နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးမယ့် အူပါမီကာနို၊ တီမို ဗာနာကို ခေါ်ယူမယ့် အင်တာမိုင်ယာမီ | ဘွန်ဒက်စ်လီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၄ ရက်နေ့ အတွက် ရရှိထားသမျှ ဘွန်ဒက်စ်လီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ရေရှည် ပစ်မှတ် ဒါယော့တ် အူပါမီကာနို ကတော့ ဘေယန်မြူးနစ်နဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ BBC Sport ရဲ့ ဖော်ပြချက်အရ ပြင်သစ်သားဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ထက် ဘွန်ဒက်စ်လီဂါ ကလပ်မှာသာ ပျော်ရွှင်နေကြောင်းလည်း သိရပါတယ်။

အင်တာမိုင်ယာမီ ကတော့ လာမယ့် ဇန်နဝါရီမှာ နေမာကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။ မေဂျာလိဂ် ထိပ်သီး တို့ဟာ လီယွန်နယ် မက်ဆီနဲ့ တွဲဖက် ကစားနိုင်မယ့် တိုက်စစ်မှူး တစ်ယောက်ကို ဦးစားပေး ရှာဖွေနေပြီး လူးဝစ္စ ဆွာရက်ဇ်ရဲ့ အနာဂတ် ကလည်း မသေချာတော့ပါဘူး။ 

တစ်ဖက် မှာလည်း တီမို ဗာနာကို အင်တာမိုင်ယာမီက စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှူးကို အင်တာမိုင်ယာမီက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆွေးနွေးမှုတွေတောင် စတင် ပြုလုပ်နေပြီလို့ Sky Germany က ဖော်ပြပါတယ်။

အက်တလက်တီကိုမက်ဒရစ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အန်တွန် ဂရစ်ဇ်မန်း ကလည်း မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် ချိတ်ဆက်ခံနေရပါတယ်။ ဒါပေမယ့်လည်း သူ့ကို ဘရာဇီးလ် ကလပ် ဖလာမင်ဂိုက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ရီးရဲလ်မက်ဒရစ် ကသာ ကွင်းလယ်လူ ဗစ်တင်ညာ အတွက် မျက်စိကျစရာ သဘောတူညီချက် တစ်ခုနဲ့ ကမ်းလှမ်းလာရင် ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးက လက်လွှတ်သွားချင်နေပါတယ်။ တစ်ဖက် မှာလည်း ဗစ်တင်ညာ နေရာမှာ ဘာစီလိုနာက ဂါဗီနဲ့ ပြန်လည် အစားထိုးဖို့ စဉ်းစားထားပြီး ယူရို ၅၅ သန်း (ဒေါ်လာ ၆၃.၉ သန်း) နဲ့ ကမ်းလှမ်းဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှူးကို အင်တာမိုင်ယာမီက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆွေးနွေးမှုတွေတောင် စတင် ပြုလုပ်နေပြီလို့ Sky Germany က ဖော်ပြပါတယ်။
မက်ဆီနဲ့ တွဲဖက် ကစားမယ့် တိုက်စစ်ကစားသမား တစ်ဦး ရှာဖွေနေတဲ့ အင်တာမိုင်ယာမီ

ရောဘတ် လီဝမ်ဒေါစကီးဟာ ကတ်တလိုးနီးယား ကလပ်နဲ့ သက်တမ်းတိုးဖို့ အတွက် သူ့ရဲ့ ဘာစီလိုနာမှာ ရရှိနေတဲ့ နှစ်စဉ် လုပ်ခ လစာ ယူရို ၂၀ သန်း (ဒေါ်လာ ၂၃.၂ သန်း) ကို ယူရို ၁၀ သန်း အထိ ထက်ဝက် လျှော့ချဖို့ ဆန္ဒရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

အန်တိုနီယို ရူဒီဂါဟာ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေဖို့ ဆော်ဒီအာရေဗျရဲ့ အကျိုးအမြတ် များတဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။ သူဟာ မက်ဒရစ်မှာ ရရှိနေတဲ့ တစ်နှစ် လုပ်ခလစာ ယူရို ၉ သန်း (ဒေါ်လာ ၁၀.၅ သန်း)ကို ယူရို ၇ သန်း အထိ လျှော့ချပေးဖို့ ဆန္ဒရှိနေပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာစီးတီးက ရိုဒရီကို ခေါ်ယူဖို့ ဆန္ဒကို စွန့်လွှတ်ပြီး AZ အဲလ်ခမာက ကီးစမစ်နဲ့ ပဲလေ့စ်က အဒမ် ဝှာတန် တို့ကို ပြောင်းလဲ ပစ်မှတ်ထားလာပါတယ်။

ချဲလ်ဆီး ကတော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ကီနန် ယီလ်ဒစ်ဇ်ရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်လိုက်ပြီ ဖြစ်ကြောင်း အီတလီ မီဒီယာတွေက ဖော်ပြကြပါတယ်။ 

အက်တလက်တီကိုမက်ဒရစ်ကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အသင်း အတွက် အရေးပါတဲ့ ဒုတိယဂိုး သွင်းခဲ့သူ ဘာစီလိုနာ တိုက်စစ် ကစားသမား ဒန်နီ အော်လမို ကတော့ ဂိုးသွင်းဖို့ ကြိုးစားရင်း ပခုံးဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရပါတယ်။ အော်လမိုဟာ ဘာစီလိုနာကို ရောက်ရှိချိန် ကတည်းက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်