မန်ချက်စတာစီးတီး ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်ကို အသည်းအသန် ကစားပြီးမှ ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဂျရယ်မီ ဒိုကုဟာ ပပ် ဂွါဒီယိုလာရဲ့ အသင်း အတွက် နောက်ထပ် တကြိမ် အံ့အားသင့်ဖွယ် ခြေစွမ်းပြသသွားခဲ့ပါတယ်။
မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက တောင်ပံကစားသမား ဂျရမီ ဒိုကုဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ နောက်ထပ် တစ်ကြိမ် အထင်ကြီးစရာ ခြေစွမ်းပြသခဲ့ပြီးနောက် သူဟာ “ ကစားသမားကောင်း တစ်ဦး အဖြစ် လုံးဝ ပြည့်စုံသွားခဲ့ပြီ” လို့ ယုံကြည်နေပါတယ်။
မန်စီးတီး အသင်းဟာ စနေနေ့က အိမ်ကွင်း အက်တီဟတ်မှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဒိုကုက အဖွင့်ဂိုး သွင်းယူပေးခဲ့ကာ၊ အာလင်း ဟာလန်းနဲ့ အိုမာ မာမွတ်ရှ် တို့က အသင်း အတွက် အရေးကြီးတဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူပေးခဲ့ကြပါတယ်။ ဒိုကုဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အတွင်း ဂိုးသွင်းခွင့် ဖန်တီးမှု ၆ ကြိမ် သို့မဟုတ် ထိုထက်မက ပြုလုပ်နိုင်ခြင်းနဲ့ တစ်ဖက်လူကို ကျော်ဖြတ်ဆွဲပြေးမှု (Dribbles) ၆ ကြိမ် သို့မဟုတ် ထိုထက်မက အောင်မြင်ခြင်း စတဲ့ မှတ်တမ်းကောင်းတွေကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်ခဲ့တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
အဆိုပါ ဘယ်လ်ဂျီယံ တောင်ပံကစားသမားဟာ မန်စီးတီး ကစားသမား ဘဝတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၇ ကြိမ် (၅ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး) အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ယခင် ၂၄ ပွဲက မှတ်တမ်း (၁ ဂိုးသွင်း၊ ၆ ဂိုးဖန်တီး) နဲ့ အရေအတွက် တူညီသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္လာနေ့က အဲဗာတန်နဲ့ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် အခု တစ်ပတ် အတွင်း ဒိုကု သွင်းယူခဲ့တဲ့ ၃ ဂိုး စလုံးဟာ မန်စီးတီးကို ဦးဆောင်ဂိုး ရရှိစေခဲ့တာ သို့မဟုတ် ချေပဂိုး ရရှိစေခဲ့တာ ဖြစ်ခဲ့ပြီး အသင်း အတွက် အလွန်အရေးပါခဲ့ပါတယ်။ လက်ရှိမှာ ဂွါဒီယိုလာရဲ့ မန်စီးတီးက ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ် အကွာထိ ကပ်လိုက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာ ကလည်း သူ့ရဲ့ တောင်ပံကစားသမား အပေါ် အခုလိုပဲ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
“သူဟာ ကစားသမားကောင်း တစ်ဦး အဖြစ် လုံးဝ ပြည့်စုံသွားခဲ့ပါပြီ။ သူ့အနေနဲ့ ပိုကောင်းအောင် ဆက်ကြိုးစားရဦးမှာ ဖြစ်ပေမယ့် သူဟာ တစ်ဖက်လူကို ကျော်ဖြတ် ဆွဲပြေးနိုင်တဲ့ ထူးခြား ပြောင်မြောက်တဲ့ စွမ်းရည်မျိုး အမြဲတမ်း ရှိနေခဲ့တာပါ။ လူငယ်ကစားသမား နီကို အိုရွိုင်လီနဲ့ သူတို့ နှစ်ယောက်ရဲ့ ကွင်းတွင်း ချိတ်ဆက်မှု ကလည်း အံ့ဩစရာ ကောင်းလှပါတယ်။”
“ဒါတင်မကဘဲ အခုဆိုရင် သူက အသင်းကို နိုင်ပွဲတွေ ရအောင် ယူပေးနေပါပြီ။ အိုမာ မာမွတ်ရှ်ရဲ့ ခြေစွမ်း အပေါ် မှာလည်း ကျွန်တော် တကယ်ပဲ ကျေနပ်မိပါတယ်။ ကျွန်တော့် စိတ်ထဲမှာ ဟာလန်း တစ်ယောက်တည်းတင်မကဘဲ တောင်ပံ ကစားသမားတွေနဲ့ အခြားတိုက်စစ် ကစားသမားတွေပါ ဂိုးသွင်းဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရပြီး ဂျရယ်မီ ကတော့ ဒီခြေလှမ်းကို အကောင်အထည် ဖော်ပြသသွားခဲ့ပါတယ်။”
“ဂျရယ်မီက အရာရာတိုင်းမှာ ထူးချွန်ပါတယ်။ ပထမပိုင်းတုန်းက ကျွန်တော်တို့ ဂိုးသွင်းခွင့် အဆုံးသတ်ပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့်၊ ဒုတိယပိုင်းမှာ ကစားသမားတွေကို ပြိုင်ဘက် ဂိုးဧရိယာထဲ ပိုပြီး ဖြည့်တင်း ကစားစေခဲ့တာက ပွဲရဲ့ ကွာခြားချက် ဖြစ်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကျွန်တော်တို့ ရလဒ်ကောင်း တစ်ခု ရယူနိုင်ခဲ့ပြီး ရှေ့ဆက်သွားရပါမယ်။” လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။
တစ်ဖက် မှာတော့ ဘရန့်ဖို့ဒ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဝေးကွင်း နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားပြီး အဲဒီ အဝေးကွင်း ပွဲစဉ် ၃ ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘရန့်ဖို့ဒ်ဟာ ဥရောပဝင်ခွင့် လမ်းကြောင်းမှာ အနည်းငယ် နောက်ကျ ကျန်ခဲ့ရပေမယ့်၊ နည်းပြ ဖြစ်သူ ကိတ်သ် အန်ဒရူး ကတော့ အက်တီဟတ်ဒ်ကွင်းက ပွဲရလဒ်ဟာ သူတို့ အသင်းရဲ့ ကစားပုံကို အမှန်အတိုင်း ထင်ဟပ်ခြင်း မရှိဘူးလို့ ယူဆနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


