နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကာရစ်ခ်ကို အရှုံးဆိုတာ ဘာလဲ သိသွားစေခဲ့တဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ နယူးကာဆယ်က အိုဆူလာရဲ့ နောက်ကျဂိုးနဲ့ မန်ချက်စတာယူနိုက်တက်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ အနိုင်ရသွားပါတယ်။ ငှက်ကြားတွေဟာ ပွဲချိန် တစ်ဝက်လောက် ကစားသမား တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် အဖိုးတန် နိုင်ပွဲ ရယူနိုင်ခဲ့ပြီး အရှုံးဆိုတာ ဘာလဲ မသိတော့ဘူး ဆိုတဲ့ ယူနိုက်တက်ကို ဆုံးမနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ်ခ် အနေနဲ့ အသင်းကို တာဝန်ယူပြီး နောက်ပိုင်း ပထမဆုံး လိဂ် ၁၀ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်တင်ဖို့ နီးစပ်ခဲ့တာပါ။ ဒါပေမယ့် ဒီပွဲမှာတော့ အဲဒီ မှတ်တမ်းက ရပ်တန့်သွားခဲ့ရပြီး လစ်ဗာပူးလ်နဲ့ အက်စတွန်ဗီလာတို့ ရှုံးနိမ့်ခဲ့သည့် တိုင်အောင် ယူနိုက်တက်တို့ အဆင့် (၄) နေရာ အတွက် အမှတ်ဖြတ်နိုင်မယ့် အခွင့်အရေး ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

ပထမပိုင်း နာကျင် အချိန်ပိုအတွင်းမှာ နယူးကာဆယ် ကစားသမား ဂျက်ကော့ဘ် ရမ်ဆေးဟာ ဟန်ဆောင် လှဲချတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ်ဝါ တစ်နီ ထိသွားခဲ့လို့ နယူးကာဆယ်တို့ ၁၀ ယောက်တည်းနဲ့ ပွဲကို ဆက်ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ငှက်ကြားတွေက စိတ်ဓာတ်မကျသွားသလို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး အန်သိုနီ ဂေါ်ဒွန်က ပင်နယ်တီ ကနေ တစ်ဆင့် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အတွက် ချေပဂိုး ကိုတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်တင်ပေးပို့မှု ကနေ ကက်စ်မဲရိုးက ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ တိုက်စစ်ဆင်ခဲ့ပေမယ့် နယူးကာဆယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းပြခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။

အိုဆူလာဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို လူစားဝင် ကစားသမား အဖြစ်နဲ့ ပွဲချိန် မိနစ် ၉၀ နောက်ပိုင်း အနိုင်ဂိုး သွင်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။
ယူနိုက်တက် နည်းပြ ဘဝ ပထမဦးဆုံး ရှုံးပွဲ တွေ့ခဲ့ပြီ ဖြစ်တဲ့ မိုက်ကယ် ကာရစ်ခ်

ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ အိုဆူလာက ထရစ်ပီယာရဲ့ ပေးပို့မှု ကနေ တစ်ဆင့် မာလာစီယာကို ကျော်ဖြတ်ပြီး ဂိုးဧရိယာ ညာဘက်ထောင့် ကနေ လှပစွာ ကန်သွင်းယူကာ နယူးကာဆယ် အတွက် အဖိုးတန် အနိုင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ ယူနိုက်တက်သာ ဒီပွဲမှာ ရလဒ်ကောင်းခဲ့မယ် ဆိုရင် အက်စတွန်ဗီလာ၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ကို အခုထက် ပိုပြီး အမှတ်ဖြတ်လိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုက်ကယ် ကာရစ်ခ် တယောက် ယူနိုက်တက် နည်းပြ ဘဝ ပထမဦးဆုံး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသလို သရဲနီတွေရဲ့ အဟုန်တစ်ခု ကလည်း ဒီပွဲမှာ ရပ်တန့်သွားခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ပွဲစဉ်တွေမှာ ပွဲကြပ်တွေ ဆက်လက် ကစားရဖို့ ရှိနေပြီးတော့ ဗီလာ၊ ဘုန်းမောက်၊ လိဒ်စ်၊ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ လစ်ဗာပူးလ် တို့နဲ့ ဆက်တိုက် တွေ့ဆုံနေပါတယ်။

 

ပွဲပြီးမှတ်တမ်းနဲ့ အချက်အလက်များ

နယူးကာဆယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲချိန် မိနစ်နဲ့ နောက်ပိုင်းမှ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာ ၃ ကြိမ် (ဖူလ်ဟမ်၊ လိဒ်စ်နဲ့ မန်ယူပွဲ) ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၇-၀၈ နဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီတွေ နောက်ပိုင်း အသင်းသမိုင်းမှာ တတိယမြောက် အကောင်းဆုံး စံချိန်လည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပွဲချိန် နောက်ဆုံး မိနစ် ရောက်မှ အနိုင်ဂိုးပေးလိုက်ရတာ ၁၀ ကြိမ် ရှိပြီ ဖြစ်ပြီး အဲဒီထဲက ၈ ကြိမ်ဟာ နောက်ဆုံး ၄ ရာသီ အတွင်းမှာ ဖြစ်ခဲ့တာပါ။

အိုဆူလာဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို လူစားဝင် ကစားသမား အဖြစ်နဲ့ ပွဲချိန် မိနစ် ၉၀ နောက်ပိုင်း အနိုင်ဂိုး သွင်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ သူ့ရဲ့ မျှော်မှန်းဂိုး (xG) ဟာ 0.06 သာ ရှိခဲ့ပေမယ့် အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာပါ။ ဂျက်ကော့ဘ် ရမ်ဆေး ကတော့ ၂၀၂၃ ခုနှစ်က စပါး ကစားသမား အိဗ် ဘစ်ဆူးမား နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒိုင်ကို လှည့်စားမှုကြောင့် ဒုတိယမြောက် နှစ်ဝါ တစ်နီ ပြသခံရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်