ကိုလံဘီယာ – ဘရာဇီးလ်
ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စုရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ကိုလံဘီယာနဲ့ ဘရာဇီးလ် ကစားမယ့် ပွဲစဉ် ရှိနေပါတယ်။
ဘရာဇီးလ်ဟာ ကြာသပတေးနေ့ည မက်ထရိုပိုလီတာနို ရောဘတ်တို မီလန်ဒက်ဇ်ကွင်းမှာ ကိုလံဘီယာကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး အုပ်စု ဒုတိယနေရာကို တက်လှမ်းနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကိုလံဘီယာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲစလုံးမှာ သရေကျခဲ့ပြီးနောက် ရမှတ် ၆ မှတ်နဲ့ အုပ်စု အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဘရာဇီးလ် ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာ ကစားခဲ့တဲ့ ခြေစစ်ပွဲ ၂ ပွဲစလုံးမှာ နိုင်ပွဲ မရခဲ့ဘဲ ဗင်နီဇွဲလားနဲ့ သရေ၊ ဥရုဂွေး ကိုတော့ ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား ဝင်ခွင့် တောင်အမေရိကဇုန် အုပ်စုကို ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ကိုလံဘီယာ ဘက်မှာ ဟားမက်စ် ရိုဒရီဂက်ဇ် အစာအိမ်ဝေဒနာကြောင့် ပါဝင်ကစားပေးဖို့ မရေမရာ ဖြစ်နေပြီး ကျန်ကစားသမားတွေ ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

ကိုလံဘီယာ – မွန်တီရို၊ မော့စ်ကီရာ၊ ကျူစတာ၊ ဆန်းချက်ဇ်၊ မာချာဒို၊ ကက်စတာနို၊ အူရိုက်ဘ်၊ အေးရီးယက်စ်၊ ဟားမက်စ် ရိုဒရီဂက်ဇ်၊ ဒီယက်ဇ်၊ ဘော်ရီ
ဘရာဇီးလ် – အယ်လစ်ဆန်၊ ရိုင်ရယ်၊ မာကွင်ညို့စ်၊ ဂါဘရီယဲလ်၊ ဩဂတ်စတို၊ လူးဝစ်ဇ်၊ ဂီမာရေးစ်၊ ရိုဒရီဂို၊ ဗင်နီးရှပ်စ် ဂျူနီယာ၊ ပေါ်လင်ဟို၊ ရာဖင်ညာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်




နောက်ဆုံး တွေ့ဆုံမှု ၁၁ ကြိမ်မှာ ကိုလံဘီယာတို့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ဘရာဇီးလ် ကတော့ ၆ ကြိမ် နိုင်ကာ ၄ ပွဲ သရေကျခဲ့ပါတယ်။ ကိုလံဘီယာတို့ ဘရာဇီးလ်ကို ၂၀၁၅ ခုနှစ်က နောက်ဆုံး အကြိမ် အနိုင်ရပြီး ကတည်းက နောက်ပိုင်းမှာ တောက်လျောက် အသာစီးမရတော့တာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ဘရာဇီးလ်က ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲ သရေကျခဲ့ပြီး ကိုလံဘီယာ ကတော့ ၂ ပွဲနိုင်ကာ ၃ ပွဲ သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ ကိုလံဘီယာ နိုင်ရင် ၂.၈၇ ဆ၊ ဘရာဇီးလ် နိုင်ရင် ၂.၂၀ ဆနဲ့ သရေ ဆိုရင် ၃.၁၅ ဆပါ။ Handicap မှာ ဘရာဇီးလ်က သရေ အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး သရေပါ။ ကိုလံဘီယာ အသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရဖို့ လိုအပ်နေပေမယ့်လည်း ဘရာဇီးလ်က ဒဏ်ရာရထားတဲ့ ကျားနာ တစ်ကောင် ဖြစ်နေပြီး ကိုလံဘီယာဟာ သမိုင်းကြောင်း တလျှောက် ကမ္ဘာ့ဖလား ဝင်ခွင့် အဆင့်မှာ ဘရာဇီးလ်ကို အနိုင်မရဖူးပါဘူး။ ဒီပွဲစဉ် မှာလည်း အကောင်းဆုံး ပုံစံ မရှိနေတဲ့ ဘရာဇီးလ်ကို အနိုင်ကစားနိုင်ဖို့ မလွယ်ကူဘဲ မထင်မှတ်ပဲ သရေရလဒ် ထွက်ပေါ်နိုင်ပါတယ်။ ဘရာဇီးလ် နိုင်ရင်လည်း ၀-၁ လောက်နဲ့ပဲ ကပ်နိုင်သွားဖွယ် ရှိပါတယ်။
ခန့်မှန်းရလဒ်
ကိုလံဘီယာ ၀-၁ ဘရာဇီးလ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.