နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ကြိုးပမ်းမှုမှာ ဆူညံသံတွေကို ပိတ်ဆို့ထားဖို့ အသင်းဖော်တွေကို ဒီကလန် ရိုက်စ် တိုက်တွန်း

အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် အတွက် ကြီးမားတဲ့ ဖိအားတွေ ရှိနေပါပြီ။ ဒါပေမယ့် ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကတော့ အသင်းဖော်တွေ အနေနဲ့ ပြင်ပက ဝေဖန်သံတွေကို လျစ်လျူရှုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ်ဟာ ကြာသပတေးနေ့က ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ သရေကျခဲ့တာကြောင့် ဇယားထိပ် ကနေ ၄ မှတ်သာ ဖြတ်ထားနိုင်တော့တာ ဖြစ်ပါတယ်။ ဂျီတက်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ် အတွက် နိုနီ မာဒူအေခေက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်၊ ဘရန့်ဖို့ဒ် ကစားသမား ကင်းန် လီဝစ်-ပေါ်တာက ချေပဂိုး ပြန်သွင်းခဲ့လို့ ၁-၁ နဲ့ ပြီးဆုံးခဲ့တာပါ။

လက်ရှိမှာ မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲ ဆက်တိုက် အနိုင်ရထားတာကြောင့် အာဆင်နယ်ရဲ့ အမှတ်ကွာဟချက် ကျဉ်းမြောင်းလာနေပါတယ်။ ဒါပေမယ့် Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အာဆင်နယ်ဟာ အဆင့် ၁ နေရာနဲ့ ရာသီသိမ်းပြီး ချန်ပီယံ ဖြစ်ဖို့ ၈၅.၈ ရာခိုင်နှုန်း အထိ အခွင့်အရေးရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ရလဒ်ပိုင်း မတည်ငြိမ်တာကြောင့် အသင်း အပေါ် ဖိအားတွေ များလာနေပေမယ့် ဒီကလန် ရိုက်စ် ကတော့ အခုလို အကောင်းမြင်နေဆဲ ဖြစ်ပါတယ်။ “ဒီခရီးလမ်းမှာ တစ်ရာသီလုံး ပွဲ ၇၀ ပွဲစလုံး အကောင်းဆုံး ခြေစွမ်းမှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံးတော့ လုပ်ရပါမယ်။ အသေးစိတ် အချက်အလက်တွေက အစ အခြေခံကျကျ ကစားနိုင်ဖို့ လိုပါတယ်။”

အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ၁၇ ပွဲ ရှိခဲ့ရာမှာ၊ အခု ဘရန့်ဖို့ဒ်နဲ့ ပွဲဟာ အနိုင်မရဘဲ ဖြစ်ခဲ့ရတဲ့ ဒုတိယမြောက် ပွဲစဉ် ဖြစ်ပါတယ်။
လာမယ့် ပွဲစဉ်တွေမှာ ပွဲကြပ်တွေ ကစားရဖို့ ရှိနေတဲ့ အာဆင်နယ်

“ဒီရာသီက ရိုလာကိုစတာ စီးနေရသလိုပဲ အတက်အကျတွေ ရှိမှာပါ။ ဒါကို လွယ်လွယ်လေးလို့ ထင်နေတာ ကတော့ အရိုးခံလွန်းရာ ကျပါလိမ့်မယ်။ ကျွန်တော် တို့ဟာ အပတ်တိုင်း အကောင်းဆုံး အသင်းတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကိုယ်ထိန်းချုပ်လို့ ရတဲ့ အရာတွေကိုပဲ အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ဆက်သွားရပါမယ်။” လို့ ရိုက်စ်က ဆိုပါတယ်။ 

ပြင်ပ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့လည်း ရိုက်စ်က အခုလိုပဲ ဆက်ပြောပါတယ်။ အပြင်က ဆူညံသံတွေကို ကျွန်တော်တို့ ပိတ်ထားရပါမယ်။ အခုထိတော့ ဒါကို ကောင်းကောင်း လုပ်နိုင်နေဆဲပါ။ လူတွေက ချန်ပီယံလုပွဲနဲ့ အာဆင်နယ် အကြောင်း အမျိုးမျိုး ပြောနေကြလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက တည်ငြိမ်တဲ့ အုပ်စု တစ်ခုပါ။” လို့ ရိုက်စ်က ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ရိုက်စ်က ဘရန့်ဖို့ဒ်ဟာ အားနည်းတဲ့ အသင်း မဟုတ်ဘဲ လိဂ်ရဲ့ အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်တယ် လို့လည်း ချီးကျူးသွားခဲ့ပါသေးတယ်။

အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ၁၇ ပွဲ ရှိခဲ့ရာမှာ၊ အခု ဘရန့်ဖို့ဒ်နဲ့ ပွဲဟာ အနိုင်မရဘဲ ဖြစ်ခဲ့ရတဲ့ ဒုတိယမြောက် ပွဲစဉ် ဖြစ်ပါတယ်။ (ပထမဆုံးအကြိမ်က ဇန်နဝါရီလတုန်းက ယူနိုက်တက်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲဖြစ်ပါတယ်)။ အာဆင်နယ်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဝီဂန်နဲ့ အက်ဖ်အေဖလား ပွဲစဉ် ကစားရဖို့ ရှိပြီး ကြားရက် မှာတော့ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ဆက်လက် ကစားရမှာပါ။ အဲဒီပွဲတွေ အပြီးမှာတော့ တော့တင်ဟမ်ဟော့စပါး၊ ချဲလ်ဆီး၊ ဘရိုက်တန်၊ အဲဗာတန်၊ မန်စီးတီး တို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဖို့ ဆိုရင်တော့ လက်ကျန် ပွဲတွေမှာ တတ်နိုင်သမျှ ရလဒ်ကောင်းဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်