ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အခု ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပေါ်တူဂီ တိုက်စစ် ကစားသမား ယာအို ဖီးလစ်ကို စီးရီးအေ ကလပ် အေစီမီလန်ဆီ ရာသီကုန် အထိ အငှားချခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခဲ့ရခြင်းနဲ့ ပတ်သတ်လို့တော့ နည်းပြ အန်ဇို မာရက်စ်ကာက နောင်တရခြင်း မရှိဘူးလို့ ပြောဆိုလာခဲ့ပါတယ်။
မာရက်စ်ကာက “ကျွန်တော်တို့တွေ ယာအို ဖီးလစ်ကို လွမ်းဆွတ်နေမှာ မဟုတ်ပါဘူး။ ယာအိုက မီလန်မှာ ပျော်ရွှင်နေမှာပါ။ သူ မီလန်မှာ ပျော်ရွှင်နေလို့ ကျွန်တော် တို့လည်း ပျော်ရွှင်နေရပါတယ်။ ဈေးကွက် နောက်ဆုံးရက်မှာ တိုက်စစ်မှူး ၂ ဦး ဒဏ်ရာရခဲ့လို ခက်ခဲခဲ့ရတယ် ဆိုပေမယ့် မကြာခင်မှာပဲ နီကိုးလပ်စ် ဂျက်ဆန် ပြန်လာနိုင်တော့မှာပါ။” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ် ကစားသမား ယာအို ဖီးလစ်က ဒီရာသီမှာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၀ အထိ ကစားထားရသူပါ။ ဒါပေမယ့်လည်း ယာအို ဖီးလစ်က ၈ ပွဲ သာ ပွဲထွက် ကစားသမား အဖြစ် ကစားခဲ့ရသလို ၇ ဂိုး သွင်း ၂ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် နည်းပြ စိတ်ကြိုက် ကစားသမားတော့ မဖြစ်ခဲ့ပါဘူး။ ဒီလို အသင်းမှာ ပွဲထွက် သိပ်ပြီး ကစားခွင့် မရတဲ့ ယာအို ဖီးလစ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာ ကလည်း အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဗီလာက မားကလပ် ရက်ရှ်ဖို့ဒ်နဲ့ မားကို့စ် အဆန်စီယို တို့ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဖီးလစ်ကို လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ယာအို ဖီးလစ်ရဲ့ အပြောင်းအရွှေ့ထဲ အေစီမီလန် ဝင်ရောက်လာခဲ့ပြီး အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်ဟာ ချဲလ်ဆီး ကနေ ပူလီဆစ်၊ ဂျရူး၊ တိုမိုရီ၊ လော့တပ်စ် ချိခ် တို့ကိုလည်း ခေါ်ယူခဲ့ကာ နှစ်သင်းကြား ဆက်ဆံရေးကောင်းတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နွေရာသီက အက်တလက်တီကိုမက်ဒရစ်ရဲ့ စပိန် တိုက်စစ်မှူး အိုမိုယိုဒီယွန်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ကူး ပြောင်းပြီး အငှားနဲ့ ခေါ်ယူဖူးတဲ့ ယာအို ဖီးလစ် ကိုသာ အပြီးသတ်နဲ့ ပြောင်းလဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ယာအို ဖီးလစ်က ဒီရာသီမှာ ချဲလ်ဆီး အတွက် ခြေစွမ်းကောင်းတွေ ပြထားသည့်တိုင်အောင် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။ အဓိက ကတော့ လက်ရှိ ချဲလ်ဆီးရဲ့ တိုက်စစ်မှာ နီကိုးလပ်စ် ဂျက်ဆန်၊ ခရစ္စတိုဖာ အန်ကွန်ကူ၊ မာဒူခေး၊ ဂျေဒန် ဆန်ချို၊ မီခိုင်လို မူဒရစ်ခ် ယာအို ဖီးလစ်၊ ပက်ဒရို နက်တို၊ ဂူအီ စသဖြင့် ကစားသမား စုစုပေါင်း ၈ ဦး အထိ ရှိနေခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီလို တိုက်စစ်ကစားသမား ဖောင်းပွနေတဲ့ အခြေအနေမှာ နည်းပြ အန်ဇို မာရက်စ်ကာက အလှည့်ကျ လူထုတ်ပုံ စနစ်ကိုသာ အသုံးပြုနေရပြီး ယာအို ဖီးလစ် ကတော့ ပြည်တွင်း ရှုံးထွက် ပွဲစဉ်တွေနဲ့ ကွန်းဖရင့်လိဂ် ပွဲစဉ်တွေမှာသာ အများဆုံး ကစားခဲ့ရတာ ဖြစ်ပါတယ်။
ယာအို ဖီးလစ်ဟာ အရင်ကလည်း သူ့အနေနဲ့ ပရီးမီးယားလိဂ်လို အဓိက ပြိုင်ပွဲကြီးတွေမှာ ပွဲထွက်ကစားခွင့်မရလို့ စိတ်ပျက်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဖီးလစ်က အေစီမီလန် အတွက် ၂ ပွဲ ပါဝင် ကစားထားရာမှာ ၁ ဂိုး သွင်းထားပြီး ခြေစွမ်းလည်း ပြနေတာကြောင့် အသင်းနဲ့ ကစားသမား အတွက် နှစ်ဦး နှစ်ဖက် မှန်ကန်တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့ပြီလို့ပဲ ဆိုရတော့မှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.