ဘရာဇီးလ် အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် နောက်ဆုံး ပြင်ဆင်မှု အဖြစ် ပနားမားကို ၆-၂ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ဒါဟာ ဆီလီကာအိုတို့ အတွက် ကမ္ဘာ့ဖလား မတိုင်ခင် တာထွက်လှခဲ့တယ် ဆိုပေမယ့် ကတ်စ်မဲရိုး ကတော့ သူတို့ အသင်းက ရေပန်းအစားဆုံး အသင်း စာရင်းထဲမှာ မရှိဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ကတ်စ်မဲရိုးက ဘရာဇီးလ် အသင်းဟာ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း မဟုတ်ကြောင်းနဲ့ “သူတို့ထက် ခြေတစ်လှမ်းသာနေတဲ့ တခြားအသင်းတွေ ရှိနေသေးတယ်။” လို့ ယုံကြည်နေပါတယ်။
နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ဘရာဇီးလ် အသင်းဟာ ဒီနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် နောက်ဆုံး ပြင်ဆင်မှု အဖြစ် မာရာကာနာကွင်းမှာ ပနားမားကို ၆-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး၊ ဇွန်လ ၆ ရက်နေ့ မှာတော့ ကလိဗ်လန်းမှာ အီဂျစ်နဲ့ နောက်ဆုံး ခြေစမ်းပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် မာကွင်ညို့စ် မပါဝင်နိုင်လို့ လက်ပတ်ပတ်ပြီး အသင်းကို ဦးဆောင်ခဲ့တဲ့ ကတ်စ်မဲရိုးဟာ ပနားမားနဲ့ ပွဲမှာ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ လူးကပ်စ် ပါကေးတား၊ အီဂေါ သီယာဂို တို့နဲ့ အတူ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ၄ ဦးထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။
ကျန်တဲ့ ဂိုးတွေ ကိုတော့ ရာယန်နဲ့ ဒန်နီလို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး၊ ဘရာဇီးလ် အသင်းဟာ ၂၀၂၅ ခုနှစ် မေလမှာ အန်ဆယ်လော့တီ နည်းပြ အဖြစ် စတင်တာဝန်ယူခဲ့ပြီး နောက်ပိုင်း ၁၁ ပွဲ ကစားရာမှာ ၆ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံး ရလဒ် ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။
Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဘရာဇီးလ် အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ ၆.၆ ရာခိုင်နှုန်းသာ ရှိတာကြောင့် ဆဋ္ဌမမြောက် ရေပန်းအစားဆုံး အသင်း အဖြစ်သာ သတ်မှတ်ခံထားရပါတယ်။ ဒါဟာ စပိန် (၁၆.၁%)၊ ပြင်သစ် (၁၃%)၊ အင်္ဂလန် (၁၁.၂%)၊ အာဂျင်တီးနား (၁၀.၄%) နဲ့ ပေါ်တူဂီ (၇%) အသင်း တို့ရဲ့ နောက်မှာ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ကတ်စ်မဲရိုးက အန်ဆယ်လော့တီနဲ့ အတူ အသင်းကို ပြင်ဆင်ဖို့ အချိန်သိပ်မရခဲ့တာ ကလည်း ဘရာဇီးလ် အသင်း အတွက် ဒီပြိုင်ပွဲမှာ အားနည်းချက် တစ်ခု ဖြစ်နေတယ်လို့ ရှုမြင်ထားပါတယ်။ ကတ်စ်မဲရိုးက “ကမ္ဘာ့ဖလားမှာ ဘယ်သူက ရေပန်းအစားဆုံးလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ထက် ခြေတစ်လှမ်းသာနေပြီး ရေရှည်စီမံကိန်း အောင်အောင်မြင်မြင် တည်ဆောက်ထားနိုင်တဲ့ တခြား အသင်းတွေ ရှိနေပါသေးတယ်။”
“နည်းပြ အန်ဆလော့တီ အနေနဲ့ အသင်းကို တာဝန်ယူခဲ့တာ ၁ နှစ်ဝန်းကျင်၊ ဒါမှမဟုတ် တိတိကျကျ ပြောရရင် ရက်ပေါင်း ၄၀ လောက်ပဲ အလုပ်အတူတူ လုပ်ရသေးတာပါ။ ဒီလိုအသင်း တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ကျွန်တော်တို့ထက် အများကြီး ရှေ့ရောက်နေတဲ့ တခြားသော လက်ရွေးစင် အသင်းတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရင်ထဲမှာ ငယ်ဘဝ အိပ်မက်တွေနဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေဆဲ ဖြစ်လို့ ကမ္ဘာ့ဖလားကို အားကောင်းမောင်းသန်နဲ့ တက်လှမ်းသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်ဟာ ဇွန် ၁၃ ရက်နေ့မှာ မော်ရိုကိုနဲ့ အုပ်စု (C) အဖွင့် ပွဲစဉ်ကို စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဲ့ဒီနောက် ဟေတီ၊ စကော့တလန် တို့နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဆီလီကာအို တို့ဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ချန်ပီယံဆုကို အများဆုံး (၅ ကြိမ်) ဆွတ်ခူးထားတဲ့ အသင်း ဖြစ်သလို၊ နိုင်ပွဲ ရရှိမှုနှုန်း အမြင့်ဆုံးအသင်း (ပွဲပေါင်း ၁၁၄ ပွဲမှာ ၇၆ ပွဲနိုင် – ၆၇%) အဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ဒါပေမယ့် ဘရာဇီးလ် အသင်း နောက်ဆုံး ကမ္ဘာ့ဖလား ရခဲ့တာ ကတော့ ၂၀၀၂ ခုနှစ်က ဖြစ်ပြီး၊ အဲ့ဒီနောက်ပိုင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ကြိမ် ဆက်တိုက် ဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။ ဒါဟာ ၁၉၃၀ – ၁၉၅၄ ကာလနဲ့ ၁၉၇၄ – ၁၉၉၀ ကာလတွေတုန်းက လိုပဲ သူတို့ရဲ့ သမိုင်းတစ်လျှောက် ဖလား ငတ်မွတ်မှု သက်တမ်း အရှည်ကြာဆုံး စံချိန်ဆိုးနဲ့ တူညီသွားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


