နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကိုနာတေး အပြင် ဒမ်းဖရီးစ်ကိုပါ ခေါ်ယူနိုင်တော့မယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ အင်တာမီလန်ရဲ့ ညာနောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို လာလီဂါဆီ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရလုနီးပါး ဖြစ်နေပါတယ်။ အခု လက်ရှိ မှာတော့ တရားဝင် လုပ်ငန်းစဉ် အဆင့် အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သတင်းတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။

ဥရောပ ချန်ပီယံ ၁၅ ကြိမ် ဖြစ်ဖူးတဲ့ ရီးရဲလ်မက်ဒရစ်ဟာ နှစ်ရာသီ ဆက်တိုက် ဖလားလက်မဲ့ ဖြစ်ခဲ့ရပြီး နောက်မှာ အသင်းကို လူအင်အား ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတာပါ။ ပြီးခဲ့တဲ့ နွေရာသီကလိုပဲ လော့စ်ဘလန်ကို တို့ရဲ့ အဓိက ဦးစားပေးဟာ ခံစစ်ပို င်းဖြစ်ပြီး အထူးသဖြင့် ဒန်နီ ကာဗာဟယ်နဲ့ ဒေးဗစ် အလာဘာတို့ ဘာနေဗျူးကို နှုတ်ဆက် ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်း ပိုလို့တောင် ခံစစ်ကို အားဖြည့်ဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ လစ်ဗာပူးလ် နောက်ခံလူဟောင်း အီဘရာဟီမာ ကိုနာတေးကို ခေါ်ယူဖို့ နှုတ်ကတိ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရပြီး၊ အခုအခါမှာတော့ မက်ဒရစ်ဟာ ဒမ်းဖရီးစ်ဆီကို အာရုံပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ စပိန် ထိပ်သီး တို့ဟာ ဒမ်းဖရီးစ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို သန်း ၂၀ ကို ပေးချေပြီး ဒီနွေရာသီ အပြောင်းအရွှေ့ရဲ့ ပထမဆုံး ကစားသမားသစ် အဖြစ် ခေါ်ယူသွားဖို့ ရှိနေပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမားကို လွန်ခဲ့တဲ့ နှစ်ရာသီ အတွင်း အသင်း အတွက် အခက်အခဲ အများကြီး ဖြစ်စေခဲ့တဲ့ ညာနောက်ခံလူ နေရာကို အားဖြည့်ဖို့ “ အဓိကပစ်မှတ်” အဖြစ် သတ်မှတ်ထားတာပါ။ ဒမ်းဖရီးစ်ဟာ ထရန့် အလက်ဇန္တား-အာနိုးလ်ရဲ့ အရန် ကစားသမား အဖြစ် တာဝန်ယူရမှာ ဖြစ်ပြီး၊ ဒါဟာ စပိန် ကလပ် အနေနဲ့ ယူရို သန်း ၃၀ ထက် ပိုမသုံးချင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒမ်းဖရီးစ်ဟာ အသင်း အလိုရှိတဲ့ ကစားသမား ပုံစံနဲ့ရော ဈေးနှုန်းနဲ့ပါ ကိုက်ညီနေတာကြောင့် ကာဗာဟယ် ချန်ရစ်ခဲ့တဲ့ ဟာကွက်ကို ဖြည့်ဆည်းဖို့ ရီးရဲလ်မက်ဒရစ် အတွက် ကုန်ကျစရိတ် သက်သာပြီး အတွေ့အကြုံရှိတဲ့ ညာနောက်ခံလူ တစ်ဦး ဖြစ်လာမှာပါ။

လာမယ့် ရာသီမတိုင်ခင် ဒမ်းဖရီးစ်ကို မက်ဒရစ်ဆီ ခေါ်ယူဖို့ အခြေအနေတွေက အဆင်ပြေချောမွေ့နေပုံ ရပေမယ့် ဒီအပြောင်းအရွှေ့ကို ရိုက်ချိုး ဖျက်ဆီးပစ်နိုင်တဲ့ အချက် တစ်ချက် ရှိနေပါတယ်။ အဲဒါကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။

ကိုနာတေးရော ဒမ်းဖရီးစ်ရဲ့ အပြောင်းအရွှေ့ နှစ်ခုစလုံးဟာ ဖလော်ရန်တီနို ပီရက်ဇ် ဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးကောက်ခံရခြင်း ရှိ၊ မရှိ ပေါ်မှာ မူတည်နေပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွေ ပြီးဆုံးသွားလို့ ပီရက်ဇ်သာ အနိုင်ရရှိသူ အဖြစ် ကြေညာခံရမယ် ဆိုရင် ဒမ်းဖရီးစ် အတွက် အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အသင်းက စီစဉ်ထားကြောင်း The Athletic က ဖော်ပြခဲ့ပါတယ်။

လာလီဂါ ကလပ်က ကွင်းလယ် အထိုင် ကစားသမား တစ်ဦးကို အသည်းအသန် လိုအပ်နေပြီး မန်စီးတီး ကြယ်ပွင့် ရိုဒရီ၊ ချဲလ်ဆီးရဲ့ အားကိုးရတဲ့ အန်ဇို ဖာနန်ဒက်ဇ် တို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နည်းပြသစ်နဲ့ အတူ ပြင်ဆင်မှု များစွာ ပြုလုပ်သွားဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

အသက် ၇၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပီရက်ဇ်ဟာ ပြိုင်ဘက် အင်းနရစ် ရီကွယ်လ်မီကို အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့်ရပြီး၊ သူနိုင်မှသာ ဒမ်းဖရီးစ် ရောက်ရှိလာရေးဟာ မီးစိမ်းပြ ပြတ်ပြတ်သားသား ဖြစ်လာမှာပါ။ ဒီနောက်ခံလူဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပြီး နှစ်လကျော်ကြာ နားခဲ့ရပေမယ့် အင်တာမီလန်နဲ့ အတူ ရာသီပိတ် ပွဲစဉ်တွေ ကိုတော့ အကောင်းဆုံး ပုံစံနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

ဒမ်းဖရီးစ်ဟာ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း နည်းပြ ရော်နယ် ကိုးမန်းရဲ့ ခိုင်မာတဲ့ နယ်သာလန် ခံစစ်တန်းမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်လာဖို့ များနေပါတယ်။ အစီအစဉ်အတိုင်း အဆင်ပြေသွားလို့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒမ်းဖရီးစ်နဲ့ ကိုနာတေး တို့ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် အသင်းဟာ ကွင်းလယ်ပိုင်းကို ဆက်လက် အာရုံစိုက်လာဖို့ ရှိပါတယ်။ လာလီဂါ ကလပ်က ကွင်းလယ် အထိုင် ကစားသမား တစ်ဦးကို အသည်းအသန် လိုအပ်နေပြီး မန်စီးတီး ကြယ်ပွင့် ရိုဒရီ၊ ချဲလ်ဆီးရဲ့ အားကိုးရတဲ့ အန်ဇို ဖာနန်ဒက်ဇ် တို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ဒီကစားသမား နှစ်ဦးစလုံးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေဟာ ပြိုင်ပွဲရဲ့ ကြီးမားမှုကြောင့် ကမ္ဘာ့ဖလား ပြီးမှသာ ဖြစ်လာနိုင်ချေ ရှိပါတယ်။ ရိုဒရီ ကတော့ ဒီနွေရာသီ မြောက်အမေရိကမှာ စပိန် အသင်းကို ကိုယ်စားပြုကစားမှာ ဖြစ်ပြီး၊ ဖာနန်ဒက်ဇ် ကတော့ လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနီးယား အသင်းနဲ့ အတူ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ကိုမိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အငြင်းပွားဖွယ် မရှိတဲ့ ပြန်လည် ခေါ်ယူခွင့်ကြောင့် ယူရို ၉ သန်းသာ ကုန်ကျမယ့် အကယ်ဒမီထွက် ကစားသမားဟောင်း နီကို ပက်ဇ်ကို ချက်ချင်း ခေါ်ယူဖို့ လုပ်ဆောင်လာနိုင်ပါတယ်။ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး အာဂျင်တီးနီးယား အသင်းနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလား သွားရောက် ယှဉ်ပြိုင်မယ့် ဒီကစားသမားလေးဟာ ကိုမို အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် ကူညီပေးနိုင်ခဲ့တဲ့ အံ့မခန်းခြေစွမ်းကြောင့် ၂၀၂၅-၂၆ ရာသီရဲ့ စီးရီးအေ အကောင်းဆုံး ကွင်းလယ်လူဆုကို ဆွတ်ခူးရရှိထားသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်