ဒီရာသီ လစ်ဗာပူးလ်ရဲ့ အခြေအနေတွေက တဖြည်းဖြည်း ဆိုးရွားလာနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းနေပြီး သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ လွဲချော်မယ့် အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် အနိုင်မရရှိခဲ့ခြင်းက ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကိုလည်း ဝေဝါးနေစေပါတယ်။ နည်းပြ အာနေး ဆလော့တ် အနေနဲ့ အသင်းရဲ့ ဆိုးရွားနေတဲ့ အခြေအနေတွေကို လက်ရှိအချိန်ထိ မဖြေရှင်းနိုင်သေးပေမယ့်လည်း ယခု မတ်လ နိုင်ငံတကာ ရက်သတ္တပတ်က အသင်းရဲ့ ပြဿနာတွေကို ငြိမ်သက်သွားစေနိုင်မယ့် အခွင့်အရေးကောင်း တစ်ခု ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။
၁။ နည်းပြ အာနေး ဆလော့တ်နှင့် ပတ်သက်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ရန်
အများစုက ယခု နိုင်ငံတကာ ပွဲစဉ် နားရက်တွေက ဆလော့တ်ကို ရာထူး ကနေ ထုတ်ပယ်ဖို့ အကောင်းဆုံး အချိန် ဖြစ်ကြောင်း ပြောဆိုမှုတွေ ရှိနေကြပါတယ်။ အကယ်၍ နည်းပြသစ် ခန့်အပ်လိုရင်တော့ အသင်းရဲ့ လုပ်ထုံးလုပ်နည်းအရ စောစောစီးစီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ ဒါမှသာ နည်းပြသစ် အနေနဲ့ အသင်းနဲ့ အသားကျဖို့ အချိန်ရမှာ ဖြစ်ပြီး ပြည်တွင်း ပွဲစဉ်များ ပြန်လည်စတင်ချိန်တွင် ယုံကြည်မှုအပြည့်နှင့် ချဉ်းကပ်နိုင်မည်ဖြစ်သည်။
လက်တွေ့ မှာတော့ လစ်ဗာပူးလ် အနေနဲ့ ဒီလ အတွင်း နည်းပြ အပြောင်းအလဲ လုပ်နိုင်ခြေ အလွန် နည်းပါးနေပါတယ်။ ဆလော့တ်ဟာ ဖိအားတွေ အောက်မှာ ရှိနေပေမယ့်လည်း လစ်ဗာပူးလ် အသင်းဟာ ထိပ်တန်း တာဝန်ရှိသူတွေ အပေါ်မှာ လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ချလေ့ မရှိဘဲ နွေရာသီကျမှသာ သုံးသပ်ချက်တွေ ပြုလုပ်ဖွယ် ရှိနေပါတယ်။
၂။ တိုက်စစ်ပိုင်းအတွက် ပွဲထွက်လူစာရင်းကို အဖြေရှာရန်

လစ်ဗာပူးလ်ဟာ ၄-၂-၃-၁ ကစားကွက် အစား တိုက်စစ်မှူး နှစ်ဦး တွဲဖက် ကစားစေတဲ့ ဂါလာတာဆာရေးနဲ့ ပွဲမှာ အထင်ကြီးဖွယ် ရလဒ်ကို ရရှိခဲ့သည်။ ဒါပေမယ့်လည်း မိုဟာမက် ဆာလာ ဒဏ်ရာရရှိသွားခြင်းက အသင်း အတွက် အခက်တွေ့စေခဲ့သည်။ သူ့ရဲ့ နေရာမှာ အစားထိုး ကစားနေတဲ့ ကိုဒီ ဂက်ခ်ပိုရဲ့ ခြေစွမ်း ကလည်း လက်ရှိမှာ ဝေဖန်မှု များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ နည်းပြ ဆလော့တ် အနေနဲ့ လူငယ် ကစားသမား ရီယို အန်ဂူမိုဟာကို အသုံးပြုဖို့ ဝန်လေးနေပေမယ့်လည်း ဂက်ခ်ပိုကို ဆက်လက် အသုံးပြုနေခြင်းက ဘယ်သူ့ အတွက်မှ အကျိုးမရှိနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ အိဆက်ခ် ပြန်လာခြင်းက ကစားကွက် ပြောင်းလဲဖို့ အခွင့်အရေး ဖြစ်ပေမယ့်လည်း ဒဏ်ရာ ကနေ အကြာကြီး နားခဲ့ရသည့် အိဆက်ခ် ဆီကနေ ချက်ချင်း ခြေစွမ်းကောင်းရဖို့ မျှော်လင့်ခြင်း ကလည်း Risk များလွန်းပါတယ်။
၃။ မိနစ် ၉၀ နောက်ပိုင်း ဂိုးပေးနေရမှုကို ရပ်တန့်ရန်
ပရီးမီးယားလိဂ် သမိုင်းမှာ မိနစ် ၉၀ နောက်ပိုင်း သွင်းဂိုးတွေကြောင့် တစ်ရာသီ အတွင်း ၅ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ အသင်း ဆိုလို လစ်ဗာပူးလ်ပဲ ရှိပါသေးတယ်။ ဒီအချက်က အခုရာသီ လစ်ဗာပူးလ် ခံစစ်ရဲ့ အားနည်းချက်ကို အရှင်းသား ပြသနေပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်ခါနီးတိုင်း လစ်ဗာပူးလ်က အလွယ်တကူ ပြိုလဲတတ်တဲ့ အလေ့အထဆိုးကြီးကို ပြင်ဆင်ဖို့ လိုအပ်နေတာပါ။ ဒါဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ပြဿနာလား ဒါမှမဟုတ် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်လား ဆိုတာကို အမြန်ဆုံး ဖြေရှင်းရမှာ ဖြစ်ပါတယ်။
၄။ ကစားသမားတွေကို အနားပေးရန်
ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကစားသမား တချို့ရဲ့ ပင်ပန်းနွမ်းနယ်နေမှုကို အရှင်းသား မြင်တွေ့ခဲ့ရပါတယ်။ လစ်ဗာပူးလ်မှာ စီနီယာ ကစားသမား ၁၄ ဦး အထိ နိုင်ငံတကာ ပွဲစဉ်တွေ အတွက် ခေါ်ယူခံထားရပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေ ကနေ ပြန်လာတာနဲ့ မန်စီးတီး (အက်ဖ်အေဖလား)၊ ပီအက်စ်ဂျီ (ချန်ပီယံလိဂ်) တို့နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေ အပြင် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အရေးကြီး ပွဲစဉ်တွေပါ ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းမှာ ကျန်ရှိနေခဲ့တဲ့ ကစားသမားတွေကို အနားပေးဖို့က နည်းပြ အာနေး ဆလော့တ်အတွက် ထိပ်တန်း ဦးစားပေး ဖြစ်ဖို့ လိုအပ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


