နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အသင်းရဲ့ ကစားသမားဟောင်း ဟာဘစ် ဘေးကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်တဲ့ မာဆေးလ် | လီဂူးဝမ်း

လီဂူးဝမ်း ထိပ်သီး မာဆေးလ် ကတော့ ရော်ဘတ်တို ဒီဇာဘီရဲ့ နေရာမှာ ဟာဘစ် ဘေးကို အစားထိုး ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်ပါတယ်။ ယခုလ အစောပိုင်းမှာ ရော်ဘတ်တို ဒီဇာဘီ အသင်း ကနေ လမ်းခွဲသွားခဲ့ပြီးနောက် လီဂူးဝမ်း ကလပ်ဟာ သူတို့ရဲ့ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ဟာဘစ် ဘေးကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အသက် ၄၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘေးဟာ လီဂူးဝမ်း ကလပ် ရန်းစ် အသင်း ကနေ ထုတ်ပယ်ခံရပြီး ၉ ရက် အကြာမှာပဲ မာဆေးလ်နဲ့ ၁၈ လ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ရန်းစ်ကို စတင် ကိုင်တွယ်ခဲ့ပြီး လီဂူးဝမ်း ပွဲစဉ် ၃၆ ပွဲမှာ ၁၆ ပွဲ နိုင်၊ ၇ ပွဲ သရေ၊ ၁၃ ပွဲ ရှုံး ရလဒ် ထွက်ပေါ်ခဲ့ကာ တစ်ပွဲပျမ်းမျှ ရမှတ် ၁.၆ မှတ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

 

မာဆေးလ်နဲ့ ဘေးရဲ့ သံယောဇဉ်

ဟာဘစ် ဘေးဟာ မာဆေးလ် အသင်းမှာ ကစားသမား ဘဝနဲ့ ကျင်လည်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ စထရာဘိုး အသင်း ကနေ ပြောင်းရွှေ့လာပြီးနောက် မာဆေးလ် အတွက် ၁၂၈ ပွဲ ကစားပေးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ မာဆေးလ်ကို အင်တာတိုတိုဖလား ချန်ပီယံ ဖြစ်အောင် ကူညီပေးခဲ့သလို၊ ၂၀၀၂-၂၀၀၄ ယူအီးအက်ဖ်အေ ဖလား (ယခု ယူရိုပါလိဂ်) မှာလည်း ဒုတိယဆု ရရှိခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့ပါတယ်။

 

မာဆေးလ် တာဝန်ရှိသူရဲ့ ပြောကြားချက်

မာဆေးလ် အသင်းရဲ့ ဘောလုံး ဒါရိုက်တာ မယ်ဒီ ဘီနာတီးယားက အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ အခုလို ပြောကြားခဲ့ပါတယ်။ “ဟာဘစ် ဘေးလ်ကို ရွေးချယ်လိုက်တာဟာ ကွင်းအတွင်း ရလဒ်ပိုင်း ခက်ခဲနေတဲ့ ကျွန်တော်တို့ အသင်းကို ပြန်လည် စိတ်ဓာတ် တက်ကြွလာအောင် လုပ်ပေးနိုင်မယ့် ခေါင်းဆောင်မှု အရည်အချင်း ရှိတဲ့ နည်းပြမျိုးကို ရှာဖွေနေတဲ့ ကျွန်တော် တို့ရဲ့ ဆန္ဒနဲ့ ထပ်တူကျပါတယ်။ သူနဲ့ စတင် စကားပြောကတည်းက သူ့ရဲ့ စိတ်အား ထက်သန်မှုနဲ့ အနာဂတ် အပေါ် အာရုံစိုက်မှုကို ကျွန်တော် သဘောကျမိပါတယ်။ သူနဲ့ အတူ ကျွန်တော် တို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိနေပါတယ်။ အဲဒါတွေ ကတော့ နိုင်ပွဲတွေ အမြန် ပြန်ယူဖို့၊ လီဂူးဝမ်း ဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့နဲ့ မာဆေးလ် ပရိသတ်တွေ အတွက် ပြင်သစ်ဖလား (Coupe de France) ကို အရယူပေးဖို့ပဲ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

 

မာဆေးလ်ရဲ့ လက်ရှိအခြေအနေ

မာဆေးလ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီးတော့ လီဂူးဝမ်း မှာတော့ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပါတယ်။ ရော်ဘတ်တို ဒီဇာဘီ ကတော့ မာဆေးလ်တို့ ပီအက်စ်ဂျီကို ၅-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီး ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ယာယီ နည်းပြ ကိုင်တွယ်ခဲ့တဲ့ စထရာဘိုးနဲ့ ပွဲမှာတော့ မာဆေးလ်တို့ သရေ တစ်မှတ် ရထားခဲ့ပြီး လာမယ့် သောကြာနေ့ မှာတော့ ဘရက်စ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ မာဆေးလ်က လီဂူးဝမ်း အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က လန်းစ်နဲ့ ၁၂ မှတ် အထိ ကွာဟနေပါတယ်။ ဒါ့အပြင် လာမယ့် ရာသီမှာ လီဂူးဝမ်း ကနေ အသင်း ၃ သင်းသာ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့် ရရှိမှ ဖြစ်ပြီး အဆင့် ၄ နေရာ ရတဲ့ အသင်းက ပလေးအော့ဖ် အဆင့်ကို ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆင့် ၃ နေရာက လိုင်ယွန်နဲ့ ၅ မှတ် ပြတ်နေတဲ့ မာဆေးလ်တို့ လက်ကျန် ပွဲတွေမှာ ရလဒ်ကောင်းတွေ ပြန်လည် ရှာဖွေနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်