နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ် အတွက် ဖလား ၄ လုံး အိမ်မက် အမှန်တကယ်ပဲ ဖြစ်လာနိုင်သလား | ပရီးမီးယားလိဂ်

လက်ရှိမှာ အာဆင်နယ် ကတော့ တကယ့်ကို ထူးခြားဆန်းပြားတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ခိုင်ခိုင်မာမာ ရှိနေပါတယ်။ နည်းပြ မီခဲလ် အာတေးတားရဲ့ ပွဲဦးထွက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ အက်ဖ်အေဖလား ကိုင်မြှောက်နိုင်ခဲ့ပြီး ကတည်းက အာဆင်နယ်ဟာ အဓိက ဆုဖလား တစ်လုံးမှ ထပ်မံ ရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် အပါအဝင် အဓိက ဆုဖလားကြီး (၄) လုံး စလုံး (Quadruple) ကို သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ 

အကယ်၍သာ အာဆင်နယ် အနေနဲ့ ဒါကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ရင်တော့ သမိုင်းဝင် ဖလား ၄ လုံး အောင်မြင်မှုကို ရယူနိုင်ခဲ့တဲ့ ထိပ်သီး ကလပ်တွေရဲ့ အထူး သီးသန့် အုပ်စုထဲမှာ ပါဝင်သွားမှာ ဖြစ်ပြီး ဘောလုံးသမိုင်းရဲ့ စာမျက်နှာပေါ်မှာ နေရာ တစ်ခု အပိုင်စား ရရှိသွားတော့မှာလည်း ဖြစ်ပါတယ်။

ဒါဆိုရင် အာဆင်နယ် မတိုင်ခင် ဘယ်အသင်းတွေက ဒီလိုအောင်မြင်မှုမျိုး ရရှိခဲ့ဖူးသလဲ။ အာဆင်နယ် အနေနဲ့ရော ဒီစံချိန်ကို လိုက်မီဖို့ ဘယ်လောက်အထိ လက်တွေ့ကျကျ မျှော်လင့်နိုင်မလဲ ဆိုတာတွေကို သုံးသပ်ကြည့်ရအောင်ပါ။

 

Quadruple ဆိုတာ ဘာလဲ။

ဘောလုံးလောကမှာ “Quadruple” လို့ ဆိုရာမှာ ပုံမှန်အားဖြင့် ဖလား ၄ လုံး ရတာကို ဆိုလိုပေမယ့်၊ တကယ့် “စစ်မှန်တဲ့ Quadruple” အဖြစ် သတ်မှတ်ခံရဖို့ ကတော့ တော်တော်လေး ခက်ခဲလွန်းတဲ့ စံနှုန်းတွေ ရှိနေပါတယ်။

သတ်မှတ်ချက်တွေ ကတော့ ပြည်တွင်း အဆင့်မြင့်ဆုံးလိဂ် (ဥပမာ – ပရီးမီးယားလိဂ်) ၊ အဓိက ပြည်တွင်း ဖလား (အက်ဖ်အေဖလား)၊ ဒုတိယ ပြည်တွင်း ဖလား (လိဂ်ဖလား) နဲ့ အဆင့်မြင့်ဆုံး ဥရောပဖလား (ချန်ပီယံလိဂ်) တို့ကို တစ်ရာသီတည်းမှာ သိမ်းပိုက်နိုင်မှသာ စစ်မှန်တဲ့ Quadruple လို့ သတ်မှတ်ပါတယ်။ ချွင်းချက် အနေနဲ့ ကွန်မြူနတီဒိုင်းလိုမျိုး တစ်ပွဲတည်း ကစားရတဲ့ ဆုတွေ၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေနဲ့ ယူရိုပါလိဂ်လို ဒုတိယတန်းစား ဥရောပဖလားတွေဟာ ဒီစာရင်းထဲမှာ မပါဝင်ပါဘူး။

 

“Quadruple” ရဖို့ အာဆင်နယ်မှာ အခွင့်အရေးက ဘယ်လောက်ရှိသလဲ။

လက်ရှိ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ အခြေအနေ တော်တော်လေး ကောင်းနေပါတယ်။ ဂန်းနားတွေက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နေပြီး မန်စီးတီးနဲ့ ဗီလာ တို့ကို ၆ မှတ် ဖြတ်ထားနိုင်ပါတယ်။

ချန်ပီယံလိဂ် မှာတော့ လိဂ်အဆင့် ၈ ပွဲ စလုံး အနိုင်ရထားပြီး ၁၆ သင်း အဆင့်ကို ပထမနေရာနဲ့ တိုက်ရိုက် တက်ရောက်ထားနိုင်ပါတယ်။ လိဂ်ဖလား (ခရာဘောင်ဖလား) ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က အက်ဖ်အေဖလား ပြိုင်ပွဲရဲ့ အစောပိုင်း အဆင့်တွေမှာ ရှိနေသေးပေမယ့် အခြေအနေကောင်းနေဆဲပါ။

အာဆင်နယ် အတွက် အကြီးမားဆုံး စိန်ခေါ်မှု ကတော့ ဥရောပရဲ့ ထိပ်သီးတွေကို ကျော်ဖြတ်ပြီး အသင်း သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

 

သမိုင်းတလျှောက် Quadruple ရဖူးတဲ့အသင်း ရှိသလား?

လက်ရှိ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ အခြေအနေ တော်တော်လေး ကောင်းနေပါတယ်။
ချန်ပီယံလိဂ်မှာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းထားနိုင်တဲ့ အာဆင်နယ်

ဥရောပ ဘောလုံးသမိုင်းမှာ စစ်မှန်တဲ့ Quadruple ကို ရရှိခဲ့ဖူးတာ တစ်သင်းတည်းသာ ရှိပါတယ်။ စကော့တလန် ကလပ် ဆဲလ်တစ် အသင်းဟာ “လစ္စဘွန်း ခြင်္သေ့များ” လို့ လူသိများတဲ့ အသင်းသားတွေနဲ့ အတူ ဥရောပဖလား (ယခု ချန်ပီယံလိဂ်)၊ စကော့တလန်လိဂ်၊ စကော့တလန်ဖလားနဲ့ စကော့တလန် လိဂ်ဖလား အားလုံးကို တစ်ရာသီတည်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဥရောပပြင်ပ မှာတော့ ပီလီ ဦးဆောင်ခဲ့တဲ့ ဆန်းတို့စ် (၁၉၆၂) အသင်းဟာ ဘရာဇီးလိဂ်၊ ဒေသတွင်းလိဂ်နဲ့ ကိုပါ လစ်ဘာတေးဒိုးရက်စ် အစရှိတဲ့ ဖလား ၄ လုံးကို ရယူနိုင်ခဲ့ဖူးပါတယ်။

 

ဖလား ၄ လုံးရပေမယ့် “စစ်မှန်တဲ့ Quadruple” မဖြစ်ခဲ့တဲ့ အသင်းများ

အသင်း တော်တော်များများဟာ တစ်ရာသီတည်းမှာ ဖလား ၄ လုံးနဲ့ အထက် ရရှိခဲ့ဖူးပေမယ့် တင်းကြပ်တဲ့ သတ်မှတ်ချက်တွေကြောင့် စစ်မှန်တဲ့ Quadruple စာရင်းထဲ မဝင်ခဲ့ကြပါဘူး။

ပီအက်စ်ဂျီဟာ ပြည်တွင်းဖလား ၃ လုံးနဲ့ ပြင်သစ် စူပါဖလားတွေကို အကြိမ်ကြိမ် ရခဲ့ဖူးပါတယ်။ ၂၀၂၄-၂၀၂၅မှာ ချန်ပီယံလိဂ် ရခဲ့ပေမယ့် ပြင်သစ်လိဂ်ဖလား (Coupe de la Ligue) ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်လို့ ဆဲလ်တစ်ရဲ့ မှတ်တမ်းကို လိုက်မမီခဲ့ပါဘူး။ 

ဖလာမင်ဂို ကလည်း ၂၀၂၄-၂၀၂၅ ရာသီမှာ ဖလား ၆ လုံး အထိ ရခဲ့ပေမယ့် သတ်မှတ်ထားတဲ့ အဓိက ဖလား ၄ မျိုးထဲမှာ မပါဝင်တာကြောင့် စစ်မှန်တဲ့ Quadruple လို့ မခေါ်ဆိုနိုင်ပါဘူး။

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဘေယန်မြူးနစ် အသင်းတွေဟာလည်း တစ်ရာသီတည်းမှာ ဖလား အများအပြား ရခဲ့ဖူးပေမယ့် ပြည်တွင်းလိဂ်ဖလား မရှိတာကြောင့် ဖြစ်စေ၊ တခြား အကြောင်းကြောင့် ဖြစ်စေ ဒီစံချိန်ကို မမီခဲ့ကြပါဘူး။

အကျဉ်းချုုပ် အနေနဲ့ ဆိုရင်တော့ အာဆင်နယ်ဟာ အခုအချိန်မှာ အိပ်မက်တွေဆီကို ဦးတည်နေပါတယ်။ အကယ်၍ သူတို့သာ ဒီရာသီမှာ ဖလား အားလုံး ရယူနိုင်ခဲ့မယ် ဆိုရင်တော့ ဘောလုံးသမိုင်းမှာ ဆဲလ်တစ် အသင်း ပြီးရင် ဒုတိယမြောက် ဥရောပ Quadruple ပိုင်ရှင် အဖြစ် သမိုင်းတွင်သွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်