နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ၂၀၂၆ – အုပ်စု (H) အကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းချက်များ

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (H) မှာတော့ စပိန်၊ ဥရုဂွေး၊ ဆော်ဒီအာရေဗျ၊ ကိပ်ဗာဒီ အသင်း တို့နဲ့ ပါဝင်နေပြီး မထင်မှတ်ပဲ အုပ်စုကျပ်နေတယ်လို့ သတ်မှတ်ရပါမယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ စပိန်အသင်းဟာ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားရဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေပြီး ပြိုင်ပွဲမစတင်မီ ပုံတူတွက်ချက်မှု ၂၅,၀၀၀ အနက် ၁၆.၂% သော အခြေအနေတွေမှာ လက်ရှိ ဥရောပ ချန်ပီယံ စပိန် အသင်းကပဲ ဖလားမြှောက်နိုင်မယ်လို့ ပြသနေပါတယ်။ 

စပိန်တို့ရဲ့ ကမ္ဘာ့ဖလား ခရီးစဉ်ဟာ ဇွန် ၁၅ ရက်နေ့မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက် ယှဉ်ပြိုင်တဲ့ ကိပ်ဗာဒီ အသင်းနဲ့ စတင်ကစားရမှာ ဖြစ်ပြီး ဆော်ဒီအာရေဗျနဲ့ ဥရုဂွေး အသင်း တို့လည်း ထိပ်တိုက်တွေ့ဆုံနေပါတယ်။

 

အုပ်စု (H) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ်ခန့်မှန်းချက်များ

  • စပိန် – နောက်တစ်ဆင့်တက်ရန် အလားအလာ ၉၈.၅% (ပြိုင်ပွဲတွင် အမြင့်ဆုံးဖြစ်ပြီး အုပ်စုပထမရရန် ၇၅.၆%)
  • ဥရုဂွေး – နောက်တစ်ဆင့်တက်ရန် အလားအလာ ၈၄.၃% (အုပ်စုပထမရရန် ၁၈.၉%)
  • ဆော်ဒီအာရေဗျ – နောက်တစ်ဆင့်တက်ရန် အလားအလာ ၃၉.၉%
  • ကိပ်ဗာဒီ – နောက်တစ်ဆင့်တက်ရန် အလားအလာ ၃၂.၉%
 

အသင်းအလိုက် အသေးစိတ်သုံးသပ်ချက်

၁။ စပိန် 

စပိန် အသင်းဟာ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး အရှိဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်း မှတ်တမ်းဟာ ၂၀၁၀ ခုနှစ်မှာ ချန်ပီယံ ဖြစ်ခဲ့တာက လွဲရင် ကျန်တဲ့မှတ်တမ်းတွေက အံ့ဩစရာမရှိဘဲ ပုံမှန် အဆင့်မှာပဲ ရှိနေပါတယ်။

အမှန်တကယ်တော့ စပိန် အသင်းဟာ သူတို့ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ၁၄ ကြိမ်ထဲမှာ ၂၀၁၀ ခုနှစ် တစ်ကြိမ်တည်းသာ ဆီမီးဖိုင်နယ်နဲ့ အထက် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ပြိုင်ပွဲတွေ မှာတော့ အုပ်စုအဆင့်ကနေ တစ်ကြိမ် (၂၀၁၄) ထွက်ခဲ့ရပြီး၊ ၁၆ သင်းအဆင့် ကနေ နှစ်ကြိမ် (၂၀၁၈၊ ၂၀၂၂) ထွက်ခွာခဲ့ရဖူးပါတယ်။

ဒါဆိုရင် ဘာကြောင့် သူတို့ကို အခုလို အမြင့်ဆုံးအဆင့် သတ်မှတ်ထားရတာလဲ? အကြောင်းရင်း ကတော့ သူတို့ဟာ ၂၀၂၄ ခုနှစ်တုန်းက အောင်မြင်မှု အပြည့်နဲ့ ဗိုလ်စွဲခဲ့တဲ့ လက်ရှိ ဥရောပ ချန်ပီယံ ဖြစ်နေသလို၊ လက်ရှိအချိန်အထိလည်း တရားဝင်ပြိုင်ပွဲကြီး ၃၁ ပွဲ ဆက်တိုက် (ခြေစမ်းပွဲတွေ မပါ) လုံးဝ ရှုံးပွဲ မရှိသေးဘဲ ဒါဟာ စပိန်နိုင်ငံ သမိုင်းမှာ အရှည်ကြာဆုံး ရှုံးပွဲ မရှိ မှတ်တမ်း ဖြစ်နေလို့ပါပဲ။

အကယ်၍ သူတို့သာ ယခုနွေရာသီမှာ ကမ္ဘာ့ဖလားကို ထပ်မံ ကိုင်မြှောက်နိုင်ခဲ့ရင် စပိန်ဟာ ဥရောပဖလားရော ကမ္ဘာ့ဖလား ကိုပါ တစ်ချိန်တည်းမှာ ပိုင်ဆိုင်ခွင့်ရတဲ့ သမိုင်းတစ်လျှောက် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာပါ။ ဒီတစ်ကြိမ် စပိန်အသင်းရဲ့ ထူးခြားချက် တစ်ခု ကတော့ လူစာရင်းထဲမှာ ရီးရဲလ်မက်ဒရစ် အသင်းက ကစားသမား တစ်ဦး တစ်ယောက်မှ ပါဝင်မလာခြင်းပဲ ဖြစ်ပြီး ဒါဟာ စပိန်ရဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

နည်းပြ လူးဝစ် ဒီလာဖွန်တေး အတွက် စိုးရိမ်စရာ တစ်ခု ကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က ဘယ်ဘက်ပေါင် Hamstring ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ဘာစီလိုနာ အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေ အားလုံး လွဲချော်ခဲ့ရတဲ့ လာမင်း ယာမယ်ရဲ့ ကြံ့ခိုင်မှုပိုင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ နီကို ဝီလီယမ်စ် နဲ့ မီခဲလ် မာရီနို တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေ ကလည်း စိုးရိမ်စရာ ရှိနေပါတယ်။

ဒါပေမယ့် ဒီလို သံသယဖြစ်စရာအချက်တွေ ရှိနေလင့်ကစား စပိန်ဟာ နောက်တစ်ဆင့်တက်ဖို့ ၉၈.၅% နဲ့ အုပ်စု ပထမရဖို့ ၇၅.၆% အထိ အခွင့်အရေးရှိနေပြီး ဒါဟာ ပြိုင်ပွဲဝင် အသင်း အားလုံးထဲမှာ အမြင့်ဆုံး အလားအလာ ဖြစ်ပါတယ်။

 

၂။ ဥရုဂွေး 

နည်းပြ မာဆယ်လို ဘီယဲလ်ဆာ ရဲ့ ဥရုဂွေး အသင်းဟာ အုပ်စုအဆင့်မှာ စပိန် အသင်း အတွက် အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ သူတို့ဟာ နောက်တစ်ဆင့် တက်ဖို့ ၈၄.၃% အထိ ရှိနေပါတယ်။

ဥရုဂွေး အသင်းဟာ ၁၉၃၀ နဲ့ ၁၉၅၀ ခုနှစ်တွေမှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
၁၉၅၀ ကမ္ဘာ့ဖလားမှာ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဥရုဂွေး

ဥရုဂွေး အသင်းဟာ ၁၉၃၀ နဲ့ ၁၉၅၀ ခုနှစ်တွေမှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ၊ အာဂျင်တီးနား၊ ပြင်သစ် တို့နဲ့ အတူ ကမ္ဘာ့ဖလားကို အကြိမ်ကြိမ်ရဖူးတဲ့ သမိုင်းဝင် အသင်းကြီး ၆ သင်းထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ သူတို့ဟာ အရင်ကလောက် ခြိမ်းခြောက်မှု မပေးနိုင်တော့ဘဲ ၁၉၅၀ နောက်ပိုင်း သူတို့ရဲ့ အကောင်းဆုံး ရလဒ်ဟာ ၂၀၁၀ တုန်းက ရရှိခဲ့တဲ့ စတုတ္ထနေရာပဲ ဖြစ်ပါတယ်။

ဒါဟာ နည်းပြ ဘီယဲလ်ဆာ အတွက်တော့ နည်းပြချုပ်ဘဝ တတိယမြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ပြီး မတူညီတဲ့ နိုင်ငံ ၃ နိုင်ငံကို တတိယမြောက် ဦးဆောင်တာလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်တုန်းက အာဂျင်တီးနားနဲ့ အတူ အုပ်စု အဆင့် ကနေ ထွက်ခဲ့ရဖူးပြီး ၂၀၁၀ တုန်းကတော့ ချီလီ အသင်းနဲ့ အတူ ၁၆ သင်း အဆင့်အထိ ရောက်ရှိခဲ့ဖူးပါတယ်။

လက်ရှိ ဥရုဂွေးအသင်းရဲ့ ကစားပုံဟာ ဘီယဲလ်ဆာရဲ့ စတိုင်အတိုင်း ထင်ဟပ်နေပြီး ပြိုင်ဘက်တွေကို အနိုင်ရဖို့အတွက် အပြင်းအထန် ရုန်းကန်ရအောင် ပြုလုပ်ပါလိမ့်မယ်။ သူတို့ဟာ တောင်အမေရိကဇုန် (CONMEBOL) ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပြိုင်ဘက် ဆီကနေ ဘောလုံးလုယူပြီး တိုက်စစ်ဆင်မှု ၁၄၇ ကြိမ်အထိ ပြုလုပ်ခဲ့လို့ ဒုတိယနေရာက အာဂျင်တီးနား (၁၂၁ ကြိမ်) ထက် ၂၆ ကြိမ်ထက် မနည်း ပိုမိုသာလွန်ကာ ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။

 

၃။ ဆော်ဒီအာရေဗျ 

ဆော်ဒီအာရေဗျ အသင်း ကတော့ အုပ်စုအဆင့်ကို ၃၉.၉% သော အခြေအနေတွေမှာ ကျော်ဖြတ်နိုင်ခြေ ရှိနေပြီး တတိယမြောက် အခွင့်အရေး အများဆုံး ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၆ ကြိမ် ယှဉ်ပြိုင်မှုမှာ ၁ ကြိမ်သာ အုပ်စုအဆင့် ကျော်ဖြတ်ဖူးပြီး အဲဒါကတော့ ၁၉၉၄ ခုနှစ် အမေရိကန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ၁၆ သင်း အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းမှတ်တမ်း ကတော့ သိပ်မကောင်းလှပါဘူး။ ကမ္ဘာ့ဖလား ပွဲစဉ် စုစုပေါင်းရဲ့ ၆၈% (၁၉ ပွဲမှာ ၁၃ ပွဲ) အထိ ရှုံးနိမ့်ထားရပြီး ဒါဟာ ကမ္ဘာ့ဖလားမှာ အနည်းဆုံး ၁၅ ပွဲနဲ့ အထက် ကစားဖူးတဲ့ နိုင်ငံတွေထဲမှာ ရှုံးနိမ့်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ကမ္ဘာ့ဖလား သမိုင်းမှာ အံ့ဩစရာအကောင်းဆုံး ရလဒ်တစ်ခုကို စွမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ပထမပိုင်းမှာ ရှုံးနိမ့်နေခဲ့ပေမယ့် နောက်ဆုံးမှာ ချန်ပီယံ ဖြစ်သွားခဲ့တဲ့ အာဂျင်တီးနား အသင်းကို ၂-၁ ရလဒ်နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အနိုင်ဂိုးကို လက်ရှိ အာရှအကောင်းဆုံး ကစားသမားဆု (AFC Player of the Year) ရရှိထားတဲ့ ဆလမ် အဲလ် ဒေါဆာရီက အံ့အားသင့်ဖွယ် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒေါဆာရီဟာ အာရှအကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် (၂၀၂၃ နဲ့ ၂၀၂၅) ဆွတ်ခူးနိုင်ခဲ့တဲ့ ကမ္ဘာ့ကစားသမား ၄ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။ 

 

၄။ ကိပ်ဗာဒီ 

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက် ယှဉ်ပြိုင်တဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ နောက်တစ်ဆင့် တက်ဖို့ ၃၂.၉% အခွင့်အရေး ရှိနေတာကြောင့် အလွန်အကျွံတော့ မျှော်လင့်လို့ မရနိုင်ပါဘူး။ အကယ်၍ သူတို့သာ အုပ်စုအဆင့် ကျော်ဖြတ်နိုင်ခဲ့ရင် ၂၀၀၆ ခုနှစ်က ဂါနာ အသင်း ပြီးနောက် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မှုမှာတင် အုပ်စုအဆင့် ကျော်ဖြတ်နိုင်တဲ့ ပထမဆုံးသော အာဖရိက အသင်း ဖြစ်လာမှာပါ။ကိပ်ဗာဒီ အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲရဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိ အနိုင်ရရှိခဲ့ပြီး ကင်မရွန်း အသင်း ပါဝင်တဲ့ အုပ်စုမှာ ထိပ်ဆုံး ကနေ ခြေစစ်ပွဲ အောင်မြင်ကာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်ဆီ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်