နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီဖာရဲ့ အကောင်းဆုံးဆုတွေကို ဆွတ်ခူးခဲ့တဲ့ ဒမ်ဘီလီနဲ့ ဘွန်မာတီ

၂၀၂၅ ခုနှစ် အတွက် ဖီဖာရဲ့ The Best အကောင်းဆုံးဆုတွေ ကိုတော့ ပီအက်စ်ဂျီရဲ့ ပြင်သစ် တိုက်စစ် ကစားသမား အူစမန်နီ ဒမ်ဘီလီနဲ့ ဘာစီလိုနာက စပိန် ကွင်းလယ်လူ အီတာနာ ဘွန်မာတီတို့ ဆွတ်ခူးသွားခဲ့ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကလည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ကိုလည်း ဆွတ်ခူးထားသူတွေ ဖြစ်ပါတယ်။

အူစမန်နီ ဒမ်ဘီလီ ကတော့ အမျိုးသား အကောင်းဆုံး ဘောလုံးသမားဆုကို ပထမဦးဆုံး အကြိမ် ရရှိခဲ့တာ ဖြစ်ပြီး ဘွန်မာတီ ကတော့ ၃ နှစ် ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့ ဘာစီလိုနာနဲ့ ဘိုရပ်ရှား ဒေါ့မန် ကစားသမားဟောင်းက ပြီးခဲ့တဲ့ ရာသီမှာ လူးဝစ္စ အင်းနရစ်ခ် အသင်း အတွက် ၅၃ ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှု ၅၁ ကြိမ် အထိ ပြုလုပ်ခဲ့ပါတယ်။ ဒမ်ဘီလီက ပီအက်စ်ဂျီကို ပထမဦးဆုံး ချန်ပီယံလိဂ် ဖလား ရရှိဖို့ ကူညီပေးခဲ့ပြီးနောက် ဘာစီလိုနာက လာမင်း ယာမယ်နဲ့ ရီးရဲလ်မက်ဒရစ်က ကီလီယန် အမ်ဘာပေး တို့ကို ကျော်ဖြတ်ကာ ဒီဆုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒမ်ဘီလီ အနေနဲ့ ဖလာမင်ဂိုနဲ့ ကစားရမယ့် အင်တာကွန်တီနန်တယ်ဖလား ဗိုလ်လုပွဲ မတိုင်ခင် ဆုပေးပွဲ အခမ်းအနား ကိုလည်း တက်ရောက်သွားခဲ့ပါတယ်။

အမျိုးသား အကောင်းဆုံး ဘောလုံး အသင်းမှာ ပီအက်စ်ဂျီ ကစားသမား ၆ ဦး အထိ ပါဝင်ခဲ့ပြီး ဘာစီလိုနာက ၂ ဦး၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က တစ်ဦးစီ ရွေးချယ်ခံခဲ့ရပါတယ်။
အကောင်းဆုံး နည်းပြဆုနဲ့ ဂိုးသမားဆု ကိုလည်း ပီအက်စ်ဂျီက အန်နရီကေးနဲ့ ဒွန်နာရမ်းမားတို့ ရရှိခဲ့

ဒမ်ဘီလီ အနေနဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ အစောပိုင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ဗဟိုတိုက်စစ်မှူး အဖြစ် ပွဲထွက်ခွင့်ရပြီးနောက် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒမ်ဘီလီရဲ့ သွင်းဂိုး ၃၅ ဂိုးထဲက ၈ ဂိုးဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ဒမ်ဘီလီက ရှုံးထွက်အဆင့်မှာ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ကို အနိုင်ယူခဲ့တဲ့ ပွဲတွေ မှာလည်း အရေးပါတဲ့ ဂိုးတွေ သွင်းယူခဲ့ပါသေးတယ်။ ဒီရာသီ မှာတော့ သူက ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပီအက်စ်ဂျီ အတွက် ၃ ဂိုး သွင်းထားပြီး ၃ ဂိုး ဖန်တီးပေးထားပါတယ်။

တခြားသော အမျိုးသား အကောင်းဆုံးဆုတွေ အဖြစ် နည်းပြဆုကို ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး၊ ဂိုးသမားဆုကို လက်ရှိ မန်စီးတီးမှာ ကစားနေတဲ့ ပီအက်စ်ဂျီ ဂိုးသမားဟောင်း ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားတို့ ရရှိခဲ့ပါတယ်။ အကောင်းဆုံး သွင်းဂိုးဆု ကိုတော့ အာဂျင်တီးနား ကလပ် အင်ဒီပန်ဒီယန်တီ အသင်းက တောင်ပံကစားသမား ဆန်တီယာဂို ဂါဘရီရယ် မွန်တီယဲလ် တို့က ရရှိခဲ့ကြပါတယ်။

အမျိုးသား အကောင်းဆုံး ဘောလုံး အသင်းမှာ ပီအက်စ်ဂျီ ကစားသမား ၆ ဦး အထိ ပါဝင်ခဲ့ပြီး ဘာစီလိုနာက ၂ ဦး၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က တစ်ဦးစီ ရွေးချယ်ခံခဲ့ရပါတယ်။ တခြားသော အမျိုးသမီးဆုတွေ အဖြစ် နည်းပြဆုကို အင်္ဂလန် အမျိုးသမီး လက်ရွေးစင် အသင်း နည်းပြ ဆာရီနာ ဗိဂ်မန်း၊ ဂိုးသမားဆုကို ချဲလ်ဆီးနဲ့ အင်္ဂလန် လက်ရွေးစင် အသင်း ဂိုးသမား ဟမ်တန်၊ သွင်းဂိုးဆုကို မက္ကဆီကို ကလပ် UANL အသင်းက တောင်ပံ ကစားသမား အိုဗယ်လေတိုက ရရှိခဲ့ကြပါတယ်။ အမျိုးသမီး အကောင်းဆုံး ဘောလုံးအသင်းမှာ စပိန်နဲ့ အင်္ဂလန် ကစားသမားတွေသာ ရွေးချယ်ခံရပြီး စပိန်က ၇ ဦးနဲ့ အင်္ဂလန်က ၄ ဦး ပါဝင်ခဲ့ပါတယ်။

FIFA Fair Play Award ဆုကို ပရိသတ် တစ်ဦးရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ရေဂင်စဘတ် အသင်း ဆရာဝန် ဟားလက်စ် နူကင်း၊ Fan Award ဆုကို နေမကောင်းတဲ့ ကလေးငယ်တွေ အတွက် ကွင်းထဲ အရုပ်တွေ ပစ်ကာ လှူဒါန်းခဲ့တဲ့ အီရတ် ကလပ် ဇက်ခို အက်စီ တို့က ရရှိခဲ့ကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်