ကလပ် ဘရုဂေး – အတ္တလန္တာ
ဒီတစ်ပတ် ကြာဿပတေး မနက် အစောပိုင်းမှာလည်း ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ကလပ် ဘရုဂေးက အတ္တလန္တာနဲ့ ရင်ဆိုင်ရမှာပါ။
ကလပ် ဘရုဂေးက နောက်ဆုံး ပွဲမှာ မန်စီးတီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် တစ်ဖက်မှာ သူ့ထက်ပိုပြီး ရလဒ်ဆိုးခဲ့တဲ့ အသင်းတွေ ရှိခဲ့တာကြောင့် ကံကောင်းထောက်မစွာနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်ကို ပါလာခဲ့တာ ဖြစ်ပါတယ်။ ကလပ် ဘရုဂေးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဉ် ၂၄ ပွဲမှာ မန်စီးတီးနဲ့ အန့်ဝပ် နှစ်သင်း ကိုသာ အရေးနိမ့်ခဲ့ပြီး ကျန် ပွဲအားလုံး ရလဒ်ကောင်းခဲ့တာ တွေ့ရပါတယ်။ ကလပ် ဘရုဂေးဟာ ခြေစွမ်းပိုင်း အရ အကောင်းကြီး မဟုတ်ပေမယ့် ကစားရခက်တဲ့ အသင်း တစ်သင်း အဖြစ် သတ်မှတ်လို့ ရပြီး ဒီရာသီ အိမ်ကွင်း ရလဒ်လည်း ကောင်းနေပါတယ်။
အတ္တလန္တာ ကတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းခွင့်နဲ့ သီသီလေး လွဲခဲ့ပြီး ပလေးအော့ဖ် ကစားရဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂတ်စ်ပီရီနီရဲ့ အသင်းက နောက်ပိုင်း ပွဲတွေမှာ ခြေပြန်ကျနေပြီးတော့ နိုင်ပွဲထက် ရှုံးပွဲနဲ့ သရေပွဲတွေ များနေပါတယ်။ အတ္တလန္တာက စီးရီးအေ ကိုလည်း အာရုံစိုက်နေရသလို တခြားသော ပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းဖို့ ကြိုးစားနေရလို့ ဗျာများနေပုံ ရပါတယ်။ အတ္တလန္တာက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ဆိုရင် နိုင်ပွဲ ၂ ပွဲသာ ရှိခဲ့ပြီး သရေ ၂ ပွဲ ရှုံးပွဲ ၁ ပွဲ ရှိခဲ့ကာ ဘိုလော့ဂ်နာကို ရှုံးပြီးလည်း ကိုပါအီတလီယာ ကနေ ထွက်ခွာထားခဲ့ရပါတယ်။ အဓိက ကတော့ အတ္တလန္တာမှာ ဒဏ်ရာရ ကစားသမား များပြားနေတာ ဖြစ်ပြီး အခု ပွဲကိုလည်း တောင့်တင်းတဲ့ လူစာရင်းနဲ့ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ကလပ် ဘရုဂေး ဘက်မှာ ဒဏ်ရာပြဿနာ ကင်းစင်နေပြီးတော့ အတ္တလန္တာ ဘက်မှာတော့ အဒမ်မိုလာ လွတ်ခ်မန်း၊ မာလ်ဒီနီ၊ ဆကမ်မက်ကာ၊ စကယ်လ်ဗီနီ၊ ကာနက်ဆက်ချီ၊ ကော့ဆူနူ၊ ကိုလာဆီနက်ချ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

ကလပ် ဘရုဂေး – မစ်ဂ်နိုလတ်၊ ဆေးစ်၊ မစ်ချယ်လီ၊ အော်ဒိုနက်ဇ်၊ ဒီကိုင်ပါ၊ ဂျာရှာရီ၊ အွန်ရီဒီကာ၊ တဲလ်ဘီ၊ ဗနာကန်၊ ဇိုလစ်၊ ဂျတ်ကလာ
အတ္တလန္တာ – ပက်ထရီစီယို၊ ပေါ့ရှ်၊ ဟိန်း၊ ဂျင်မ်စီတီ၊ ဘယ်လာနိုဗာ၊ အီဒါဆင်၊ ဒီရွန်၊ ရူဂါရီ၊ ဒီကတ်တယ်လာရီ၊ ပါဆာလစ်၊ ရက်တီဂူအီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက အခုမှ ပထမဦးဆုံး အကြိမ် တွေ့ဆုံကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ကလပ် ဘရုဂေးက ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီးတော့ အတ္တလန္တာ ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ကလပ် ဘရုဂေး နိုင်ရင် ၃.၂၅ ဆ၊ အတ္တလန္တာ နိုင်ရင် ၂.၁၁ ဆ၊ သရေ ဆိုရင်တော့ ၃.၁၃ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အတ္တလန္တာ ဘက်က ခပ်ပါးပါး ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးနဲ့ အထက် ဆိုရင် ပျော်ရွှင်ရမှာပါ။ ကလပ် ဘရုဂေးက အိမ်ကွင်း ကစားပုံ ကောင်းတဲ့ အသင်း ဖြစ်လို့ အတ္တလန္တာ အတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ ဂိုးပေါင်း အောက်နဲ့ အတ္တလန္တာ ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ကလပ် ဘရုဂေး ၀-၁ အတ္တလန္တာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.