မက္ကဆီကို အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါ်တူဂီ အသင်းဟာ ဂိုးပေါက် ပျောက်ဆုံးခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒို မပါဝင်တဲ့ ပေါ်တူဂီ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြ ဟိုဆေး မော်ရင်ညိုက အားမလိုအားမရ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပဖို့က ရက် ၇၀ တောင် မလိုတော့ချိန်မှာ ပေါ်တူဂီက ခြေစွမ်းပိုင်းမှာ လိုအပ်ချက်တွေ များစွာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က Estadio Aztecaမှာ ကစားခဲ့တဲ့ မက္ကဆီကိုနဲ့ ပွဲမှာ ပေါ်တူဂီက ဂိုးမရှိသရေ (၀-၀) ဖြင့်သာ ပွဲပြီးဆုံးခဲ့ပြီး အိမ်ရှင် အသင်းရဲ့ ခံစစ်ကို ဖောက်ထွက်နိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရတာပါ။ လက်ရှိမှာ ရော်နယ်ဒိုဟာ ကြွက်သား ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပြီး သူ့ရဲ့ နေရာမှာ ဂွန်ကာလို ရာမို့စ်က ဦးဆောင် ကစားနေပါတယ်။ အဲဒီပွဲမှာ ပေါ်တူဂီက ဂိုးပေါက် ခြိမ်းခြောက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ကတော့ ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်၊ ယာအို ကန်ဆယ်လိုနဲ့ ပက်ဒရို နက်တိုတို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် နည်းပြ ရော်ဘတ်တို မာတီနက်ဇ် အတွက် စိတ်ပျက်စရာ ရလဒ် ဖြစ်ခဲ့ရပါတယ်။
လာမယ့် ဇွန်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲက လက်ရှိမှာ တော်တော်လေး နီးကပ်နေပြီ ဖြစ်တာကြောင့် မော်ရင်ညိုက ပေါ်တူဂီရဲ့ အခြေအနေကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ ပေါ်တူဂီ အသင်းထဲ ကနေ ခရစ္စတီယာနို ရော်နယ်ဒိုကို ဖယ်ထုတ်လိုက်မယ် ဆိုရင် ဒီအသင်းဟာ လမ်းဘေးက မြင်တွေ့နေကျ သာမန် အသင်း တစ်သင်း လိုပဲ ဖြစ်သွားပါလိမ့်မယ်။” လို့ သူက ဆိုပါတယ်။

“လူတွေက သူ့ကို အသင်းထဲ မခေါ်ဖို့ ခဏခဏ ပြောနေကြတယ်။ ကဲ… အခု သူ မကစားတဲ့ ပွဲမှာ ရလဒ်ကို မြင်ကြပြီ မဟုတ်လား။ တိုက်စစ် ကလည်း မခြိမ်းခြောက်နိုင်သလို ပြိုင်ဘက် ကလည်း လုံးဝ မကြောက်တော့ဘူး။ မက္ကဆီကိုရဲ့ ဖိအားပေးတာ ကိုပဲ ခံနေရတဲ့ အသင်းတစ်သင်း ဖြစ်သွားတာပါ။ ရော်နယ်ဒို ကွင်းထဲမှာ ရှိနေရင် ပြိုင်ဘက်တွေက အမြဲတမ်း တွန့်ဆုတ်နေတတ်ကြတယ်။ သူ မရှိတော့ရင်တော့ သူတို့က ဘာမှစဉ်းစားမနေတော့ဘဲ လွတ်လွတ်လပ်လပ် ကစားကြတော့တာပဲ။” လို့ မော်ရင်ညိုက ဆက်လက် ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ အမေရိကန်နဲ့ ခြေစမ်းပွဲ ဆက်လက် ကစားဖို့ ရှိနေပြီး ရော်နယ်ဒို ကတော့ ဒဏ်ရာကြောင့် ဆက်လက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။ အကယ်၍ ရော်နယ်ဒိုသာ ဒဏ်ရာ ကနေ အချိန်မီ ပြန်ကောင်းလာခဲ့ရင် ဇွန်လ ၁၇ ရက်နေ့မှာ ကွန်ဂို သို့မဟုတ် ဂျမေကာနဲ့ စတင်ရမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ပါဝင် ကစားနိုင်ဖို့ ရှိနေပါတယ်။ ဒီတစ်ကြိမ် ပြိုင်ပွဲ ကတော့ ရော်နယ်ဒို အတွက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား အဖြစ် စံချိန်တင်နိုင်မှာလည်း ဖြစ်ပါတယ်။
အဲလ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၂၂၆ ပွဲ ကစားပြီး ၁၄၃ ဂိုး သွင်းယူပေးထားပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့ အတူ ယူရို၊ နေးရှင်းလိဂ် (၂ ကြိမ်) ဆုဖလားတွေ ရရှိထားထားပြီး ဖြစ်ပေမယ့် ကမ္ဘာ့ဖလား ကတော့ သူ့ အတွက် လစ်လပ်နေတဲ့ ပဟေဠိ အပိုင်းအစ တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီဟာ ကမ္ဘာ့ဖလားမှာ ဆိုရင် ရုန်းကန်ရတတ်သလို အစဉ်အလာ သိပ်မရှိတဲ့ အသင်း ဖြစ်နေတာကြောင့် ဒီနှစ် မှာရော ရော်နယ်ဒို တစ်ယောက် အသဲကွဲရဦးမလား။ ဒါမှမဟုတ် အားလုံးရဲ့ ခန့်မှန်းချက်တွေ ဖောက်ထွက်ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ခံယူသွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


