နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မာဆေးလ်နဲ့ ပွဲဦးထွက် ၁၃ မိနစ် အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့တဲ့ အီသန် နွမ်နရီ | လီဂူးဝမ်း

လန်းစ် ကတော့ မာဆေးလ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ အသင်းရဲ့ လီဂူးဝမ်း ချန်ပီယံ မျှော်လင့်ချက် ကတော့ အနည်းငယ် တာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ မာဆေးလ် အတွက် ပထမဦးဆုံး အကြိမ် ပွဲထွက်ကစားခဲ့တဲ့ အီသန် နွမ်နရီ  ကလည်း ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် လန်းစ်ဟာ ၈ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိထားတဲ့ မှတ်တမ်းကောင်း ပျက်ပြားသွားခဲ့သလို၊ လီဂူးဝမ်း အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်လည် ရယူနိုင်မယ့် အခွင့်အရေး ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ပီအက်စ်ဂျီက အော့ဇေးကို အနိုင်ရခဲ့ပြီးနောက် ဇယားထိပ်ကို ပြန်လည် တက်လှမ်းသွားခဲ့ပြီး လန်းစ် အတွက်လည်း ဖိအားတွေ ရှိနေခဲ့တာပါ။ အခုပွဲ မှာတော့ မာဆေးလ် အတွက် ဂိုးတွေကို အာမင်း ဂူအီရီ (၂ ဂိုး)၊ အီသန် နွမ်နရီ (၁ ဂိုး) တိုက သွင်းယူပေးခဲ့ကာ လန်းစ် အတွက် တစ်လုံးတည်းသော ချေပဂိုးကို ဖိုဖာနာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက လန်းစ်ထက် ၂ မှတ် အသာနဲ့ လီဂူးဝမ်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေပါတယ်။

မာဆေးလ် ကတော့ လီဂူးဝမ်း ပွဲစဉ် ၁၉ အပြီးမှာ ရမှတ် ၃၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။ ဒါကြောင့် ရော်ဘတ်တို ဒီဇာဘီရဲ့ အသင်းက ဇယားထိပ်က ပီအက်စ်ဂျီနဲ့ ၇ မှတ်၊ လန်းစ်နဲ့ ၅ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲစလို့ ၃ မိနစ်မှာတင် မာဆေးလ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဂူအီရီက ပြိုင်ဘက် ခံစစ်ကစားသမားတွေ ကြားကနေ တိုးထွက်ပြီး ဂိုးကန်သွင်းရာမှာ လမ်းကြောင်း ပြောင်းသွားပြီး ဂိုးသမား ရော်ဘင် ရစ်ဆာကို ကျော်ကာ ဂိုးထဲ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ အာဆင်နယ် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ လူငယ်ကြယ်ပွင့် နွမ်နရီက အံ့အားသင့်ဖွယ် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ အင်္ဂလန်သားက ကွင်းလယ် ကနေ ဘောလုံးကို ဂိုးဧရိယာထဲ ဆွဲယူလာကာ ဂိုးရဲ့ ဘယ်ဘက် အောက်ထောင့်ထဲကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၇၅ မိနစ် မှာတော့ တီမိုသီ ဝီယာ့ရဲ့ ဖြတ်တင်ဘော ကနေ တစ်ဆင့် ဂူအီရီက အနီးကပ် ပိတ်သွင်းပြီး သူရဲ့ ဒုတိယမြောက်ဂိုးကို ရယူခဲ့ပါတယ်။ လန်းစ် အတွက် လူစားဝင် ကစားသမား ရိုင်ယန် ဖိုဖာနာက ချေပဂိုး တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် အချိန်မမှီတော့ပါဘူး။

 

မှတ်တမ်းအချက်အလက်များ

ဂိုးသွင်းသူ စုံလင်မှု – နွမ်နရီက မာဆေးလ် အတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ဂိုးသွင်းပေးတဲ့ ၁၉ ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။ ဒါဟာ ဥရောပ ထိပ်သီးလိဂ် ၅ ခုထဲက ပီအက်စ်ဂျီ၊ ဖရန့်ဖတ်နဲ့ ချဲလ်ဆီး တို့နဲ့ အတူ ဂိုးသွင်းသူ အစုံလင်ဆုံး မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ မာဆေးလ် အတွက်တော့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ (၂၂ ယောက်) က လွဲရင် ပြီးခဲ့တဲ့ ရာသီပေါင်း ၈၀ အတွင်း အခုလောက် ဂိုးသွင်းသူ မများဖူးပါဘူး။

အီသန် နွမ်နရီရဲ့ စွမ်းဆောင်ရည် – ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ ဒီလူငယ်လေးဟာ ဒီနေ့ပွဲမှာ သူကန်သွင်းခဲ့တဲ့ ၂ ကြိမ်စလုံး ဂိုးပေါက်တည့်ခဲ့သလို၊ တစ်ဦးချင်း ယှဉ်ပြိုင်မှု ၇ ကြိမ်မှာ ၄ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးဆွဲယူမှု (Dribbles) ၃ ကြိမ်စလုံး အောင်မြင်ခဲ့ပြီး ပွဲအတွင်း အများဆုံး ဖြစ်ခဲ့ပါတယ်။ ရလဒ်ပိုင်း ကွာဟပေမယ့် မျှော်လင့်ဂိုး (Expected Goals) အရတော့ မာဆေးလ်က ၀.၈၈ ရှိပြီး လန်းစ်က ၀.၉၁ ရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်