ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဗင်နီးစီးယက်စ် ဂျူနီယာဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ထပ်မံ ကြန့်ကြာနေတာကြောင့် သူ့ရဲ့ ကိုယ်စားလှယ်တွေက နွေရာသီမှာ အသင်း ကနေ ထွက်ခွာနိုင်ဖို့ အတွက် မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တချို့ကို ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီအခြေအနေကို ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး ကလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။
မန်ချက်စတာစီးတီရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီကို ဒီနွေရာသီမှာ အရ ခေါ်ယူနိုင်မယ်လို့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ဘက်က “ ပိုမိုယုံကြည်မှု ရှိလာတယ်” လို့ သိရပါတယ်။
ဝါရင့် နောက်ခံလူ ဒန်နီ ကာဗာဟယ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒီယိုဂို ဒါးလော့တ်ကို ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်က ဂျိုးဆစ် စတန်နီဆစ် ကိုလည်း စိတ်ဝင်စားနေပါတယ်။
ပီအက်စ်ဂျီ နောက်ခံလူ အာချက်ဖ် ဟာကီမီဟာ သူ့ရဲ့ စာချုပ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ခံစားခွင့်တွေ ရဖို့ အတွက် ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းကို အသုံးချပြီး အသင်းနဲ့ အပေးအယူ လုပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
ဘာစီလိုနာဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ယူရို သန်း ၅၀ ထက် ပိုမပေးနိုင်ဘူးလို့ အပြတ်ပြောထားပါတယ်။ ဒါပေမယ့် အက်တလက်တီကိုမက်ဒရစ် ဘက်ကတော့ အဲလ်ဗာရက်ဇ် အတွက် အဆိုပါ ဈေးနှုန်းရဲ့ နှစ်ဆကျော် (ယူရို သန်း ၁၀၀ ကျော်) အထိ လိုချင်နေတာကြောင့် ညှိနှိုင်းမှုတွေက ခက်ခဲနေပါတယ်။

နောက်ခံလူ ရော်နယ် အရူဟိုရဲ့ အနာဂတ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာမှာ ဆက်ရှိဖို့ မသေချာတော့ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ သူ့အတွက် တရားဝင် ကမ်းလှမ်းလာတဲ့ အသင်း တစ်သင်းမှ မရှိသေးတာကြောင့် ကလပ် အသင်း ဘက်က စိုးရိမ်တကြီး စောင့်ဆိုင်းနေရပါတယ်။
အာဆင်နယ်ဟာ အက်ဖ်အေဖလား၊ ကွာတားဖိုင်နယ်ပွဲမှာ လိဂ်ချန်ပီယံရှစ် ကလပ် ဆောက်သမ်တန်ကို စိတ်ပျက်စရာ အရှုံးပေးခဲ့ရသလို အဓိက နောက်ခံလူ ဂါဘရီရဲယ် ကလည်း ဒဏ်ရာကြောင့် ဒုတိယပိုင်း ပွဲကစားချိန် အတွင်း လူစားလဲခံခဲ့ရပါတယ်။ ဒဏ်ရာ ပြဿနာကြောင့် နိုင်ငံအသင်းရဲ့ ခြေစမ်းပွဲတွေကို လွဲချော်ခဲ့သူ ဂါဘရီရယ်ဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ ပွဲထွက်ကစားခဲ့ပေမဲ့လည်း ပွဲပြီးခါနီး မိနစ် ၂၀ မှာ ဒဏ်ရာရခဲ့လို့ ခံစစ်အတွဲဖော် ဆာလီဘာနဲ့ လူစားလဲခံခဲ့ရပါတယ်။ ကွင်းထဲကနေ ထွက်လာချိန်မှာ ဂါဘရီရယ်ဟာ ပုံမှန်အခြေအနေ အတိုင်း လမ်းလျှောက်နိုင်ခဲ့ပြီး အာဆင်နယ် ပရိသတ်တွေကို လက်ခုပ်တီး အားပေးခဲ့ပေမယ့် မကြာခင် အရန်ခုံတန်း မှာတော့ ဂါဘရီရယ်ရဲ့ ဒူးမှာ ရေခဲအိပ်ကပ်ခဲ့တာ ကိုလည်း တွေ့ခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်း ပိုင်ရှင် တစ်ဦး ဖြစ်သူ ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမားတွေကို ရောင်းချတာ ကနေ ပေါင်သန်း ၁၀၀ အထိ ရရှိဖို့ ပစ်မှတ်ထားနေပါတယ်။ ယူနိုက်တက် အသင်းဟာ ဒီရာသီကုန်မှာ ကစားသမားတွေ ရှင်းထုတ်သွားဖို့ ရှိပြီး အနည်းဆုံး ကစားသမား ၈ ဦး အထိ အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေပါတယ်။ ယူနိုက်တက် ရောင်းချဖို့ စီစဉ်ထားတဲ့သူတွေ ထဲမှာ အူဂါတေး၊ ဇစ်ခ်ဇီး၊ အိုနာနာ၊ ဟွိုက်ဂျ်လန်း၊ ရက်ရှ်ဖို့ဒ်တို့ ပါဝင်နေသလို ကတ်စ်မဲရိုး၊ ဆန်ချို၊ မာလာစီယာ တို့ကတော့ ရာသီကုန်ကျရင် စာချုပ်သက်တမ်းပြည့်မှာ ဖြစ်လို့ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် အသင်း နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ မန်စီးတီးကို ရှုံးခဲ့ပြီးနောက် အသင်း ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။ မန်စီးတီးကို ၄ ဂိုးပြတ် ရှုံးခဲ့တာက လစ်ဗာပူးလ်တို့ အတွက် အတော်လေး အရှက်ရစရာ ဖြစ်ခဲ့ပြီး ခရီးနှင်လာတဲ့ ပရိသတ် ၇၆၀၀ အတွက် ဗန်ဒိုက်ခ်က တောင်းပန်သွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ၄ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရမှု အတွက် လစ်ဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ခ်က အဝေးကွင်း အထိ လာရောက် အားပေးခဲ့ကြတဲ့ ပရိသတ် ၇,၆၀၀ ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


