နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

၃ ပွဲဆက် သရေကျပြီး ချန်ပီယံ မျှော်လင့်ချက် ထိခိုက်ခဲ့ရတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ မှာတော့ မန်ချက်စတာစီးတီးက ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ သရေကျသွားခဲ့ပါတယ်။ အာဆင်နယ်ကို အမှီလိုက်ဖို့ ကြိုးစားနေတဲ့ မန်စီးတီးတို့ နောက်ဆုံး ၃ ပွဲဆက် သရေကျခဲ့တာကြောင့် ချန်ပီယံ မျှော်လင့်ချက်လည်း တဖြည်းဖြည်း လျော့ကျလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးရဲ့ အဓိက ကစားသမား တချို့ ဒဏ်ရာကြောင့် ပါဝင်လာခဲ့ခြင်း မရှိပဲ ဗဟိုခံစစ်မှာ အဲလ်လီနီနဲ့ ကူဆာနော့ဗ် တို့လို လူငယ်တွေ ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ နီကို ဂွန်ဇာလက်ဇ်၊ ရိုင်ဒါးစ်၊ ဖိုဒန် တို့နဲ့ အတူ တောင်ပံ နှစ်ဖက်မှာတော့ ဒိုကုနဲ့ ဆေးလ်ဗား တိုက်စစ်မှာတော့ ဟာလန်း ပါဝင်လာခဲ့ပါတယ်။ ဘရိုက်တန် မှာတော့ ဘယ်လီဘာ့၊ မင့်တာရ်၊ မာ့ချ် တို့ လွဲချော်ခဲ့ပေမယ့် ရက်တာကို တိုက်စစ်မှာ အထောင်ထားကာ မီတိုမာ၊ ကာဒီယိုဂလူ၊ အယာရီ၊ ဒေါ့မန်က ပြန်လာတဲ့ ဂရော့စ်နဲ့ ဗန်ဟက်ကီ၊ ဒန့်ခ်၊ ဒီကူ့ပါး၊ ဟင်ရှဲလ်ဝုဒ်၊ ဗာဘရက်ဂျန် တို့နဲ့ လူစုံခဲ့ပါတယ်။

မန်စီးတီးဟာ ဟာလန်းရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မီတိုမာက ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် မိနစ် ၆၀ မှာ ၁-၁ ဖြစ်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ မန်စီးတီးတို့ ဆက်တိုက် ဖိအားပေးခဲ့ပေမယ့်လည်း ဟာလန်းရဲ့ ကန်ချက်ကို ဗာဘရက်ဂျန် ကာကွယ်နိုင်ခဲ့သလို ချာကီရဲ့ ကန်ချက် ကိုလည်း ဂိုးပေါက်နဲ့ အနည်းငယ် လွဲချော်ခဲ့လို့ မန်စီးတီးတို့ နစ်နာခဲ့ရပါဝယ်။ ဒါ့အပြင် ဘရိုက်တန် နောက်တန်း ကလည်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့တာကြောင့် အက်တီဟတ်မှာ သရေ ၁ မှတ် အရယူကာ အိမ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၁၉၉၂-၉၃ ဘောလုံးရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုး ၁၅၀ ပြည့်ဖို့ တခြားကစားသမားတွေ လိုအပ်တဲ့ ပမာဏထက် ၂၈ ပွဲ လျော့နည်းခဲ့ပါတယ်။
ပြိုင်ပွဲစုံ ၁၇၃ ပွဲ ကစားပြီး သွင်းဂိုး ၁၅၀ ပြည့်ခဲ့တဲ့ အာလင်း ဟာလန်း

ဒီနေ့ပွဲမှာ မန်စီးတီးက တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၂၂ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ၆ ကြိမ်၊ Big Chances ၄ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဘရိုက်တန် ကတော့ ဂိုးပေါက် ကန်ချက် ၆ ကြိမ်၊ ဂိုးပေါက် တည့်မှု ၃ ကြိမ်သာ ရှိခဲ့ပေမယ့် ခံစစ်ကို အလုံခြုံဆုံး ကစားပြီး အမှတ်ခွဲယူသွားခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိ မှာတော့ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် သရေကျခဲ့ပြီး ရမှတ် ၆ မှတ် အထိ အလေအလွင့်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်သူ အာဆင်နယ်ထက် တစ်ပွဲ ပိုကစားပြီး ၅ မှတ် ကွာဟနေခဲ့သလို အကယ်၍ အာဆင်နယ်သာ လာမယ့် လစ်ဗာပူးလ်နဲ့ ပွဲကို အနိုင်ရခဲ့မယ် ဆိုရင် ၈ မှတ် အထိ ပြတ်သွားတော့မှာပါ။ ဒါကြောင့် ရာသီ ပရီးမီးယားလိဂ် ဖလားက အာဆင်နယ် လက်ထဲ ရောက်ဖို့ ရာခိုင်နှုန်း တော်တော်လေး များသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ မှာလည်း မြို့ခံ ခါးသီး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ပွဲမှာ သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့တဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ မန်စီးတီး အတွက် ပြိုင်ပွဲစုံ ၁၇၃ ပွဲ ကစားပြီး သွင်းဂိုး ၁၅၀ ပြည့်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၂-၉၃ ဘောလုံးရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုး ၁၅၀ ပြည့်ဖို့ တခြားကစားသမားတွေ လိုအပ်တဲ့ ပမာဏထက် ၂၈ ပွဲ လျော့နည်းခဲ့ပါတယ်။ အလန်ရှီးယားဟာ သွင်းဂိုး ၁၅၀ ပြည့်ဖို့ ၂၀၁ ပွဲ ကစားခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်