နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပဲလေ့စ်မှာ ရာနှုန်းပြည့် ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့တဲ့ အိုလီဗာ ဂလက်စ်နာ | ပရီးမီးယားလိဂ်

ခရစ္စတယ်ပဲလေ့စ် ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ ဝုဗ်ကို ခက်ခက်ခဲခဲ အနိုင်ယူပြီး အဖိုးတန် နိုင်ပွဲ တစ်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပဲလေ့စ် ပရိသတ်တွေ ကတော့ နည်းပြ အိုလီဗာ ဂလက်စ်နာ အပေါ် သူတို့ရဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြသခဲ့ကြပါတယ်။

အိုလီဗာ ဂလက်စ်နာက သူဟာ ခရစ္စတယ်ပဲလေ့စ် အတွက် အပြည့်အဝ ဆက်ရှိနေမှာ ဖြစ်ကြောင်း အတည်ပြုခဲ့သလို၊ အကယ်၍ အသင်းက သူ့မရှိဘဲ ပိုကောင်းမယ်လို့ ယူဆရင်လည်း လမ်းဖယ်ပေးဖို့ အသင့်ရှိကြောင်း ပြောကြားလိုက်ပါတယ်။

ပဲလေ့စ်ဟာ သူတို့ရဲ့ အိမ်ကွင်း ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၈ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကို ဝုဗ်ကို ၁-၀ နဲ့ အနိုင်ယူပြီး အဆုံးသတ်နိုင်ခဲ့တာပါ။ ပဲလေ့စ်ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် ၃၅ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ သိမ်းငှက်တွေ အတွက် အနိုင်ဂိုး ကိုတော့ ပွဲပြီးခါနီးမှာ အီဗန် ဂတ်ဆန်က သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ နည်းပြ ဂလက်စ်နာ အတွက် အရေးတကြီး လိုအပ်နေတဲ့ နိုင်ပွဲ ဖြစ်ပြီး၊ သူဟာ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲတုန်းကလည်း အငြင်းပွားဖွယ် စကား တချို့ ပြောကြားခဲ့ပါသေးတယ်။

သြစတြီးယား လူမျိုး နည်းပြဟာ ပဲလေ့စ်ရဲ့ အခြေအနေဆိုးကို ပြောင်းလဲပေးနိုင်ဖို့ သူကိုယ်တိုင် ‘အရည်အချင်း မပြည့်မီဘူး’ လို့ အရိပ်အမြွက် ပြောခဲ့သလို၊ ရလဒ်ဆိုးတွေ ကြုံတွေ့နေရချိန်မှာ ပရိသတ်တွေ အနေနဲ့လည်း ‘နှိမ့်ချစွာ နေထိုင်ကြဖို့’ တိုက်တွန်းခဲ့ပါတယ်။ ဒီလို ပြောကြားချက်တွေကြောင့် ပွဲကစားနေစဉ် အတွင်း ပဲလေ့စ် ပရိသတ်တွေက “အခွင့်အရေးတွေ ဆုံးရှုံးနေပြီ၊ ဘုတ်အဖွဲ့က အရည်အချင်းမရှိ” နဲ့ “ပရိသတ်တွေကို မလေးစားဘူး၊ ဂလက်စနာ သက်တမ်းကုန်ပြီ” ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ကာ ကန့်ကွက်ခဲ့ကြပါတယ်။

ဒါကြောင့် ဂလက်စ်နာက သူပြောခဲ့တဲ့ စကားတွေနဲ့ ပတ်သက်လို့ အခုလို ပြန်လည် ရှင်းပြခဲ့ပါတယ်။ “အိုလီဗာ ဂလက်စ်နာက အရေးမကြီးပါဘူး၊ ခရစ္စတယ်ပဲလေ့စ် ကပဲ အရေးကြီးတာပါ။ ကျွန်တော် ဆိုလိုတာက အကယ်၍ အသင်းက အပြောင်းအလဲ တစ်ခု လိုအပ်တယ်လို့ ယူဆရင် ကျွန်တော်က အဟန့်အတား မဖြစ်ချင်ဘူး ဆိုတဲ့ သဘောပါ။” လို့ ဂလက်စ်နာက ဆိုပါတယ်။

တစ်ဖက် မှာတော့ ဝုဗ်ဟာ ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း နောက်ဆုံး ၁၆ ပွဲ ဆက်တိုက် နိုင်ပွဲ မရသေးတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ သေချာသလောက် ရှိလာတဲ့ ဝုဗ်

ဆက်လက်ပြီး သူက “ကျွန်တော် ဘုတ်အဖွဲ့၊ ဥက္ကဋ္ဌနဲ့ အားကစား ဒါရိုက်တာ တို့နဲ့ စကားပြောခဲ့ပါတယ်။ သူတို့ကတော့ ‘မဟုတ်ဘူး၊ မင်းက သင့်တော်တဲ့သူလို့ ငါတို့ ယုံကြည်တယ်’ လို့ ပြောကြတယ်။ ဒါက ကျွန်တော့် အတွက် အရေးကြီးပါတယ်။ ပဲလေ့စ် သမိုင်းမှာ အကောင်းဆုံး နှစ်နှစ်တာကို ဖြတ်သန်းခဲ့ပြီးမှ ‘မင်းထွက်သွားတာ ပိုကောင်းမယ်’ လို့ အသင်းဘက်က ပြောဖို့က မလွယ်ဘူးလေ။ အဲဒါကြောင့် ကျွန်တော့်ဘက်က ပြောလိုက်တာက ‘ခရစ္စတယ်ပဲလေ့စ် အတွက် ပိုကောင်းမယ်လို့ ခင်ဗျားတို့ ယုံကြည်ရင် အတူတူ ညှိနှိုင်းကြတာပေါ့’ လို့ပါ။ ဒါပေမယ့် သူတို့က ‘မဟုတ်ဘူး၊ မင်းကို ယုံကြည်တယ်’ လို့ပဲ တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော် ကစားသမားတွေနဲ့လည်း စကားပြောခဲ့ပါတယ်။ ကျွန်တော်က လန်ဒန်မှာ မနေချင်လို့ အကြောင်းပြချက် ရှာနေတာ မဟုတ်ပါဘူး။ အရေးကြီးဆုံးက အသင်း အောင်မြင်ဖို့ ဖြစ်ပြီး ကျွန်တော် ဒီမှာ ၁၀၀ ရာခိုင်နှုန်း ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် သူက ရာထူးကနေ နှုတ်ထွက်ဖို့ စိတ်ကူး မရှိကြောင်းနဲ့ အသင်းနဲ့ အတူ ရုန်းထွက်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့ပါသေးတယ်။
တစ်ဖက် မှာတော့ ဝုဗ်ဟာ ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း နောက်ဆုံး ၁၆ ပွဲ ဆက်တိုက် နိုင်ပွဲ မရသေးတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါဟာ ၁၉၈၄ ဖေဖော်ဝါရီ ကနေ ၂၀၀၄ မေလ အထိ ၂၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နောက်ပိုင်း ဝုဗ်တို့ အတွက် အဆိုးရွားဆုံး အဝေးကွင်း မှတ်တမ်း ဖြစ်ပါတယ်။ ဝုဗ်တို့ အတွက် ဒီပွဲမှ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ပွဲချိန် ၄၃ မိနစ်မှာ တိုလူ အရိုကိုဒါရေး ကန်သွင်းတဲ့ ပင်နယ်တီကို ပဲလေ့စ် ဂိုးသမား ဒင်းန် ဟန်ဒါဆန်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နောက်ခံလူ လာဒီစလက်ဗ် ကရက်ချ်ချီဟာ ၃ မိနစ် အတွင်း နှစ်ဝါ တစ်နီပြ ထုတ်ပယ်ခံခဲ့ရတာ ကလည်း ဝုဗ် အတွက် အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်။ ဝုဗ်ဟာ ဒီရာသီမှာ အနီကတ် ၃ ကတ် အထိ ရရှိထားပြီး ချဲလ်ဆီး (၆ ကတ်) နဲ့ အဲဗာတန် (၄ ကတ်) ပြီးရင် အများဆုံး အသင်း ဖြစ်နေပါတယ်။

ပွဲအပြီးမှာ ဝုဗ် နည်းပြ ရော့ဘ် အက်ဒ်ဝက်ဒ် ကတော့ “ကျွန်တော့် အတွက်တော့ အဆုံးအဖြတ်ပေးသွားတဲ့ အခိုက်အတန့် နှစ်ခု ရှိပါတယ်။ ပထမက ပင်နယ်တီ လွဲချော်တာ၊ ဒုတိယ ကတော့ နားမလည်နိုင်စရာ အနီကတ်ပြခံရတာပဲ။ ဒါက ပွဲရဲ့ ရလဒ်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကျွန်တော်တို့ ၁၁ ယောက်နဲ့ ကစားတုန်းက အရမ်းကောင်းခဲ့ပေမယ့် တစ်ခဏလေး အာရုံလွတ်သွားတာနဲ့ အခုလို ဘာရလဒ်မှ မရဘဲ ပြန်ခဲ့ရတာပါ။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်