နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လီဗီ ကိုးဝဲလ်ကို အပြိုင် စိတ်ဝင်စားနေတဲ့ ရီးရဲလ်နဲ့ ဘာဆာ၊ ဘရာဟင်မ် ဒီးယက်ဇ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီး | လာလီဂါ

အခုတစ်ခါမှာတော့ လာလီဂါရဲ့ နောက်ဆုံးရ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးဟာ ချဲလ်ဆီးရဲ့ ဗဟိုနောက်ခံလူ လီဗီ ကိုးလ်ဝဲလ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း စပိန်မြေကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် သူတို့ဘက်က စတင်ကမ်းလှမ်းမယ့် ယူရို ၆၅ သန်း (ပေါင် ၅၆ သန်း) ဝန်းကျင်ဟာ ချဲလ်ဆီး အသင်း အတွက် ရယ်စရာတစ်ခုလိုပဲ ဖြစ်နေမှာပါ။ ချဲလ်ဆီး အသင်း ကတော့ သူ့ကို ရောင်းချဖို့ အတွက် ယူရို ၉၃ သန်း (ပေါင် သန်း ၈၀) နီးပါး အထိ လိုချင်နေပါတယ်။

ကိုမို အသင်းရဲ့ ကွင်းလယ်လူ နီကို ပက်ဇ်ကို ပြန်လည် ခေါ်ယူနိုင်မယ့် Buyback clause အတွက် ရီးရဲလ်မက်ဒရစ် အသင်းမှာ ဇွန်လ ၁ ရက်နေ့ အထိပဲ နောက်ဆုံး အချိန်ရပါတော့တယ်။ အကယ်၍ အဲဒီနေ့ မတိုင်ခင် တရားဝင် ကမ်းလှမ်းမှု မလုပ်နိုင်ခဲ့ရင်တော့ အဲဒီ Buyback Clause သက်တမ်းပြန်တိုးလာမယ့် ၂၀၂၇ ခုနှစ် နွေရာသီ အထိ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ထပ်မံ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အက်တလက်တီကိုမက်ဒရစ်ရဲ့ တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူမယ့် အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် တိုက်စစ်မှူး ဖာရန်း တောရက်စ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဖာရန်း တောရက်စ် ကိုယ်တိုင် ကတော့ အက်တလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဘယ်လိုမှ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ 

မန်စီးတီး ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကနေ သူတို့ရဲ့ ကစားသမားဟောင်း ကွင်းလယ်လူ ဘရာဟင်မ် ဒီးယက်ဇ်ကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ သဘောတူညီမှု ရရှိအောင် ကြိုးပမ်းနေပါတယ်။
ဘရာဟင်မ် ဒီးယက်ဇ်ကို ပြန်လည် ကြိုးပမ်းနေတဲ့ မန်စီးတီး

မကြာခင်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရတော့မယ့် မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားနဲ့ ဘုန်းမောက် နောက်ခံလူ မားကို့စ် ဆီနက်ဆီတို့ နှစ်ဦးစလုံးကို ဘာစီလိုနာ အသင်း ကနေ ခေါ်ယူဖို့ အလေးအနက် စဉ်းစားနေပါတယ်။

မန်စီးတီး ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကနေ သူတို့ရဲ့ ကစားသမားဟောင်း ကွင်းလယ်လူ ဘရာဟင်မ် ဒီးယက်ဇ်ကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ သဘောတူညီမှု ရရှိအောင် ကြိုးပမ်းနေပါတယ်။ မော်ရိုကို လက်ရွေးစင် ကစားသမား ဖြစ်တဲ့ ဒီးယက်ဇ် ကလည်း မန်စီးတီးမှာ ပွဲထွက် ကစားခွင့် ပိုရမယ်လို့ အာမခံချက်ရရှိပြီးနောက် အသင်းဟောင်းဆီ ပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။ တစ်ဖက်မှာလည်း ကွင်းလယ်လူ ရိုဒရီက စပိန်မြေကို ပြန်ဖို့ စဉ်းစားနေတာကြောင့် အထက်ပါ အပြောင်းအရွှေ့နဲ့ ဆန့်ကျင်ဘက် အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားနိုင်ခြေ ရှိနေပါတယ်။

မန်စီးတီးက ရိုဒရီ အတွက် ယူရို ၈၅ သန်း (ပေါင် ၇၃ သန်း) လိုချင်နေပေမယ့် ရီးရဲလ်မက်ဒရစ် ဘက်ကတော့ ယူရို ၆၀ သန်း (ပေါင် ၅၂ သန်း) ဝန်းကျင်နဲ့တင် ဒီအပြောင်းအရွှေ့ကို အပြီးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ 

ဘာစီလိုနာနဲ့ လစ်ဗာပူးလ် နှစ်သင်းစလုံးဟာ အင်တာမီလန်ရဲ့ ညာနောက်ခံလူ ဒန်ဇယ် ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ အတွက် သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို အပြိုင်အဆိုင် ပြသလာကြပါတယ်။ 

နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ ကတော့ အသင်းနဲ့ လမ်းခွဲဖို့ အတည်ပြုလိုက်ပေမယ့် အီတလီ ကလပ် အသင်းသစ်တွေနဲ့ ဆွေးနွေးထားခြင်း မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဥရောပ ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ချဲလ်ဆီးဟာ ဖိုဖာနာ၊ လာဗီယာ၊ ဆန်းတို့စ်၊ နတ်တို၊ ဂူစတို စတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ ပြင်ဆင်လိုက်ပါတယ်။ ကိုးလ် ပါးမား ကလည်း ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ရှိနေပြီး ဆရာဟောင်း အန်ဇို မာရက်စ်ကာ ရှိမယ့် မန်စီးတီးထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေပါတယ်။

နယူးကာဆယ် အသင်း ဘယ်နောက်ခံလူ လူးဝစ် ဟောလ်ဟာ အသင်းမှ ထွက်ခွါဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လစ်ဗာပူးလ်ဟာ ဂိုးသမား အလီဆွန် ဘက်ကာကို ပေါင် ၁၃ သန်းလောက်နဲ့ ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ကွင်းလယ်လူ ကာတစ် ဂျုံးစ်ကို ပေါင် ၃၅ သန်း နဲ့ ရောင်းချဖို့ အသင့် ဖြစ်နေပါတယ်။

အာဆင်နယ်ဟာ အမေရိကန် လူငယ်ကြယ်ပွင့် ဘန့်စ် ကို အော့စ်ဘတ် အသင်းဆီ ကနေ ခေါ်ယူဖို့ ကင်းထောက်တွေ စေလွှတ် စောင့်ကြည့်ခိုင်းထားပါတယ်။

အတ္တလန္တာ အသင်းရဲ့ ကွင်းလယ်လူ အီဒါဆန်ဟာ မန်ချက်စတာယူနိုက်ကတ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ပါတယ်။ ယူနိုက်တက် ကတော့ ဘရာဇီးလ် ကွင်းလယ်လူကို ခေါ်ယူဖို့ လက်မလျှော့သေးပါဘူး။ အီဒါဆန်ကို ခေါ်ယူဖို့ ယူနိုက်တက် ဘက်က ဆန္ဒရှိနေဆဲ ဖြစ်ပြီး နယူးကာဆယ်မှ တိုနာလီ ကိုလည်း လိုက်လံချိတ်ဆက်နေပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဟာ ဂျေဒန် ဆန်ချိုကို တစ်နှစ် ထပ်မံ သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။

ဘာစီလိုနာရဲ့ တိုက်စစ်မှူးသစ် ခေါ်ယူမယ့် စာရင်းထဲ ဟူလီယန် အဲလ်ဗာရက်ဇ်၊ ယာအို ပက်ဒရိုနဲ့ ဟယ်ရီကိန်းတို့ ရောက်ရှိနေပါတယ်။ ဒါ့အပြင် ဘာဆာက သူတို့ရဲ့ ဂိုးသမား တာစတီဂျန်ကို လာမယ့်နွေရာသီမှာ အပြီးသတ် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

တော့တင်ဟမ်ဟော့စပါး နောက်ခံလူ ခရစ္စတီယန် ရိုမီယိုနဲ့ ပတ်သက်ပြီး အက်တလက်တီကိုမက်ဒရစ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အကြား‌ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ မန်စီးတီးနဲ့ လမ်းခွဲထားတဲ့ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ရှေ့တိုး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်