နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၆ လ အငှားနဲ့ ခေါ်ယူဖို့ ဖူးလ်ခရက်ဂျ်နဲ့ သဘောာတူညီမှု ရခဲ့တဲ့ အေစီမီလန်၊ ကိုနာတေးကို စိတ်ဝင်စားလာတဲ့ အင်တာမီလန် | စီးရီးအေ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ အတွက် ရရှိထားသမျှ စီးရီးအေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် အေစီမီလန် ကတော့ ဝက်စ်ဟမ်း တိုက်စစ်မှူး နစ်ကလပ်စ် ဖူးလ်ခရက်ဂျ်ကို ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ လက်ရှိ မှာတော့ အေစီမီလန်က ဟမ်းမားတွေနဲ့ သဘောတူညီမှု ရယူဖို့ ဆက်လက် ကြိုးပမ်းနေကြောင်း Calciomercato က ဖော်ပြပါတယ်။

လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတဲ့ သူတွေထဲမှာ ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေးလည်း ပါဝင်နေပါတယ်။ လက်ရှိမှာ ပြင်သစ်သားကို စီးရီးအေ ကလပ် အင်တာမီလန်က ဇန်နဝါရီလမှာ ခေါ်ယူဖို့ စဉ်းစားလာတယ်လို့လည်း သိရပါတယ်။ လစ်ဗာပူးလ် ကတော့ နောက်နွေရာသီမှာ ကိုနာတေးကို အလွတ်နဲ့ မဆုံးရှုံးရဖို့ ယူရို ၁၅ သန်း (ပေါင် ၁၃.၂ သန်း၊ ဒေါ်လာ ၁၇.၆ သန်း) နဲ့ ရောင်းချဖို့ အသင့် ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ပြင်သစ်သားကို စီးရီးအေ ကလပ် အင်တာမီလန်က ဇန်နဝါရီလမှာ ခေါ်ယူဖို့ စဉ်းစားလာတယ်လို့လည်း သိရပါတယ်။
လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေဆဲ ဖြစ်တဲ့ ကိုနာတေး

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ကလပ် အသင်း အနေနဲ့ ကွင်းလယ် ကစားသမား အဒမ် ဝှာတန် အတွက် ခရစ္စတယ်ပဲလေ့စ် တောင်းဆိုထားတဲ့ ယူရို ၉၀ သန်း (ပေါင် ၇၉ သန်း၊ ဒေါ်လာ ၁၀၅.၆ သန်း) ကို ပေးချေမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့တယ်လို့ Defensa Central က ဖော်ပြပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ လာမယ့် နွေရာသီ ဘာစီလိုနာနဲ့ အငှားစာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ မန်ချက်စတာယူနိုက်တက်ကို ပြန်မှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ် အနေနဲ့ မြင့်မားတဲ့ လုပ်ခလစာ လိုချင်နေတာကြောင့် ဘာစီလိုနာ ဘက်က အပြီးသတ် ခေါ်ယူဖို့ ခက်ခဲသွားကြောင်း သိရပါတယ်။

ဒေါ့မန် ကတော့ ဗဟိုနောက်ခံလူ နီကို ရှလော့တ်တာဘက်ခ် ယူရို ၅၀ သန်း (ပေါင် ၄၃.၉ သန်း၊ ဒေါ်လာ ၅၈.၇ သန်း) တောင်းဆိုဖို့ အသင့် ရှိနေပါတယ်။ ဘာစီလိုနာ ကတော့ ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ် တို့နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိကြောင်း BILD က ဖော်ပြပါတယ်။

ချားလော့တ် အက်ဖ်စီ ကတော့ အက်တလက်တီကို မက်ဒရစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပြင်သစ်သားကို ယူအေအီး အသင်း ဖြစ်တဲ့ အဲလ် ဝါဒါ ကလည်း ခေါ်ယူချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဂျူဗင်တပ်စ် တောင်ပံကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ နောက်ဆုံး အသင်း ဖြစ်ပါတယ်။ တူရကီ ကြယ်ပွင့် ကိုတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကလည်း အပြိုင်အဆိုင် စောင့်ကြည့်လျက် ရှိပါတယ်။

နွေရာသီအတွင်း ချဉ်းကပ်မှု မအောင်မြင်ခဲ့ပေမယ့် နယူးကာဆယ် ကတော့ အင်တာမီလန် ကွင်းလယ်လူ ဒေးဗစ် ဖရာတက်ဆီကို ဆက်လက် ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဒီကစားသမားကို ဂျူဗင်တပ်စ် ကလည်း ခေါ်ယူချင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ နေရာမရ ဖြစ်နေတဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား ကိုဘီ မိန်နူးကို ခေါ်ယူလိုတဲ့ ကလပ် အသင်း အနည်းဆုံး ၁၂ သင်း ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အသက် ၂၀ သာ ရှိသေးတဲ့ မိန်နူးဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ဖြစ်သလို၊ ပရိသတ်တွေ သဘောကျတဲ့ ကစားသမားလည်း ဖြစ်ပေမယ့် နည်းပြ ရူဘင် အမော်ရင် ကတော့ အရန် ကစားသမား အဖြစ်သာ အသုံးပြုနေပါတယ်။

ဒါကြောင့် မိန်နူးက ပွဲကစားချိန် ပိုရမယ့် အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပြီး လာမယ့် ဇန်နဝါရီ စျေးကွက်မှာ အငှားထွက် ကစားဖွယ် ရှိနေကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။ မိန်းနူးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ မှာတော့ ဘေယန်မြူးနစ်နဲ့ ချဲလ်ဆီးတို့ ပါဝင်နေကြောင်းလည်း သိရပါတယ်။ အမော်ရင် ကတော့ လာမယ့် ဇန်နဝါရီမှာ အငှားထွက်ကစားဖို့ မိန်နူးက တောင်းဆိုလာခဲ့ရင် လက်ခံဆွေးနွေးသွားမှာ ဖြစ်ပေမယ့် သူကတော့ အငှားချဖို့ အကြောင်း ပြောမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်