ဖူလ်ဟမ် – အဲဗာတန်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဖူလ်ဟမ်က အဲဗာတန်ကို ခရေဗင်ကော့တေ့ဂျ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ပွဲပြီးခါနီး ပေးလိုက်ရတဲ့ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စိတ်ပျက်စရာ ရလဒ်ကို အမြန်ဆုံး မေ့ဖျောက်နိုင်ဖို့ ကြိုးစားမယ့် ဖူလ်ဟမ်တို့ ရှုံးပွဲ မရှိတာ ကြာပြီ ဖြစ်တဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်က နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ တစ်ဖက် မှာတော့ ဧည့်သည် အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းနဲ့အတူ လန်ဒန်မြေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဖူလ်ဟမ်
ပွဲပြီးခါနီးမှ ရှုံးနိမ့်ရတဲ့ ခံစားချက်က တော်တော်လေး နာကျင်ဖို့ကောင်းပါတယ်။ ဒါကို ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲအပြီး ဖူလ်ဟမ် ကစားသမားတွေရဲ့ မျက်နှာပေါ်မှာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ဖူလ်ဟမ်ဟာ အိုးထရက်ဖို့ဒ်မှာ ၈၅ မိနစ်နဲ့ ၉၁ မိနစ်တွေမှာ ရာအူးလ် ဟင်မီနက်ဇ်နဲ့ ကီဗင် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ သရေရလဒ် ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ၉၄ မိနစ်မှာ ဘင်ဂျမင် ဆက်စ်ကိုရဲ့ အနိုင်ဂိုးကြောင့် ရမှတ် ဗလာနဲ့ အိမ်ပြန်ခဲ့ရတာပါ။ ဒါဟာ သူတို့ အတွက် အဝေးကွင်း ၂ ပွဲဆက် ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ အဝေးကွင်းမှာ ရုန်းကန်နေရပေမယ့် အိမ်ကွင်း မှာတော့ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိထားပါဘူး။ အိမ်ကွင်းမှာ နော့တင်ဟမ်ဖောရက်စ် (၁-၀)၊ ချဲလ်ဆီးနဲ့ ဘရိုက်တန် တို့ကို (၂-၁) စီနဲ့ အသီးသီး အနိုင်ရထားသလို၊ ၂၀၂၆ ခုနှစ် အစပိုင်းမှာ လစ်ဗာပူးလ်ကို ၂-၂ နဲ့ သရေ ကစားထားနိုင်ပါတယ်။ လက်ရှိမှာ ဖူလ်ဟမ်ဟာ ရမှတ် ၃၄ မှတ်နဲ့ အဆင့် (၉) မှာ ရပ်တည်နေပြီး အကယ်၍ ဒီပွဲကို အနိုင်ရခဲ့ရင် အဆင့် (၇) အထိ တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။
အဲဗာတန်

နည်းပြ ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန်ဟာ အဝေးကွင်းမှာ အသင်းကြီးတွေတောင် ဖောက်ထွက်ဖို့ ခက်ခဲတဲ့ ခံစစ် ကျစ်လစ်မှုမျိုး ရှိနေပါတယ်။ အဲဗာတန်ဟာ အဝေးကွင်း ၁၂ ပွဲမှာ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ်နဲ့ အတူ ပရီးမီးယားလိဂ်ရဲ့ ဆဋ္ဌမမြောက် အဝေးကွင်းရလဒ် အကောင်းဆုံးအသင်း ဖြစ်နေပါတယ်။ အဲဗာတန်ဟာ ဒီရာသီ အဝေးကွင်း ပွဲစဉ်တွေမှာ ၁၁ ဂိုးသာ ပေးထားရပြီး ဒီမှတ်တမ်းဟာ ဇယား ထိပ်ဆုံးက အာဆင်နယ် (၉ ဂိုးပေးထားရ) ပြီးရင် ဒုတိယမြောက် အနည်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် တော်ဖီ တို့ဟာ ဒီဇင်ဘာလလယ်က ချဲလ်ဆီးကို ၂-၀ နဲ့ ရှုံးပြီးကတည်းက အဝေးကွင်းမှာ ရှုံးပွဲ မရှိသေးပါဘူး။ နောက်ဆုံး အဝေးကွင်း ၄ ပွဲမှာ ၃ ပွဲအထိ ဂိုးမပေးရအောင် ကစားထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ အားနည်းချက် ကတော့ ခံစစ်ကောင်းသလောက် တိုက်စစ်ကတော့ ဂိုးရရှိမှု နည်းပါးနေပါတယ်။ အဝေးကွင်းမှာ ၁၁ ဂိုးသာ သွင်းယူထားနိုင်ပြီး ဒါဟာ ဆန်းဒါးလန်းနဲ့ ဝုဗ်တို့ ပြီးရင် လိဂ်မှာ အနည်းဆုံး ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ အိမ်ရှင် ဘက်က ဆာဆာ လူကစ်၊ အော်စကာ ဘော့ဘ်နဲ့ ရိုဒရီဂို မူနစ်ဇ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ အဲဗာတန် ဘက်မှာတော့ မိုင်ကိုလန်ကို ပါဝင်ကစားဖို့ မသေချာသေးပဲ ဂရီးလစ်ရှ် ကတော့ ကျိန်းသေပေါက် လွဲချော်ပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆန်၊ ကူအန်ကာ၊ ရော်ဘင်ဆင်၊ အီဝိုဘီ၊ ဘာ့ဂျ်၊ ဝီလ်ဆင်၊ စမစ်ရိုးဝ်၊ ချူကွီဇီ၊ ဟင်မီနက်ဇ်
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အိုဘရိုင်ယန်၊ တာကောစကီး၊ ကိန်း၊ ဘရန့်ဝိတ်သ်၊ ဂါနာ၊ ဂူရီ၊ အမ်းစတောင်း၊ ဒူးစ်ဘာရီဟောလ်၊ အန်ဒီယေး၊ ဘယ်ရီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၂၂ ကြိမ်မှာ ဖူလ်ဟမ်က ၅ ကြိမ် နိုင်ပြီး အဲဗာတန်က ၁၁ ကြိမ် အထိ အနိုင်ရကာ Head to Head မှာ တော်ဖီတို့ အသာရနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ အဲဗာတန်က ၂ ကြိမ်နိုင်၊ ဖူလ်ဟမ်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဖူလ်ဟမ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း အဲဗာတန်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး ၁ ကြိမ်သာ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၂.၁၄ ဆ၊ အဲဗာတန် နိုင်ရင် ၃.၂၃ ဆ၊ သရေ ဆိုရင်တော့ ၃.၀၆ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဖူလ်ဟမ် ဘက်ကပဲ ခပ်ပါးပါး ကြေးဖွင့်ထားပါတယ်။ အဲဗာတန်ဟာ ၂၀၁၃-၁၄ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဖူလ်ဟမ်ကို တစ်ရာသီအတွင်း အိမ်ကွင်းရော အဝေးကွင်းပါ အနိုင်ယူဖို့ ရည်မှန်းထားပါလိမ့်မယ်။ ဖူလ်ဟမ် ကတော့ အိမ်ကွင်းက အားသာချက်နဲ့ ယူနိုက်တက်ပွဲက အမှားကို ပြင်ဆင်ပြီး အမှတ်ရှာသွားဖို့ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ အဲဗာတန်ရဲ့ ကျစ်လစ်တဲ့ ခံစစ်နဲ့ ဖူလ်ဟမ်ရဲ့ အိမ်ကွင်း တိုက်စစ် အားပြိုင်ပွဲ ဖြစ်လာမှာပါ။ သရေကျနိုင်ခြေလည်း များသလို အိမ်ကွင်းကောင်းတဲ့ ဖူလ်ဟမ်တို့ ၁-၀ လောက်နဲ့ ကပ်နိုင်သွားခြေလည်း ရှိနေပါတယ်။ ဂိုးအောက်လည်း ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ဖူလ်ဟမ် ၁-၀ အဲဗာတန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


