ့ဖလား သမိုင်းမှာ ပင်နယ် တီအဆုံးအဖြတ် (၄) ကြိမ်စလုံးကို အကုန် အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်းလည်း ရှိသည်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခု အတွင်း ကမ္ဘာ့ဖလား မှတ်တမ်းကို ကြည့်မယ်ဆိုရင် ခရိုအေးရှားက အင်္ဂလန်ထက် သာလွန်နေတာ တွေ့ရပါလိမ့်မယ်။
ကမ္ဘာ့ဖလား အုပ်စုတက်တဲ့ ၃ ကြိမ်စလုံး အမြင့်ဆုံး အဆင့်တွေထိ ရောက်ခဲ့တဲ့ ခရိုအေးရှား

နည်းပြ ဇလတ်ကို ဒါးလစ်ဟာ အသင်းကို အချိန်အကြာကြီး ကိုင်တွယ်လာခဲ့တဲ့ အတိုင်း ဒီတကြိမ်မှာလည်း ဝါရင့် ကစားသမားကြီးတွေရဲ့ အတွေ့အကြုံကို အဓိက အားကိုးသွားမှာ ဖြစ်ပါတယ်။ လူကာ မိုဒရစ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ (၃) ကြိမ်အတွင်း ပြိုင်ဘက်ကစားကွက်ကို ဖြိုခွဲနိုင်တဲ့ အကြိမ်ရေ ၁၉၉ ကြိမ်နဲ့ တခြား ဘယ်ကစားသမားထက်မဆို အများဆုံး ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ သူဟာ လက်ရှိမှာ အသက် ၄၀ ရှိပြီ ဖြစ်ပေမယ့်လည်း အသင်း အောင်မြင်မှု အတွက် အဓိက သော့ချက် အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း အိုင်ဗန် ပါရီဆစ်က ခရိုအေးရှား အသင်းရဲ့ အဓိကပြိုင်ပွဲကြီးတွေ သမိုင်းတလျှောက် ဂိုးပါဝင် ပတ်သက်မှု အများဆုံး (၁၈ ကြိမ် – ၁၀ ဂိုးသွင်း၊ ၈ ဂိုးဖန်တီး) ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ ဒီလို ကမ္ဘာ့အဆင့် ကစားသမားကောင်းတွေ ရှိနေတာကြောင့်လည်း ခရိုအေးရှား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို အမြဲတစေ စွမ်းဆောင်နိုင်ခြင်း ဖြစ်ပါတယ်။

 

၃။ ဂါနာ 

ဂါနာ အသင်း ကတော့ ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ ပထမဆုံးတက်လှမ်းနိုင်သည့် အာဖရိကနိုင်ငံ ဖြစ်ဖို့ လက်တစ်ကမ်းအလို အထိ နီးစပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ သူတို့ဟာ ကမ္ဘာ့ဖလား နောက်ဆုံး ပွဲစဉ် (၇) ပွဲမှာ (၁) ပွဲသာ အနိုင်ရရှိခဲ့ပြီး (၄ ပွဲရှုံး)၊ အဆိုပါ တစ်ပွဲတည်းသော အနိုင်ရလဒ်က ၂၀၂၂ အုပ်စုအဆင့်မှာ တောင်ကိုရီးယားကို အနိုင်ရခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။

အဓိကပြဿနာက သူတို့ရဲ့ ခံစစ်ပိုင်း အားနည်းမှုကြောင့် ဖြစ်ပြီး၊ ဂါနာက နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ် (၁၀) ပွဲစလုံးမှာ ပေးဂိုး မရှိပွဲစဉ် တစ်ပွဲမျှ မရရှိခဲ့ပါဘူး။ အခုအခါ သူတို့ အနေနဲ့ ဝါရင့် နည်းပြ ကားလို့စ် ကွီးရော့ဇ်ကို နည်းပြ အဖြစ် ခန့်အပ်ထားခြင်းက သူရဲ့ ဝါရင့်ခံစစ်အတွေ့အကြုံများနဲ့ အသင်း၏ အားနည်းချက်ကို ပြုပြင်ရန် ကြိုးပမ်းခြင်း ဖြစ်ပုံရပါတယ်။

အန်တွန် ဆီမီညိုက ၂၀၂၅-၂၀၂၆ ရာသီ ပရီးမီယားလိဂ်းသွင်းဂိုး ၁၇ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့လက ချဲလ်ဆီးနဲ့ ကစားခဲ့သည့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီး အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစစ်ပွဲစဉ်တွေမှာ ဂါနာ အသင်း၏ အားကိုးရဆုံးသူက ဂျော်ဒန် အာယူး ဖြစ်ခဲ့ပါတယ်။ 

 

၄။ ပနားမား 

အုပ်စုတွင်း အောက်သင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ပနားမား အသင်း ကတော့ ဒီပြိုင်ပွဲမှာ အခြေအနေ မကောင်းပါဘူး။ အဓိက ကတော့ သူတို့ တစ်ကြိမ်တည်းသာ ပါဝင်ဖူးတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်း ကလည်း အုပ်စုတွင်းမှာ အင်္ဂလန် အသင်းနဲ့ ဆုံတွေ့ခဲ့ဖူးပြီး ၆-၁ နဲ့ အရေးနိမ့်ခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း သူတို့ဟာ တခြား အုပ်စုပွဲစဉ်တွေ မှာလည်း ကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပနားမားက တခြား အသင်းအားလုံးထက် ပိုမိုများပြားသော ပေးဂိုး (၁၁ ဂိုး) ပေးခဲ့ရသလို၊ တစ်ပွဲလျှင် ပျမ်းမျှခန့်မှန်းပေးဂိုး (၂.၃ ဂိုး) ဖြင့် ဒုတိယအမြင့်ဆုံးနဲ့ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း (၃၆.၃%) နဲ့ စတုတ္ထအနည်းဆုံး မှတ်တမ်းဆိုးများကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလား မြောက်အမေရိကဇုန် (CONCACAF) ခြေစစ် ပွဲစဉ်တွေမှာတော့ သူတို့က ကူရာကာအို အသင်းနဲ့ အတူ ပွဲစဉ် ၁၀ ပွဲနဲ့ အထက် ကစားခဲ့တဲ့ အသင်းတွေထဲမှာ လုံးဝ ရှုံးနိမ့်ခြင်း မရှိဘဲ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ထူးခြားတဲ့ အသင်း (၂) သင်းထဲက တစ်သင်း ဖြစ်ပါတယ်။ 

ပနားမားဟာ High Pressing ကစားပုံကို နှစ်သက်ကြပြီး၊ ကစားပုံလည်း တော်တော်လေး တိုးတက်လာပါတယ်။ ဒီလို တိုးတက်လာတဲ့ ကစားကွက် ပုံစံကြောင့် ဒီတကြိမ်မှာတော့ လွန်ခဲ့သော ၈ နှစ်ကလောက် အခြေအနေမဆိုးဖို့ မျှော်လင့်ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်