နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးများ

ဖီဖာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာ ပွဲစစချင်း တစ်မိနစ်အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး စုစုပေါင်း (၁၃) ဂိုး ရှိခဲ့ပါတယ်။ အဲဒီဂိုးတွေထဲက အမြန်ဆုံး ဂိုးတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

ပွဲစစချင်း တစ်မိနစ် အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးများ

  • ၁၁ စက္ကန့်: ဟာကန်ရှူးကော (တူရကီ) – ၂၀၀၂ ဇွန်လ ၂၉ ရက် (တောင်ကိုရီးယားနဲ့ ပွဲ)
  • ၁၅ စက္ကန့်: ဗားကလပ် မာဆက်ခ် (ချက်ကိုစလိုဗက်ကီးယား) – ၁၉၆၂ ဇွန်လ ၇ ရက် (မက္ကဆီကိုနဲ့ ပွဲ)
  • ၂၅ စက္ကန့်: အားနပ်စ် လီနာ (ဂျာမနီ) – ၁၉၃၄ ဇွန်လ ၇ ရက် (သြစတြီးယားနဲ့ ပွဲ)
  • ၂၈ စက္ကန့်: ဘရိုင်ယန် ရော့ပ်ဆင် (အင်္ဂလန်) – ၁၉၈၂ ဇွန်လ ၁၆ ရက် (ပြင်သစ်နဲ့ ပွဲ)
  • ၃၀ စက္ကန့်: ကလင့် ဒမ်ဆေး (အမေရိကန်) – ၂၀၁၄ ဇွန်လ ၁၆ ရက် (ဂါနာနဲ့ ပွဲ)
  • ၃၁ စက္ကန့်: ဘားနတ် လာကွန်ဘီ (ပြင်သစ်) – ၁၉၇၈ ဇွန်လ ၂ ရက် (အီတလီနဲ့ ပွဲ)
  • ၃၅ စက္ကန့်: အာနီ နိုက်ဘတ် (ဆွီဒင်) – ၁၉၃၈ ဇွန်လ ၁၆ ရက် (ဟန်ဂေရီနဲ့ ပွဲ)
  • ၃၅ စက္ကန့်: အီမေး ဗီနန့် (ပြင်သစ်) – ၁၉၃၈ ဇွန်လ ၅ ရက် (ဘယ်လ်ဂျီယံနဲ့ ပွဲ)
  • ၅၀ စက္ကန့်: ပတ်ဆွန်းဂျင် (မြောက်ကိုရီးယား) – ၁၉၆၆ ဇူလိုင် ၂၃ ရက် (ပေါ်တူဂီနဲ့ ပွဲ)
  • ၅၀ စက္ကန့်: ဖလော်ရီယန် အဲလ်ဘတ် (ဟန်ဂေရီ) – ၁၉၆၂ ဇွန်လ ၃ ရက် (ဘယ်လ်ဂျီယံနဲ့ ပွဲ)
  • ၅၀ စက္ကန့်: အဒါဘာ့တ် ဒယ်ဆူး (ရိုမေးနီးယား) – ၁၉၃၀ ဇွန်လ ၁၄ ရက် (ပီရူးနဲ့ ပွဲ)
  • ၅၂ စက္ကန့်: ဆယ်လ်ဆို အာယာလာ (ပါရာဂွေး) – ၁၉၉၈ ဇွန်လ ၂၄ ရက် (နိုင်ဂျီးရီးယားနဲ့ ပွဲ)
  • ၅၅ စက္ကန့်: ဇန်ကာ (ဒိန်းမတ်) – ၂၀၁၈ ဇူလိုင် ၁ ရက် (ခရိုအေးရှားနဲ့ ပွဲ)
 

စံချိန်တင် သွင်းဂိုးရှင် ဟာကန် ရှူးကော

ဒါကြောင့် သူဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် လူစားဝင် ကစားသမား တစ်ဦးရဲ့ အမြန်ဆုံး သွင်းဂိုး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
လူစားဝင်လာပြီး ၁၆ စက္ကန့်မှာတင် ဂိုးသွင်းနိုင်ခဲ့တဲ့ ရစ်ချက်ဒ် မိုရာလက်စ်

တူရကီ တိုက်စစ်မှူး ဟာကန် ရှူးကော ကတော့ ကမ္ဘာ့ဖလား သမိုင်းရဲ့ အမြန်ဆုံး ဂိုးသွင်းရှင် အဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ အိမ်ရှင် တောင်ကိုရီးယားနဲ့ ကစားခဲ့ရာ ပွဲစပြီး ၁၁ စက္ကန့် အတွင်းမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတာက အဲဒီအချိန်တုန်းက တောင်ကိုရီးယား အသင်းဟာ စတင်ဘော ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေက် ဘောလုံး ၃ ကြိမ်ခန့် ပေးပို့ အပြီးမှာ နောက်ခံလူ ဟောင်မြောင်ဘို အာရုံစူးစိုက်မှု လွတ်သွားခြင်းကို အခွင့်ကောင်းယူကာ အီလ်ဟန် မန်ဆစ်က ဘောလုံးလုယူပြီး ရှူးကောဆီ ပေးပို့ခဲ့ရာ ရှူးကောက ပင်နယ်တီ ဧရိယာ အတွင်းမှာ အမှားအယွင်း မရှိ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ရှူးကောဟာ အဲဒီ ပြိုင်ပွဲမှာ ယခင် ၅ ပွဲမှာ ၈ ကြိမ် အထိ ဂိုးပေါက် ကန်သွင်းခဲ့ပေမယ့်လည်း ဂိုး တစ်ဂိုးမှ မရရှိခဲ့ပါဘူး။ အဲဒီ စံချိန်တင် ဂိုးဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ တစ်လုံးတည်းသော ဂိုး ဖြစ်ခဲ့ပြီး တူရကီအား တောင်ကိုရီးယားကို ၃-၂ နဲ့ အနိုင်ရကာ တတိယဆု ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ စံချိန် မတိုင်ခင် ၁၉၆၂ ခုနှစ်မှာ ဗားကလပ် မာဆက်ခ် သွင်းယူခဲ့တဲ့ ၁၅ စက္ကန့်ဂိုးက အမြန်ဆုံး ဖြစ်ခဲ့ပါတယ်။ မာဆက်ခ်ရဲ့ ဂိုးမှာလည်း မက္ကဆီကို အသင်းက စပေးဘော ရခဲ့ပေမယ့်လည်း ကွင်းလယ်မှာ ဘောလုံး ပေးပို့မှု မှားယွင်းရာက တဆင့် ချက်ကိုစလိုဗက်ကီးယားက ရရှိသွားကာ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အမြန်ဆုံး ကိုယ့်ဂိုးကိုယ်သွင်းမိခြင်း

ဘော့စနီးယားက ဆိဒ် ကိုလာစီနက်ခ် ကတော့ ကမ္ဘာ့ဖလား သမိုင်းမှာ အမြန်ဆုံး ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၄ ခုနှစ် အုပ်စု အဆင့်တွင် အာဂျင်တီးနားနဲ့ ကစားခဲ့ရာ ပွဲစပြီး ၁၃၀ စက္ကန့် (၂ မိနစ် ၁၀ စက္ကန့်) အတွင်းမှာပဲင် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ ပြစ်ဒဏ်ဘော ကန်ချက်ကို အာဂျင်တီးနား ကစားသမား တစ်ဦးက ခေါင်းတိုက်လိုက်ရာ ကိုလာစီနက်ခ်ရဲ့ ခြေထောက်နှင့် ထိပြီး ဂိုးထဲသို့ ဝင်သွားခဲ့ခြင်း ဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အမြန်ဆုံး ပင်နယ်တီဂိုး

၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ နယ်သာလန်နဲ့ အနောက် ဂျာမနီတို့ ယှဉ်ပြိုင် ကစားစဉ် နယ်သာလန်က ယိုဟန် နီးစကင်းစ်က ပွဲစပြီး ၁ မိနစ် ၂၆ စက္ကန့် အတွင်း အမြန်ဆုံး ပင်နယ်တီဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲစပြီး ၄၅ စက္ကန့် အတွင်းမှာ နယ်သာလန် ဂန္ထဝင် ကစားသမား ယိုအန် ခရိုက်ဖ်ကို အူလီ ဟိုးနက်စ်က ဧရိယာအတွင်း ဖျက်ထုတ်ခဲ့ရာမှ ပင်နယ်တီ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ယနေ့တိုင် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေထဲမှာ အမြန်ဆုံး သွင်းဂိုး အဖြစ်လည်း စံချိန်တင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲမှာ နယ်သာလန်တို့ နောက်ဆုံးမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလား မရရှိခဲ့ပေမယ့်လည်း သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်း တစ်သင်း အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။

 

လူစားဝင်ကစားသမားရဲ့ အမြန်ဆုံး သွင်းဂိုး

ဥရုဂွေး ကစားသမား ရစ်ချက် မိုရာလက်စ် ကတော့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ဆီနီဂေါနဲ့ ကစားစဉ် လူစားဝင်ပြီး ၁၆ စက္ကန့်အတွင်းမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် လူစားဝင် ကစားသမား တစ်ဦးရဲ့ အမြန်ဆုံး သွင်းဂိုး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အဲဒီပွဲမှာ ဥရုဂွေးတို့ ပထမပိုင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် ဒုတိယပိုင်း အစမှာ မိုရာလက်စ်နဲ့ ဒီယေဂို ဖိုလန် တို့ကို လူစားလဲခဲ့ပါတယ်။ မိုရာလက်စ်ဟာ ဒုတိယပိုင်း စတင်ပြီး ၁၆ စက္ကန့် အတွင်း မှာပဲ အသင်း အတွက် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဥရုဂွေးဟာ ၃-၃ နဲ့ သရေကျအောင် ပြန်လည် ကစားနိုင်ခဲ့ပေမယ့်လည်း အမှတ်မလုံလောက်မှုကြောင့် ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်