နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲဗာတန်ကို အနိုင်ယူပြီး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ ချဲလ်ဆီးက အဲဗာတန်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အန်ဇို မာရက်စ်ကာရဲ့ အသင်းက အမှတ်ပေးဇယား အဆင့် ၄ နေရာကို ယာယီ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးက ဖိုဖာနာနဲ့ ချာလိုဘာကို ဗဟိုခံစစ်မှာ ထားပြီး ကူကာရယ်လာ၊ ဂူစတို၊ အန်ဇို၊ ဂျိမ်းစ်၊ ပါးလ်မား၊ ဂါနာချို၊ နတ်တို၊ ယာအို ပက်ဒရို တို့ ပွဲထွက်လာခဲ့ပါတယ်။ အဲဗာတန် ဘက်မှာလည်း ဘရန့်ဝိတ်သ်နဲ့ ကိုးလ်မန်း တို့က လွဲလို့ လူစုံခဲ့ပြီး ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ အကောင်းဆုံး တုန့်ပြန်ကစားဖို့ ကြိုးစားခဲ့ပါတယ်။

ဘာစီလိုနာကို အနိုင်ရပြီး ကတည်းက ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ ချဲလ်ဆီးတို့ ဒီနေ့ပွဲမှာတော့ အာရုံစိုက်လာခဲ့ပြီး ပြိုင်ဘက်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ သိပ်မသိသာခဲ့ပေမယ့် တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၁၇ ကြိမ်အထိ ပြုလုပ်ကာ ၅ ကြိမ် ဂိုးပေါက်တည့်ပြီး သွင်းဂိုး ၂ ဂိုး ရခဲ့ပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်း ကလည်း ပြိုင်ဘက်ကို ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ခွင့်ပြုပေးခဲ့ရပါတယ်။ 

အချက်အလက်တွေအရ ဆိုရင် မွိုက်စ်က ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၂၁ ပွဲစလုံး နိုင်ပွဲ မရခဲ့ပါဘူး (၇ ပွဲ သရေ၊ ၁၄ ပွဲ ရှုံး)။
စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃၁ ပွဲမှာ နိုင်ပွဲ တစ်ပွဲမှ မရခဲ့တဲ့ အဲဗာတန်

ချဲလ်ဆီးဟာ ကိုးလ် ပါးမားနဲ့ မာလို ဂူစတို တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ခြင်္သေ့ပြာတွေဟာ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် အနိုင်မရမှုကို အဆုံးသတ်နိုင်ခဲ့ပြီး Top 4 ထဲ ယာယီ ဝင်လာနိုင်ခဲ့ပါတယ်။ ဧည့်သည် အဲဗာတန် ကတော့ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ပိုမို ရရှိလာခဲ့ပြီး ဂရီးလစ်ရှ်ရဲ့ Volley ကန်ချက် ဂိုး‌ပေါက်နဲ့ လွဲချော်ခဲ့သလို အီလီမန် အန်ဒီယာရီရဲ့ အနိမ့် ကန်ချက် ဂိုးတိုင်ထိမှန်ခဲ့လို့ ချဲလ်ဆီးတို့ သက်သာရာရခဲ့ပါတယ်။ 

ဒီရှုံးပွဲကြောင့် ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ပြီးတော့ အမှတ်ပေးဇယား အဆင့် ၈ နေရာကိုလည်း ရောက်ရှိသွားခဲ့ပါတယ်။ အချက်အလက်တွေအရ ဆိုရင် မွိုက်စ်က ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၂၁ ပွဲစလုံး နိုင်ပွဲ မရခဲ့ပါဘူး (၇ ပွဲ သရေ၊ ၁၄ ပွဲ ရှုံး)။ ဒေးဗစ် မွိုက်စ်ဟာ တခြားသော ကလပ် တစ်ခု ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ အဝေးကွင်းမှာ တွေ့ဆုံခဲ့တဲ့ ၂၁ ကြိမ်စလုံးလည်း နိုင်ပွဲမရခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ အဲဗာတန်ဟာ ၁၉၉၄ ခုနှစ် နောက်ပိုင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃၁ ပွဲမှာ နိုင်ပွဲ တစ်ပွဲမှ မရခဲ့ဘဲ (၁၃ ပွဲ သရေ၊ ၁၈ ပွဲရှုံး) ဂိုးမသွင်းနိုင်တဲ့ ပွဲ ကလည်း ၂၈ ပွဲ အထိ ရှိခဲ့ပါတယ်။

လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ချဲလ်ဆီးက နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ ကာဒစ်ဖ်စီးတီးနဲ့ ခရာဘောင်ဖလား ကစားရဦးမှာပါ။ အဲဗာတန် ကတော့ လာမယ့် ၂၁ ရက်နေ့မှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်