နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်စစ်မှူး အဖြစ် မကစားတတ်တဲ့ အမ်ဘာပေးကို ပရိသတ်တွေ အနေနဲ့ နားလည်ပေးရမယ်လို့ ဆိုလိုက်တဲ့ ရော်နယ်ဒို | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကစားသမား ကီလီယန် အမ်ဘာပေးဟာ တိုက်စစ်မှူး အဖြစ် ဘယ်လိုမျိုး ကစားရမလဲ ဆိုတာ မသိတာကြောင့် ပရိသတ်တွေ အနေနဲ့ နားလည်ပေးဖို့ လိုအပ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

ပေါ်တူဂီ နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးနဲ့ ပတ်သတ်လို့ အင်တာဗျူး တစ်ခုမှာ အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ တိုက်စစ်မှူး အဖြစ် မည်သို့မည်ပုံ ကစားရမလဲ ဆိုတာ မသိပေမယ့်လည်း လာလီဂါ ကလပ်မှာ‌ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါသေးတယ်။ 

ရော်နယ်ဒိုက “ကျွန်တော်သာ ရီးရဲလ်မက်ဒရစ်မှာ ဆိုရင် သူ့ကို နံပါတ် ၉ တိုက်စစ်မှူး အဖြစ် ဘယ်လို ကစားရမလဲ ဆိုတာ သင်ကြား ပြသပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က တိုက်စစ်မှူး မဟုတ်ပေမယ့် တိုက်စစ်မှူး အဖြစ် ကစားခဲ့ရတာကြောင့်ပါ။ ကျွန်တော် အဲဒါကို ကျင့်သားရအောင် ကစားခဲ့ရပေမယ့် ကျွန်တော်ဟာ တောင်ပံ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ လူတွေက ဒါကို မေ့နေကြပါတယ်။ ကျွန်တော်ဟာ ရှေ့တန်းကစားသမား တစ်ယောက် ဖြစ်ပေမယ့် သာမန် တိုက်စစ်မှူး တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ အမ်ဘာပေးလည်း သာမန် တိုက်စစ်မှူး တစ်ယောက် မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ သူ့နည်း သူ့ဟန်နဲ့ ကစားရမယ်။ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် ကျွန်တော်ဟာ ခရစ္စတီယာနိုလို အနည်းနဲ့ အများ ကစားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အဆိုပါ အင်တာဗျူးမှာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြန်သွားဖွယ် ရှိကြောင်းလည်း ဝန်ခံခဲ့ပါသေးတယ်။
ကစားသမားဘဝ သွင်းဂိုး ၉၂၃ ဂိုး သွင်းယူထားနိုင်ပြီ ဖြစ်တဲ့ ရော်နယ်ဒို

စပို့တင်းလစ္စဘွန်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ၂၀၀၃ ခုနှစ် ကနေ ၂၀၀၉ ခုနှစ် အထိ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့ပါတယ်။ ရော်နယ်ဒိုက ပထမတစ်ကြိမ် ယူနိုက်တက်မှာ ကစားခဲ့စဉ်က ပွဲပေါင်း ၂၇၀ မှာ ၁၀၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘယ်လွန်ဒေါလည်း ရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ် မှာတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို အဲဒီအချိန်က စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ပွဲပေါင်း ၄၃၈ ပွဲ ကစားကာ သွင်းဂိုး ကတော့ ၄၅၀ အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်မှာ ဘယ်လွန်ဒေါဆု ၄ ကြိမ် ထပ်ရခဲ့သလို ချန်ပီယံလိဂ် အပါအဝင် ကစားသမားဘဝ အမြင့်ဆုံး ဆုဖလား အောင်မြင်မှု များစွာလည်း ရရှိခဲ့ပါတယ်။

အဲဒီနောက် ရော်နယ်ဒိုက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့သလို ယူနိုက်တက်ကို တကျော့ပြန် ရောက်ရှိခဲ့ပြီး ဂိုးတွေ ဆက်သွင်းနိုင်ခဲ့ပေမယ့် ဆုဖလား အောင်မြင်မှု မယ်မယ်ရရ မရရှိခဲ့ပါဘူး။ ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာကို ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိ အချိန်ထိ ပွဲပေါင်း ၉၅ ပွဲ ကစားထားကာ ၈၆ ဂိုး သွင်းယူထားပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၉၂၃ ဂိုး အထိ ရရှိထားခဲ့ပြီး သူ့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့လည်း နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အဆိုပါ အင်တာဗျူးမှာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြန်သွားဖွယ် ရှိကြောင်းလည်း ဝန်ခံခဲ့ပါသေးတယ်။ “ကျွန်တော် ဖလော်ရန်တီနို (ပီရက်ဇ်)နဲ့ အဆက်အသွယ် ရှိနေတုန်းပါပဲ။ တစ်နေ့နေ့မှာ ဒီအသင်းရဲ့ အစိတ်အပိုင်း ပြန်ဖြစ်နိုင်တယ် ဆိုတာကို ကျွန်တော် မငြင်းဆန်ပါဘူး။ လို့ ရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီ အကုန်မှာ အဲလ်နာဆာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး မကြာခင်မှာတော့ သက်တမ်းတိုးဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကယ်၍ ရော်နယ်ဒို တစ်ယောက် အဲလ်နာဆာနဲ့ သက်တမ်းတိုးဖြစ်ခဲ့မယ် ဆိုရင်တော့ ကမ္ဘာ့ လုပ်ခလစာ အများဆုံး အဖြစ် ဆက်လက် ရပ်တည်နေနိုင်ဦးမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်