နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘယ်လ်ဂျီယံကို ဂိုးပြတ် ရှုံးခဲ့တဲ့တာက ပိုချက်တီနိုနဲ့ အမေရိကန် အတွက် အရေးကြီးတဲ့ အချက်ပေး ခေါင်းလောင်သံလား

အတ္တလန္တာမြို့က Mercedes-Benz ကွင်းမှာ ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ အမေရိကန်က ဘယ်လ်ဂျီယံကို ၅-၂ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ဖို့ ရက်ပေါင်း ၇၀ ကျော်သာ လိုတော့တဲ့ အချိန်မှာ အမေရိကန် အတွက်တော့ အရေးကြီတဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်ခဲ့မှာ သေချာပါတယ်။

ပထမပိုင်းမှာ အမေရိကန်တို့ ခြေစွမ်းပြနိုင်ခဲ့ပြီး ၃၉ မိနစ်မှာ ဝက်စတန် မက်ကင်နီရဲ့ လှပတဲ့ ကန်ချက်နဲ့ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ အမေရိကန် အသင်းဟာ ရုတ်တရက် ပြိုလဲသွားခဲ့ပြီး ကမ္ဘာ့အဆင့် ၉ ရှိတဲ့ ဘယ်လ်ဂျီယံရဲ့ တရစပ် တိုက်စစ်ဆင်မှုတွေကို ခံခဲ့ရတာပါ။ ဒါဟာ နည်းပြ မော်ရူစီယို ပိုချက်တီနို လက်ထက်မှာ ပထမဆုံး အကြိမ် ၅ ဂိုး အထိ ပေးလိုက်ရတာ ဖြစ်ပါတယ်။ အမေရိကန်က လာမယ့် အင်္ဂါနေ့ မှာတော့ ကမ္ဘာ့ဖလား မတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် ကမ္ဘာ့အဆင့် ၅ ရှိတဲ့ ပေါ်တူဂီနဲ့ ထပ်မံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

၁။ အမေရိကန် ခံစစ်အစွန်လူတွေရဲ့ အစောပိုင်း ထိုးဖောက်နိုင်စွမ်း

နည်းပြ ပိုချက်တီနိုက ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပေမယ့် အမေရိကန်ရဲ့ ခံစစ်အစွန်လူတွေ ဖြစ်တဲ့ တင်မိုသီ ဝီယာ့နဲ့ အန်တိုနီ ရော်ဘင်ဆင် တို့က တိုက်စစ် လိုက်ပါ ကစားပေးခဲ့တာကြောင့် ပထမပိုင်းမှာ ဘယ်လ်ဂျီယံကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဖူလ်ဟမ် နောက်ခံလူ ရော်ဘင်ဆင်ဟာ အသင်းနဲ့ ရက် ၅၀၀ နီးပါး ဝေးကွာနေခဲ့ပေမယ့် ပွဲစကတည်းက အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။ 

အမေရိကန်က လာမယ့် အင်္ဂါနေ့ မှာတော့ ကမ္ဘာ့ဖလား မတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် ကမ္ဘာ့အဆင့် ၅ ရှိတဲ့ ပေါ်တူဂီနဲ့ ထပ်မံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လာမယ့် ကမ္ဘာ့ဖလား မတိုင်ခင် ကြီးမားတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ရဖို့ ရှိနေတဲ့ အမေရိကန်

မာဆေးလ်မှာ နောက်ခံလူ အဖြစ် ကစားနေရတဲ့ တင်မ် ဝီယာ့ ကလည်း သူ့ရဲ့ အမြန်နှုန်းကို အသုံးချပြီး ခရစ္စတီယန် ပူလီဆစ်နဲ့ တွဲဖက်ကာ တိုက်စစ် လမ်းကြောင်းတွေကို ဖန်တီးနိုင်ခဲ့သလို၊ မန်စီးတီး ကြယ်ပွင့် ဂျရယ်မီ ဒိုကု ကိုလည်း ခံစစ်မှာ တစ်ဦးချင်း လိုက်လံ ပိတ်ဆို့နိုင်ခဲ့ပါတယ်။

 

၂။ ခံစစ်ပိုင်း အားနည်းချက်တွေ ဆက်တိုက် ဖြစ်ပေါ်လာခြင်း

တင်မ် ဝီယာ့ အနေနဲ့ ဒိုကုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ခံစစ်ရော၊ တိုက်စစ်လိုက်ပါဖို့ပါ တာဝန်ယူခဲ့ရတဲ့ သူ့ အတွက် ဝန်ထုပ်ဝန်ဖိုး ဖြစ်ခဲ့ရပါတယ်။ ခံစစ် တစ်ခုလုံး အနေနဲ့ ဒိုကုရဲ့ ပေးပို့မှုတွေကို ကြိုတင် ဟန့်တားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘယ်လ်ဂျီယံရဲ့ ပထမဂိုးနဲ့ ဒုတိယဂိုးတွေဟာ ဒိုကုရဲ့ ဘေးတောင်ပံ ကနေ ဖြတ်တင် ပေးပို့မှုတွေ ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ကွင်းလယ် ကစားသမားတွေဟာ ခံစစ်ပိုင်းမှာ ဟန်ချက် မညီပဲ ဘယ်လ်ဂျီယံရဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေမှာ ပျောက်ချက်သား ကောင်းနေခဲ့ပါတယ်။ ကွင်းလယ် ကနေ ခံစစ်ကို ကာကွယ်ပေးနိုင်မှု မရှိတာကြောင့် နောက်တန်း ကစားသမားတွေ အကြားမှာ ဟာကွက်တွေ ဖြစ်ပေါ်ခဲ့ပြီး ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။

 

၃။ အမေရိကန် ဘာကြောင့် အလွယ်တကူ ပြိုလဲသွားခဲ့သလဲ

ပထမပိုင်းမှာ အမေရိကန် အသင်းဟာ ကမ္ဘာ့အဆင့် ၁၀ အတွင်းက အသင်း တစ်သင်းလို တောင့်တောင့်တင်းတင်း ကစားနိုင်ခဲ့ပါတယ်။ ဇီနို ဒီဘတ်စ်က ဘယ်လ်ဂျီယံ အတွက် ချေပဂိုး သွင်းခဲ့ပေမယ့် အမေရိကန်တို့ စိတ်ဓာတ်မကျခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ဝါရင့်ဂိုးသမား မတ်တန်နာ တစ်ယောက် ဒုတိယဂိုးနဲ့ တတိယဂိုးတွေ ဆက်တိုက် ပေးလိုက်ရချိန် မှာတော့ တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့ပါတယ်။ တန်နာဟာ ပထမပိုင်းမှာ လက်စွမ်းပြနိုင်ခဲ့ပေမယ့် တင် ရင်းမ်ရဲ့ လက်ထိဘောကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီ နောက်ပိုင်း မှာတော့ လုံးဝကို စိတ်ဓာတ်ပျက်ပြားသွားပုံ ရပါတယ်။ ကမ္ဘာ့ဖလားမှာ ပွဲထွက်ခွင့်ရဖို့ ကြိုးစားနေတဲ့ သူ့အတွက်တော့ ဒီပွဲက စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

ပွဲပြီးခါနီး မှာတော့ လူစားဝင် တိုက်စစ်မှူး ပက်ထရစ် အက်ဂ်ယီမန်က အမေရိကန် အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပေမယ့် ရှုံးနိမ့်မှု ကိုတော့ မပြင်ဆင်နိုင်ခဲ့ပါဘူး။ အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ ပိုချက်တီနိုရဲ့ အမေရိကန် အတွက် ဒီနိုင်ငံတကာ ခြေစမ်းပွဲ ဂိုးပြတ် အရှုံးက လာမယ့် ကမ္ဘာ့ဖလား အတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်