နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှင်သန်ဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်တဲ့ အမော်ရင်

ယူနိုက်တက် အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှင်သန်အောင် လုပ်ဖို့ လိုအပ်ကြောင်း ရူဘင် အမော်ရင်က အဲဗာတန်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် အပြီးမှာ ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနေ့က ပွဲစဉ်မှာ ယူနိုက်တက်က ဒုတိယပိုင်း ချေပဂိုးတွေနဲ့ ပွဲပြီးခါနီး ပင်နယ်တီခွင့်ပြုပေးရမယ့် အခြေအနေ ကနေ လွတ်မြောက်ခဲ့တာကြောင့် အိမ်ရှင် အဲဗာတန် ဆီကနေ သရေ တစ်မှတ် ခွဲယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်က ပထမပိုင်း ပွဲကစားချိန် အတွင်း ဆိုးရွားတဲ့ ခြေစွမ်းနဲ့ အတူ အဲဗာတန်ကို သွင်းဂိုး ၂ ဂိုး ခွင့်ပြုပေးခဲ့ရပြီး ဂိုးပေါက်တည့် ကန်ချက် ကလည်း တစ်ကြိမ်တောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ပိုကောင်းတဲ့ ကစားဟန်နဲ့ အတူ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က အလွတ်တည်ကန်ဘော ကနေ သွင်းဂိုး ၁ ဂိုးနဲ့ အူဂါတေးရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးတွေနဲ့ ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာ အဲဗာတန်ကို ပင်နယ်တီ ကန်ခွင့်ပြုခဲ့ရပေမယ့်လည်း VAR နဲ့ ပြန်လည် စစ်ဆေးပြီးတဲ့နောက် ပယ်ဖျက်ပေးခဲ့တာကြောင့် ယူနိုက်တက်တို့ ကံကောင်းပြီး သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့်သာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ရှုံးပွဲဆက်ရမယ့် အရေးနဲ့လည်း လွတ်မြောက်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာမှာသာ ဆက်လက် ရပ်တည်နေပြီးတော့ ၁၉၇၄ ခုနှစ်က တန်းဆင်းခဲ့တဲ့ အဆိုးရွားဆုံး မှတ်တမ်း ကိုလည်း လိုက်မှီတော့မှာ ဖြစ်ပါတယ်။
၁၉၇၄ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်းကို လိုက်မှီတော့မယ့် ယူနိုက်တက်

ပွဲအပြီး မှာတော့ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် က အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ပထမပိုင်းမှာ ကျွန်တော် တို့က ပျောက်ဆုံးနေခဲ့ပါတယ်။ ပထမပိုင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးနေတာကို ထည့်မတွက်ခဲ့ဘူး ဆိုရင် တစ်မှတ်ရတာ ကလည်း မဆိုးဘူးလို့ ပြောရပါမယ်။ ဒါပေမယ့် ကျွန်တော် တို့က အနိုင်ရဖို့ လိုအပ်ပြီး (၃)မှတ် ရဖိုလည်း လိုအပ်ပါတယ်။ အဆိုးဆုံးကတော့ ဖိအားတွေ မရှိဘဲ ဘောလုံး ဆုံးရှုံးနေတာနဲ့ ကျွန်တော်တို့ လုပ်သင့်တာကို မလုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပျော့ညံ့ခဲ့ပါတယ်။ ပထမပိုင်း ပြီးချိန်မှာ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် တစ်ပတ်လုံး လုပ်ခဲ့တာကို အပိုစွမ်းအင်တွေနဲ့ပါ လုပ်ရမယ်လို့ ပြောခဲ့တယ်။ ကစားသမားတွေရဲ့ နေရာ အနေအထားတွေ မပြောင်းလဲပါဘူး။ အရည်အသွေးတွေ ကပဲ ကွာခြားသွားခဲ့တာပါ။” လို့ အမော်ရင်က ဆိုပါတယ်။

ဆက်လက်ပြီး အမော်ရင်က “ဒီရာသီကို ရှင်သန်အောင် လုပ်ဖို လိုအပ်ပါတယ်။ ပြီးမှ ရှေ့ဆက်ဖို့ စဉ်းစားနိုင်ပါမယ်။ ကျွန်တောာ့် အနေနဲ့ အဆိုးမြင်တာတွေ ကိုပဲ ပြောချင်တာတော့ မဟုတ်ပါဘူး။ ဒုတိယပိုင်း မှာတော့ ကျွန်တော် တို့တွေ ဒီပွဲကို အနိုင်ရဖို့ နီးစပ်ခဲ့ပါတယ်။ အသင်းဟာ တိုးတက်မှုတွေ ရှိနေတယ်လို့ အကောင်းမြင်လို့ ရပေမယ့် လမ်းကြောင်းက တော်တော်လေး ဝေးနေပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အမော်ရင်က သူ့ရှေ့မှာ မြင်နေရတဲ့ ကောင်းတာတွေနဲ့ ဆိုးတာတွေအကြောင်း ပြောကြားခဲ့ပြီး အထူးသဖြင့် လေ့ကျင့်ရေးမှာ အကောင်းမြင်ချက်တွေကို မီးမောင်း ထိုးပြခဲ့ပါတယ်။ စနေနေ့ အစောပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်နဲ့ ရင်ဆိုင်ရဖိုအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့ ပါတယ်။ ပေါ်တူဂီသားက တစ်ခါတလေမှာအမော်ရင် အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက တာဝန်ယူခဲ့တဲ့ ပွဲစဉ် ၂၂ ပွဲမှာ ၉ ပွဲသာ အနိုင်ရခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ကလည်း ၉ ပွဲနဲ့ တူညီနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၄ ပွဲ သာ ရရှိထားပြီးတော့ အသင်းက အမော်ရင်ရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာမှာသာ ဆက်လက် ရပ်တည်နေပြီးတော့ ၁၉၇၄ ခုနှစ်က တန်းဆင်းခဲ့တဲ့ အဆိုးရွားဆုံး မှတ်တမ်း ကိုလည်း လိုက်မှီတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်