ပီအက်စ်ဂျီ ကတော့ အခုတပတ် လီဂူးဝမ်းမှာ ရန်းစ်ကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပွဲအပြီး မှာတော့ တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီက အသင်းဖော်တွေ အနေနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားဟန်တွေကို လျှော့ချပြီး အသင်းကို ပထမဦးစားပေးထားဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
သောကြာနေ့က ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ရန်းစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လီဂူးဝမ်း ချန်ပီယံဆု အတွက် မရေရာ မသေချာမှုတွေ တိုးလာနေပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံး နေရာ အတွက် လန်းစ်နဲ့ လုနေရပြီး အရင် ရာသီတွေလို အမှတ်ဖြတ် ဦးဆောင်နိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။ အခုလည်း လန်းစ်က ပဲရစ်အက်ဖ်စီကို အဝေးကွင်းမှာ ၀-၅ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ပီအက်စ်ဂျီတို့ ဒုတိယနေရာကို ဆင်းပေးခဲ့ရပြန်ပြီ ဖြစ်ပါတယ်။ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ပြီးခဲ့တဲ့ ရာသီက အမြင့်ဆုံးမှာ ပျံနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပိုင်း ယိမ်းယိုင်နေကာ ရလဒ်တွေလည်း အနည်းငယ် ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ ရန်းစ်ကို ရှုံးတဲ့ပွဲဟာ နည်းပြ လူးဝစ် အန်နရီကေး လက်ထက်မှာ မျှော်မှန်းဂိုး (xG) ၃.၆၂ ဂိုး အထိ ရရှိခဲ့ပေမယ့် အနိုင်မရခဲ့တဲ့ ဒုတိယမြောက် အဆိုးရွားဆုံး ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ ပီအက်စ်ဂျီ အတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အူစမန်နီ ဒမ်ဘီလီက အသင်းဖော်တွေရဲ့ စိတ်ဓာတ်ပိုင်းကို အခုလို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ “ကျွန်တော်တို့ ပွဲအစမှာ တော်တော်လေး ညံ့ဖျင်းခဲ့ပါတယ်။ ရန်းစ်က ကောင်းကောင်း ကစားသွားတာ မှန်ပေမယ့် ကျွန်တော်တို့ ဘက်က ပိုပြီး အနိုင်လိုချင်စိတ်ပြဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”

“ပွဲတွေ အနိုင်ရဖို့ ဆိုရင် ပီအက်စ်ဂျီ အတွက်ပဲ အာရုံစိုက် ကစားရပါမယ်။ ကွင်းထဲမှာ တစ်ဦးချင်းစီ အတွက်ပဲ ကြည့်ပြီး ကစားနေမယ် ဆိုရင် ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်သလို လိုချင်တဲ့ ဆုဖလားတွေ ကိုလည်း ရမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရာသီတုန်း ကတော့ ကျွန်တော် တို့ဟာ ကိုယ့်ကိုယ်ကိုယ်ထက် အသင်းကို အရာရာတိုင်းရဲ့ ရှေ့မှာ ထားခဲ့ကြပါတယ်။ အခု အဲဒီ စိတ်ဓာတ်မျိုး ပြန်ရှာတွေ့ဖို့ လိုအပ်နေပါပြီ။ ပီအက်စ်ဂျီ ကသာ ပထမ ဖြစ်ရပါမယ်။ တစ်ဦးချင်း အတွက် မဖြစ်ရပါဘူး။” လို့ ဒမ်ဘီလီက ပြင်းပြင်းထန်ထန် ပြောကြားသွားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဒီရာသီ ပြိုင်ပွဲစုံ အရပ်ရပ် ၃၅ ပွဲ ကစားအပြီးမှာ ၆ ပွဲ အထိ ရှုံးနိမ့်ထားပြီး ဒါဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နောက်ပိုင်း အများဆုံး ရှုံးထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ ဒီရာသီ လီဂူးဝမ်းမှာ ရှုံးပွဲ ၃ ပွဲ အထိ ရှိထားပါတယ်။ ရန်းစ် အသင်းဟာ QSI အုပ်စုက ပီအက်စ်ဂျီ ကို ပိုင်ဆိုင်ပြီး နောက်ပိုင်း ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ပီအက်စ်ဂျီ ကို ၈ ကြိမ် အထိ အနိုင်ယူထားနိုင်ပြီး ပီအက်စ်ဂျီ ကို အကြိမ် အများဆုံး အနိုင်ရထားတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်နေပါတယ်။
နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ ရန်းစ်ရဲ့ အခွင့်အရေးကို အသုံးချနိုင်စွမ်းကို ချီးကျူးခဲ့သလို သူ့အသင်းရဲ့ အားနည်းချက် ကိုလည်း အခုလို ဝန်ခံခဲ့ပါတယ်။ “ကျွန်တော်တို့ ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် ၁-၀ နဲ့ ရှုံးနေခဲ့ပါတယ်။ ဂိုးရနိုင်ချေ (xG) ၄ ဂိုး နီးပါး ရှိခဲ့ပေမဲ့ တစ်ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ရန်းစ် ကတော့ အခွင့်အရေး နည်းနည်းလေးကို ၃ ဂိုး အထိ ပြောင်းလဲနိုင်ခဲ့လို့ သူတို့ အနိုင်ရသင့်ပါတယ်။ အခု ရလဒ်က အသင်းရဲ့ ယုံကြည်မှုကို ထိခိုက်စေလို့ ကျွန်တော်တို့ စိတ်ပျက်ရပါတယ်။” လို့ အန်နရီကေးက ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


