ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အက်စတွန်ဗီလာက မော်ဂန် ရော်ဂျာစ် ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က ဝက်စ်ဟမ်း ကွင်းလယ်လူ မာသီးယပ်စ် ဖာနန်ဒက်စ် ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
မန်ချက်စတာယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် ရီးရဲလ်မက်ဒရစ်က ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ ကို ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် ဥရုဂွေး လက်ရွေးစင် ကစားသမားဟာ ဘာနေဗျူး ကနေ ထွက်ခွာဖို့ စိတ်ဝင်စားမှု မရှိသေးပါဘူး။
ဂျူဗင်တပ်စ် အသင်းဟာ လစ်ဗာပူးလ် ဂိုးသမား အလီဆွန်ကို နွေရာသီ အတွက် အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ရောင်းချဖို့ အစီအစဉ် မရှိပေမယ့်လည်း အခြေအနေ တစ်ခုကြောင့် ထွက်ခွာသွားရင် အစားထိုးနိုင်ဖို့ တခြား ဂိုးသမားတွေကို စတင် ရှာဖွေနေပြီ ဖြစ်ပါတယ်။
ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် လစ်ဗာပူးလ်ရဲ့ ပစ်မှတ် စာရင်းမှာ ဒေါ့မန် နောက်ခံလူ နီကို ရှလော့တ်တာဘတ်ခ်နဲ့ အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီ တို့ ပါဝင်နေပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က ဘုန်းမောက်ရဲ့ အလွတ်နဲ့ ထွက်ခွာနိုင်မယ့် ကစားသမား ဖြစ်လာမယ့် မာကို့စ် ဆီနက်ဆီ ကိုလည်း အလွန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က အန်းဒရစ်ခ်ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်က ရောင်းချဖို့ ငြင်းဆိုထားပါတယ်။
နယူးကာဆယ် ညာနောက်ခံလူ တီနို လစ်ဗရာမန်တိုက ဒီနွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်မယ်လို့ “ယုံကြည်ချက် အပြည့်” ရှိနေကြောင်း သိရပါတယ်။
ဆန်ဒရို တိုနာလီ ထွက်ခွာသွားနိုင်ခြေ အတွက် ပြင်ဆင်နေတဲ့ နယူးကာဆယ်က လစ်ဗာပူးလ် ကွင်းလယ်လူ ကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သူ့ကို အက်စတွန်ဗီလာနဲ့ အင်တာမီလန်တို့ ကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။
ချဲလ်ဆီး ဂိုးသမား ဖိလစ် ဂျော်ဂျန်ဆန် ကတော့ တူရကီ ကလပ် ဘက်ဆစ်တက်စ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားပါတယ်။ အကယ်၍ ချဲလ်ဆီးက အရောင်းအဝယ် လုပ်ဖို့ ငြင်းဆန်ရင်တော့ ဘက်ဆစ်တက်က အာဆင်နယ် ဂိုးသမား ကီပါ အာရစ်ဇာဘာလာဂါကို ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။
တိုက်စစ်မှူး အီလီ ဂျူနီယာ ခရူပီကို အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ တို့က စိတ်ဝင်စားနေချိန်မှာ ဘုန်းမောက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ (ပေါင် သန်း ၆၀) တောင်းဆိုထားပါတယ်။
ဒီကနေ့ ညမှာ ကစားမယ့် အာဆင်နယ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် အတွက် ဒိုင်လူကြီးအဖွဲ့ကို UEFA က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်ကို ဂျာမန် ဒိုင်လူကြီးအဖွဲ့ ကပဲ တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း UEFA ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒန်နီရယ် ဆီဘတ်က ကွင်းလယ်ဒိုင် အဖြစ် ဆောင်ရွက်မှာ ဖြစ်ပြီး၊ လက်ထောက်ဒိုင်တွေ အဖြစ် ရန်း ဆိုင်ဒယ်နဲ့ ရာဖေးလ် ဖော်လ်တင်တို့က တာဝန်ယူမှာ ဖြစ်သလို၊ စတုတ္ထဒိုင် ကတော့ တိုဘီယပ်စ် စတိုင်လာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


