နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စီးရီးအေ Top 4 ပြိုင်ဆိုင်မှုမှာ ဂျူဗင်တပ်စ်က ရိုးမားနဲ့ ကိုမိုတို့ထက် ပိုမိုအားကောင်းတယ်လို့ ဆိုလိုက်တဲ့ ကွန်စီကာအို

ဂျူဗင်တပ်စ်ဟာ စီးရီးအေ အဆင့် (၄) အတွင်းဝင်ဖို့ ပြိုင်ဆိုင်မှုမှာ ရိုးမားနဲ့ ကိုမို တို့ထက် ပိုမို တောင့်တင်းတယ်လို့ တိုက်စစ် ကစားသမား ဖရန်စစ္စကို ကွန်ဆီကာအိုက ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီနေ့ညကမှာ အူးဒီးနီးစ်ရဲ့ Bluenergy ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး အနိုင်ရခဲ့ရင် အဆင့် (၄) နေရာကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။

လောလောဆယ်မှာ နည်းပြ လူစီယာနို စပယ်လက်တီရဲ့ ဂျူဗင်တပ်စ်က စီးရီးအေ အဆင့် (၆) နေရာမှာ ရပ်တည်နေပြီး အဆင့် (၅) က ရိုးမားနဲ့ အဆင့် (၄) က ကိုမို တို့ရဲ့ အနောက်မှာ ၁ မှတ်သာ ကွာဟပါတော့တယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ချန်ပီယံလိဂ် ဝင်ခွင့် နောက်ဆုံး နေရာ (Top 4) ကို ရရှိဖို့ ရေပန်းအစားဆုံး အသင်းတွေ ကတော့ ကိုမို (၃၈.၃ ရာခိုင်နှုန်း)၊ ဂျူဗင်တပ်စ် (၃၅.၄ ရာခိုင်နှုန်း)၊ ရိုးမား (၃၂.၉ ရာခိုင်နှုန်း) တို့ပဲ ဖြစ်ပါတယ်။

စပယ်လက်တီ ဂျူဗင်တပ်စ်ကို စတင်ကိုင်တွယ်ခဲ့တဲ့ အောက်တိုဘာ ၃၀ နောက်ပိုင်းမှာ အသင်းဟာ ၁၉ ပွဲ ကနေ ၃၅ မှတ်အထိ ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ စီးရီးအေမှာ အင်တာမီလန် (၄၉ မှတ်) နဲ့ အေစီမီလန် (၄၂ မှတ်) တို့ ပြီးရင် တတိယမြောက် အမှတ်အများဆုံး ရရှိထားတဲ့ စွမ်းဆောင်ရည် (ကိုမို၊ နာပိုလီ တို့နဲ့ တူညီ) ဖြစ်ပါတယ်။

ကွန်ဆီကာအို ကတော့ “ကျွန်တော် ကတော့ ဂျူဗင်တပ်စ် ကိုပဲ ရွေးမှာပါ။ တခြား အသင်းတွေ ဘယ်သူပါမလဲ ဆိုတာထက် ကျွန်တော်တို့ ကိုယ်တိုင် အဲ့ဒီနေရာမှာ ရှိနေဖို့က ပိုအရေးကြီးပါတယ်။ ကျွန်တော် တို့မှာ အရည်အချင်း ရှိတယ် ဆိုတာ သိသလို အဲ့ဒီအတွက်လည်း ကြိုးစားနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ စီးရီးအေမှာ အင်တာမီလန် (၄၉ မှတ်) နဲ့ အေစီမီလန် (၄၂ မှတ်) တို့ ပြီးရင် တတိယမြောက် အမှတ်အများဆုံး ရရှိထားတဲ့ စွမ်းဆောင်ရည် (ကိုမို၊ နာပိုလီ တို့နဲ့ တူညီ) ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ နောက်ဆုံး ၁၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ အူးဒီးနီးစ်

ဒါ့အပြင် မန်စီးတီးနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ၎င်းရဲ့ စီနီယာ ဘာနာဒို ဆေးလ်ဗား ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာနိုင်ခြေနဲ့ ပတ်သက်ပြီး “ဘာနာဒိုက ကစားသမားကောင်း တစ်ယောက်ပါ။ ဘယ်အသင်းမဆို သူ့ကို အသင်းထဲမှာ ရှိနေစေချင်ကြမှာပါ။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီပွဲ အတွက် စောင့်ကြည့်ရမယ့် ကစားသမားတွေ အဖြစ် အူးဒီးနီးစ် ဘက်က ကိုင်နန် ဒေးဗစ် ကို ရွေးချယ်ထားချင်ပါတယ်။ အင်္ဂလန်သား ကစားသမား ဒေးဗစ်ဟာ ဖီအိုရင်တီးနားနဲ့ အတ္တလန္တာ တို့ကို ဂိုးသွင်းထားပြီး အခုပွဲမှာပါ ထပ်သွင်းနိုင်ရင် ဥရောပ ထိပ်သီးလိဂ် ကစားသမားဘဝမှာ ပထမဆုံး အကြိမ် ၃ ပွဲဆက် ဂိုးသွင်းနိုင်မှာ ဖြစ်ပါတယ်။ သူသာ ၁၀ ဂိုး ပြည့်ခဲ့ရင် တမ်မီ အေဘရာဟမ်၊ ဒေးဗစ် ပလက်နဲ့ ဂျရတ် ဟစ်ချ်ဆန် တို့ပြီးရင် စီးရီးအေ တစ်ရာသီ အတွင်း ၁၀ ဂိုးနဲ့ အထက် သွင်းနိုင်တဲ့ ၄ ယောက်မြောက် အင်္ဂလန် ကစားသမား ဖြစ်လာမှာပါ။

ဂျူဗင်တပ်စ် ဘက်မှာတော့ ကီနန် ယီလ်ဒစ်ဇ်ကို စောင့်ကြည့်ရမှာ ဖြစ်ပြီး တူရကီသာားဟာ လက်ရှိမှာ ၉ ဂိုး သွင်းယူထားပြီး အသက် ၂၁ နှစ်မပြည့်ခင် ဂျူဗင်တပ်စ် သမိုင်းမှာ တစ်ရာသီ အတွင်း ၁၀ ဂိုးပြည့်အောင် သွင်းနိုင်တဲ့ ပထမဆုံး နိုင်ငံခြားသား ကစားသမား ဖြစ်လာဖို့ နီးစပ်နေပါတယ်။

အူးဒီးနီးစ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ စီးရီးအေ ၈ ပွဲမှာ ဂျူဗင်တပ်စ်က ၇ ပွဲအထိ နိုင်ထားပါတယ်။ အူးဒီးနီးစ်ဟာ ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ နောက်ဆုံး ၁၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရဖူးပါတယ်။ ဂျူဗင်တပ်စ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၄ ပွဲစလုံးမှာ အနည်းဆုံး ၃ ဂိုးစီ ပေးထားရပါတယ်။ Opta ရဲ့ အနိုင်ရနိုင်ခြေ ခန့်မှန်းချက် မှာတော့ အူးဒီးနီးစ် က ၁၈.၂ ရာခိုင်နှုန်း၊ သရေကျနိုင်ခြေ: ၂၃ ရာခိုင်နှုန်းနဲ့ ဂျူဗင်တပ်စ် အနိုင်ရနိုင်ခြေ ၅၈.၈ ရာခိုင်နှုန်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်