အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၀ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် လူငယ် ကြယ်ပွင့် ဖရန်ကို မက်စတန်တူအိုနို ကတော့ လာလီဂါ ကလပ်မှာ အချိန် အကန့်အသတ်နဲ့ ပွဲထွက်နေရလို့ စိတ်ပျက်နေကြောင်း သိရပါတယ်။ လက်ရှိမှာ အသက် ၁၈ နှစ် အ ရွယ် အာဂျင်တီးနားသားက လာမယ့် ဇန်နဝါရီမှာ ကလပ် ကနေ ထွက်ခွာဖို့ တောင်းဆိုထားကြောင်း Fichajes က ဖော်ပြပါတယ်။
ဘာစီလိုနာ တောင်ပံ ကစားသမား ရွန်နီ ဘက်ဂ်ဟီ ကတော့ နူးကမ့်ပ်မှာ သူ့ရဲ့ အနာဂတ် အတွက် တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အသက် ၂၀ အရွယ် ဆွီဒင်သား ကိုတော့ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ ဆန်းဒါးလန်း တို့က ကမ်းလှမ်းခဲ့ပေမယ့် ကစားသမား ဘက်က ပယ်ချခဲ့ကြောင်း သိရပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ထွက်ခွာဖို့ အလားအလာ ရှိတဲ့ ဂိုးသမား မာ့ခ် အန်ဒီရီ တာစတီဂျန် ကိုတော့ တော့တင်ဟမ်ဟော့စပါးက စောင့်ကြည့်နေပါတယ်။ စပါးက လက်ရှိ အသင်းရဲ့ ဂိုးသမား ဂူဂလီရယ်မို ဗစ်ကာရီယိုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ရာသီအကုန်မှာ ဇာဘီ အလွန်ဆို နေရာမှာ အစားထိုးဖို့ ယာဂန် ကလော့ပ်ကို စွဲဆောင်ခဲ့ကြောင်း Defensa Central က ဖော်ပြပါတယ်။

အသက် ၁၅ နှစ် အရွယ် နော့ဝှစ်ချ်စီးတီး တိုက်စစ်မှူး အဂျေး တာဗာရက်စ် ကတော့ ၎င်းရဲ့ ပေါ်တူဂီ ပတ်စ်ပို့တ်ကြောင့် ပြည်ပသို့ ပြောင်းရွှေ့နိုင်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ မျှော်လင့်နေကြောင်း The Sun က ဖော်ပြပါတယ်။
ဘာစီလိုနာ ကတော့ လက်ရှိမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယူရို သန်း ၃၀ သန်း (ပေါင် ၂၆.၃ သန်း၊ ဒေါ်လာ ၃၅.၂ သန်း) နဲ့ အပြီးသတ် ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း Mundo Deportivo က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ ကလပ်ရဲ့ လူသိရှင်ကြား ထောက်ခံမှု လိုအပ်တယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်မှာ ဥက္ကဋ္ဌ ကနေ ကစားသမားတွေ အထိ စည်းလုံးညီညွှတ်မှု ရှိနေတယ် လို့လည်း ပြောခဲ့ပါတယ်။ အလွန်ဆိုရဲ့ အသင်းက ဆဲလ်တာဗီဂိုနဲ့ မန်စီးတီး တို့ကို အိမ်ကွင်း နှစ်ပွဲဆက် အရေးနိမ့်ပြီးနောက် ဖိအားတွေ များလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အလာဗက်စ်နဲ့ လာလီဂါ ပွဲစဉ်၊ စပိန် ဘုရင့်ဖလား ပွဲစဉ်တွေ ကိုတော့ အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ရာသီ အဖွင့် ၁၁ ပွဲမှာ ၁၀ ပွဲ အနိုင်ရခဲ့ပေမယ့် နိုဝင်ဘာလ အတွင်း ၃ ပွဲဆက် သရေကျကာ ဆယ်လ်တာဗီဂို ကိုပါ အရေးနိမ့်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့ခဲ့ပေမယ့် အသင်းမှာ အက်ဒူယာဒို ကာမာဗင်ဂါ၊ ဒေးဗစ် အလာဘာ၊ ဖာလန်း မန်ဒီ တို့လည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


