မန်ချက်စတာယူနိုက်တက်လို သမိုင်းဝင် အောင်မြင်မှုများစွာ ရှိထားတဲ့ ကလပ် အတွက် “ ခြေစွမ်း တည်ငြိမ်မှု” ဆိုတာ အောင်မြင်မှုရဲ့ အဓိက သော့ချက် တစ်ခုပါ။ လက်ရှိ မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေနဲ့ အကြားမှာ ကွာဟသွားစေဖို့ လိုအပ်နေတဲ့ နိုင်ပွဲဆက်မှု ဆိုတဲ့ အရာကို လိုအပ်နေတာ ကြာခဲ့ပါပြီ။
နည်းပြဟောင်း ရူဘင် အမော်ရင် လက်ထက်မှာ နိုင်ပွဲ ဆက်တိုက် ရရှိဖို့ ရုန်းကန်ခဲ့ရပြီး သူကိုင်တွယ်စဉ် တစ်လျှောက် အများဆုံး နိုင်ပွဲ ၃ ပွဲဆက်သာ (နှစ်ကြိမ်) ရရှိခဲ့ပါတယ်။ ဒါပေမယ့် ယာယီ နည်းပြသစ် မိုက်ကယ် ကာရစ်ကတော့ သူစတင်ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ၄ ပွဲ မှာတင် အဆိုပါ မှတ်တမ်းကို ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။
ကာရစ်ခ် လက်ထက်မှာလည်း မချေဖျက်နိုင်သေးတဲ့ နံပါတ် ၅ ကျိန်စာ
ကာရစ်ခ်ဟာ မန်စီးတီး၊ အာဆင်နယ် တို့လို ထိပ်သီး အသင်းကြီးတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရပေမဲ့ အနိုင်ရလဒ်တွေ ဖော်ဆောင်နိုင်ခဲ့သလို ဖူလ်ဟမ်နဲ့ စပါး တို့ကိုလည်း ဆက်လက် အနိုင်ယူပြခဲ့ပါတယ်။ မနေ့ညက ကတော့ ဝက်စ်ဟမ်းနဲ့ ကစားခဲ့ရပြီး အဲဒီပွဲမှာသာ ထပ်နိုင်ရင် ၅ ပွဲ ဆက်တိုက် အနိုင်ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ကံဆိုးစွာနဲ့ပဲ ဝက်စ်ဟမ်းနဲ့ လန်ဒန်ကွင်းမှာ သရေကျခဲ့ပြီး ၅ ပွဲဆက် အနိုင်ရမယ့် စံချိန်နဲ့လည်း ဝေးခဲ့ရပါတယ်။ တကယ်ဆိုရင် ယူနိုက်တက်က အဲဒီပွဲမှာ ရှုံးနိမ့်နိုင်တဲ့ အခြေအနေ အထိ ရောက်ခဲ့ပြီး ဘင်ဂျာမင် ဆက်စ်ကိုရဲ့ နောက်ကျ ချေပဂိုး ကယ်တင်လို့သာ သက်ပြင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုင်ပွဲ ပျောက်ခဲ့တဲ့ အတွက် တစ်ဖက်မှာလည်း ယူနိုက်တက် “ ၅ ပွဲဆက်” အနိုင်ရမှ ဆံပင်ညှပ်မယ် ဆိုတဲ့ သရဲနီ ပရိသတ် တစ်ဦး ဖြစ်တဲ့ ဖရန့်ခ် အီလတ်လည်း စလုံးရေ ပြန်စခဲ့ရတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူက ဆံပင်မညှပ်ရတာ ရက်ပေါင်း ၅၀၀ ကျော် (၁ နှစ်ကျော်) နေပြီ ဖြစ်ပါတယ်။ သူဟာ ဒီစိန်ခေါ်မှု ကနေ ရရှိလာတဲ့ အလှူငွေ (ပေါင် ၆,၀၀၀ ခန့်) နဲ့ သူ့ရဲ့ဆံပင်တွေကို ကလေးသူငယ် ကင်ဆာ ပရဟိတအဖွဲ့ (Little Princess Trust) ကို လှူဒါန်းဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
၅ ပွဲဆက်တိုက် အနိုင်ရထားတာ ဘယ်တုန်းကလဲ

သမိုင်းတစ်လျှောက် အရှည်ကြာဆုံး နိုင်ပွဲဆက်မှု မှတ်တမ်း
ယူနိုက်တက်ရဲ့ သမိုင်းတလျှောက် အရှည်ကြာဆုံး နိုင်ပွဲဆက်မှု မှတ်တမ်း ကတော့ ၁၄ ပွဲ ဆက်တိုက် ဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် (၁၉၀၄-၁၉၀၅ ရာသီ) က မှတ်တမ်း ဖြစ်ပါတယ်။ အဲဒီတုန်းက ယူနိုက်တက်က ဒုတိယတန်းမှာ ကစားနေရတာဖြစ်ပြီး နည်းပြ အားနက်စ် မန်းဂ်နောလ် လက်ထက်မှာ တင်ခဲ့တဲ့ မှတ်တမ်းပါ။ ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီး နောက်ပိုင်း ကာလတွေ မှာတော့ ၉ ပွဲဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်း နှစ်ခု ရှိခဲ့ဖူးပါတယ်။ မော်ရင်ဟို လက်ထက် (၂၀၁၆-၂၀၁၇) မှာ ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်နဲ့ ဖလားပွဲတွေ အပါအဝင် ၉ ပွဲဆက် အနိုင်ရခဲ့ဖူးပါတယ်။ အဲဒီနောက် တန်ဟက်ဂ် လက်ထက် (၂၀၂၂-၂၀၂၃) ရော်နယ်ဒို အသင်းက ထွက်ခွာသွားချိန်နဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေ အကြား ၉ ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်း
လက်ရှိ ယာယီ နည်းပြ ကာရစ်ခ်ဟာ အသင်းကို ရိုးရှင်းပြီး ထိရောက်တဲ့၊ တိုက်စစ် အားသန်တဲ့ “ ယူနိုက်တက် DNA” အတိုင်း ပြန်လည် ကစားစေနေတာကြောင့် ပရိသတ်တွေ သဘောကျ နှစ်ခြိုက်တဲ့ နည်းပြ ဖြစ်နေပါတယ်။ လက်ရှိမှာ ဘရူနို ဖာနန်ဒက်စ်၊ ဘရိုင်ယန် အမ်ဘွေမိုနဲ့ မားသီးယပ်စ် ကူညာ တို့လို ကစားသမားတွေ ကလည်း ခြေစွမ်းပြနေကြပါတယ်။ ကာရစ်ခ် အတွက် အဓိက ပန်းတိုင် ကတော့ အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် (ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း) ရရှိအောင် စွမ်းဆောင်ပေးဖို့ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ လာမယ့် ပွဲစဉ်များ
ယူနိုက်တက်ဟာ လာမယ့် ပွဲစဉ် ၅ ပွဲ အဖြစ် အဲဗာတန် (အဝေးကွင်း)၊ ခရစ္စတယ်ပဲလေ့စ် (အိမ်ကွင်း)၊ နယူးကာဆယ် (အဝေးကွင်း) အက်စတွန်ဗီလာ (အိမ်ကွင်း)၊ ဘုန်းမောက် (အဝေးကွင်း) ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


